Local News

လုယူခိုးဝှက်ခံရသော ၂၀၂၀ ရွေးကောက်ပွဲ

လုယူခိုးဝှက်ခံရသော ၂၀၂၀ ရွေးကောက်ပွဲ

၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲက ၁ နှစ်မြောက်လာခဲ့သော်လည်း မဲဆန္ဒရှင်များ၏ လို လားချက်များကမူ လက်နက်အားကိုးဖြင့် ခိုးဝှက်ခံခဲ့ကြရသည်။

လွန်ခဲ့သည့် တနှစ်က ယနေ့အချိန်တွင် COVID-19 ကူးစက်မှု မြင့်တက်နေသည့်တိုင် သန်းနှင့်ချီသော နိုင်ငံ သားများက ရဲရင့်စွာ အိမ်ပြင်ထွက်လာခဲ့ပြီး သူတို့၏ ဆန္ဒမဲများကို ပေးခဲ့ကြသည်။

မဲပေးခွင့်ရသူ ၃၈ သန်းအနက် ၂၇ သန်း မဲပေးခဲ့သည်။ အများစုက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက် မဲပေးခဲ့သကဲ့သို့ ကျန်သူများကလည်း လွတ်လပ်စွာရွေးချယ်မဲပေးကြသည်။

တနည်းအားဖြင့်ဆိုရပါက နိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို နောက်ထပ် ၅ နှစ် ဆက်လက်လုပ်ကိုင်ရန် ထိုပါတီကို အခွင့်အာဏာပေးကြောင်း ၎င်းတို့၏ ဆန္ဒမဲများမှ တဆင့် ကမ္ဘာကို ပြသလိုက်ခြင်းပင်။

သို့သော် စစ်တပ်သည် မဲလိမ်ညာမှု ရှိသည်ဟု ယနေ့ထိ သက်သေအထောက်အထား ခိုင်လုံစွာ မပြနိုင်ဘဲ တရားမဝင် အာဏာသိမ်းခဲ့ကြသည်။ သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့အပါအဝင် နိုင်ငံရေးခေါင်းဆောင် အများအပြားကို ဖမ်းဆီးပြီး မဟုတ်တန်းတရား စွဲဆိုသည်။

ယင်းလုပ်ရပ်ကို ပြည်တွင်းပြည်ပရှိ အစိုးရများနှင့် ပြည်သူလူထုက လက်မခံဘဲ ဆန့်ကျင်ကန့်ကွက်နေကြပြီး ၂၀၂၀ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုရန် တောင်းဆိုနေကြသည်။

ထိုသမိုင်းဝင်နေ့ရက် တနှစ်ပတ်လည်သည့် အထိမ်း အမှတ်အနေဖြင့် ရွေးကောက်ပွဲနေ့နှင့် ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုရန် စစ်အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြပွဲအတွင်း တောင်းဆိုနေပုံများအား ပြန် လည်ဖော်ပြလိုက်ပါသည်။

Photo Essay
Ref ဧရာဝတီ

About the author

admin

Add Comment

Click here to post a comment