Local News

လိမ်ပြီ .. လိမ်ပြီ.. ကမ္ဘာကို လိမ်ပြီ မြန်မာပြည်ရဲ့ အသံတိတ်သပိတ်သတင်းတွေက ဒီနေ့ ကမ္ဘာကျော်သွားပါပြီ

လိမ်ပြီ .. လိမ်ပြီ.. ကမ္ဘာကို လိမ်ပြီ မြန်မာပြည်ရဲ့ အသံတိတ်သပိတ်သတင်းတွေက ဒီနေ့ ကမ္ဘာကျော်သွားပါပြီ

ဒီနေ့ အသံတိတ်သပိတ်က စစ်ကောင်စီကို အတော်ထိတာပဲ..။

မြန်မာပြည်ရဲ့ အသံတိတ်သပိတ်သတင်းတွေက ဒီနေ့ ကမ္ဘာကျော်တယ်။

စစ်တပ်က ပြည်သူကိုအစုလိုက်အပြုံလိုက် သတ်ဖြတ်လို့ ဒီနေ့ အသံတိတ်သပိတ်နဲ့ ဆန္ဒပြတယ် ဆိုတဲ့အကြောင်းက ဒီလိုကမ္ဘာကျော်သွားတဲ့အတွက် စစ်တပ်က လိမ်ညာဖြေရှင်းနေရပြီ။

စစ်ကိုင်းသတင်းက သတင်း အတုတွေပါတဲ့။ရွာသူရွာသားတွေက မီးလောင်ကျွမ်းထားတဲ့ ရုပ်အလောင်း ၁၁ ခုကို စစ်သားတွေက ဝိုင်းသတ်တယ်ဆိုတာ သက်သက်စွပ်စွဲတာပါတဲ့။

“ပြည်တွင်းနဲ့ နိုင်ငံတကာ ချိတ်ဆက်ပြီး ပူးပေါင်းကြံစည်တာကြောင့် ဆိုရှယ်မီဒီယာမှာ အဲ့ဒီ့ ဗီဒီယိုဟာ ချက်ချင်းဆိုသလိုကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့သွားခဲ့ပါတယ်” လို အစီရင်ခံစာမှာရေးထားတယ်။

“နိုင်ငံကို ဖျက်ဆီးတဲ့ မီဒီယာ” လို့ သူတို့က ရန်တွေ့ထားတယ်။

မြန်မာလုံခြုံရေးတပ်ဖွဲ့တွေက အစုလိုက်အပြုံလိုက် သတ်ဖြတ်တယ်ဆိုတာ သတင်းအတုလို့ အပ်ကြောင်းထပ်ပြီး ဖြေရှင်းထားတယ်။

“ငွေအမြောက်အမြားသုံးစွဲပြီး သတင်းမှားတွေကို လူမှုမီဒီယာတစ်လျှောက် ပြည်တွင်းရော နိုင်ငံတကာမှာပါ ပျံ့နှံ့စေဖို့ နည်းပညာတွေနဲ့ ပေါင်းပြီး ကြံစည်မှုတစ်ခုရှိနေတယ်” လို့ သူတို့ကပြန်စွပ်စွဲလိုက်သေးတယ်။

မြန်မာနိုင်ငံက လွတ်လပ်တဲ့ သတင်းမီဒီယာတွေကတော့ မျက်မြင်သက်သတွေနဲ့ ဒေသခံတွေကို တွေ့ဆုံမေးမြန်းပြီးမှတ်တမ်းထုတ်ခဲ့တာပါလို့ သတင်းထဲဖြည့်ရေးထားတယ်။

သနားစရာပဲ..။
ငါတို့ဆီမှာ သူတို့ မသိသေးတဲ့ သက်သေလုံလုံလောက်လောက်ရှိနေတယ်ဆိုတာ မသိပဲ ခပ်တည်တည်နဲ့ လိမ်နေတယ်။

မရွှေမိုး- ကိုရီးယား
December 10th,2021.

Zawgyi











သနားစရာပဲ..။

မရွှေမိုး- ကိုရီးယား
December 10th,2021.

About the author

admin

Add Comment

Click here to post a comment

Recent Comments

No comments to show.