Local News

လုံခြုံရေးအရ စခန်းကနေ ထွက်ခွာခဲ့ရပေမယ့် အဲ့ဒီနေရာလေးက အမှတ်တရပေါင်း များစွာကိုပြောပြလာတဲ့ထားထက်ထက်

လုံခြုံရေးအရ စခန်းကနေ ထွက်ခွာခဲ့ရပေမယ့် အဲ့ဒီနေရာလေးက အမှတ်တရပေါင်း များစွာကိုပြောပြလာတဲ့ထားထက်ထက်

လွန်ခဲ့တဲ့ ရက်ပိုင်းက ကျွန်မတို့ စတည်ခဲ့တဲ့ စခန်းရဲ့
အပါတ်စဉ် (၃) သင်တန်းဆင်းပွဲ ကို ပြန်သွားဖြစ်ခဲ့ပါတယ်…

လုံခြုံရေးအရ စခန်းကနေ ထွက်ခွါခဲ့ရပေမယ့် အဲ့ဒီနေရာလေးက အမှတ်တရပေါင်း များစွာနဲ့ပါ နံနက်လင်းချိန် သွေးသစ္စာသီချင်းဆိုပြီးတာနဲ့ ရတဲ့ ၁၀ မိနစ်လောက်ကို ရအောင်ပြန်အိပ်ကြတဲ့ ကိုတယောတို့ အိုင်တီတို့ စတဲ့ ညီအကို တွေ..အိမ်သာ ၃ ခန်း ကို လူ ၆၀ လောက် တန်းစီ ကြရတာတွေ။

ကျွန်မက မျက်နှာသစ်ဖို့ ရေဖွင့်ရင်း ပိုက်ပြုတ်ပြီး တကိုယ်လုံးရွှဲကုန်တာကို လှမ်းရယ်နေတဲ့ ကိုတယော… ပြုတ်နေတဲ့ ရေပိုက် ကို ဆက်လိုက် ၊ နောက်တနေရာက ထပ်ပြုတ်လိုက် ၊ ထပ်ဆက်လိုက် ဖြစ်ခဲ့ရတာတွေ…

ဖုန်းတွေရဲ့ နှိုးစက်ကြောင့် အမြဲ ဘူနေတဲ့ ဆရာမဒုစရိုက် တဲဟောင်း နဲ့ ကျိုးကြီး ကျိုးလေးတို့ အဖွဲ့တွေ… ပြောရရင် မကုန်တော့ပါဘူး… တစ်ယောက်ချင်းစီက အစ အသေးစိတ် အမှတ်တရရှိပါတယ်…

အမြဲ ပြန်တွေးဖြစ်နေတဲ့ မိသားစုလို နေရာဟောင်းလေး ဆီ ပြန်ရတဲ့ အခါ နွေးထွေးသလို တိုးတက်မှုတွေကြောင့် အမြဲ ကျေနပ်ရတဲ့ နေရာလေး…

သင်တန်း အပါတ်စဉ် ၃ ခု ရှိခဲ့ပြီ …လေ့ကျင့်ပေးပြီးသူ ထောင်ဂဏန်း နီးပါးရှိခဲ့ပြီ …PDF တပ်တော် က အသိ အမှတ်ပြု ရဲဘော်ကြီးတွေ အပြင် သင်တန်းနည််းပြ ပြန်ဖြစ်နေပြီဖြစ်တဲ့ ဂုဏ်ယူစရာ ရှေ့အပါတ်စဉ်တွေက ထူးချွန်ရဲဘော်တွေ… အိမ်နဲ့ဝေးနေပေမယ့် မိသားစုဆီ ပြန်ရောက်ရသလို နွေးထွေးစွာ ကြိုကြတဲ့ အကို ၊ မောင် ၊ အမ ၊ ညီမ ၊ နှမ တွေကျေးဇူးတင် ချစ်ခင်ရပါတယ် …

ကျွန်မ ထွက်လာခဲ့တဲ့ အခါ မိုးရိက္ခာ နဲ့ ရံပုံငွေ နိုင်သလောက် ထောက်တယ် ဆိုပေမယ့် မောင်လေး Dr. Ready နဲ့ မောင်လေး ခေါခေါ တို့ရဲ့ ရံပုံငွေရရှိရေး ကြိုးစားမှု ကြောင့် စခန်းဟာ ကျွန်မတို့ရှိစဉ်ကထက် ပိုပြီးတိုးတက်လာခဲ့တယ်…

လေးစားကျေးဇူးတင် ဂုဏ်ပြုတယ်နော် ငါ့မောင်တို့…( စိတ်ထဲ အမြဲရှိပါတယ် ) ရုံးအဖွဲ့ ကလဲ တကယ်ကို တိုးတက်အောင် စီမံခန့်ခွဲနိုင်ခဲ့သလို သူတို့ နောက်က ဆက်ခံတဲ့ ရုံးအဖွဲ့သစ်ကို စနစ်တကျ လွှဲပြောင်းလက်ခံ လုပ်ပေးခဲ့တာကလဲ ဂုဏ်ယူစရာကောင်းပါတယ်…

Zawgyi

လုံၿခဳံေရးအရ စခန္းကေန ထြက္ခြာခဲ့ရေပမယ့္ အဲ့ဒီေနရာေလးက အမွတ္တရေပါင္း မ်ားစြာကိုေျပာျပလာတဲ့ထားထက္ထက္

လြန္ခဲ့တဲ့ ရက္ပိုင္းက ကြၽန္မတို႔ စတည္ခဲ့တဲ့ စခန္းရဲ႕
အပါတ္စဥ္ (၃) သင္တန္းဆင္းပြဲ ကို ျပန္သြားျဖစ္ခဲ့ပါတယ္

လုံၿခဳံေရးအရ စခန္းကေန ထြက္ခြါခဲ့ရေပမယ့္ အဲ့ဒီေနရာေလးက အမွတ္တရေပါင္း မ်ားစြာနဲ႕ပါ နံနက္လင္းခ်ိန္ ေသြးသစၥာသီခ်င္းဆိုၿပီးတာနဲ႕ ရတဲ့ ၁၀ မိနစ္ေလာက္ကို ရေအာင္ျပန္အိပ္ၾကတဲ့ ကိုတေယာတို႔ အိုင္တီတို႔ စတဲ့ ညီအကို ေတြ..အိမ္သာ ၃ ခန္း ကို လူ ၆၀ ေလာက္ တန္းစီ ၾကရတာေတြ။

ကြၽန္မက မ်က္ႏွာသစ္ဖို႔ ေရဖြင့္ရင္း ပိုက္ျပဳတ္ၿပီး တကိုယ္လုံး႐ႊဲကုန္တာကို လွမ္းရယ္ေနတဲ့ ကိုတေယာ ျပဳတ္ေနတဲ့ ေရပိုက္ ကို ဆက္လိုက္ ၊ ေနာက္တေနရာက ထပ္ျပဳတ္လိုက္ ၊ ထပ္ဆက္လိုက္ ျဖစ္ခဲ့ရတာေတြ

ဖုန္းေတြရဲ႕ ႏွိုးစက္ေၾကာင့္ အၿမဲ ဘူေနတဲ့ ဆရာမဒုစရိုက္ တဲေဟာင္း နဲ႕ က်ိဳးႀကီး က်ိဳးေလးတို႔ အဖြဲ႕ေတြ… ေျပာရရင္ မကုန္ေတာ့ပါဘူး… တစ္ေယာက္ခ်င္းစီက အစ အေသးစိတ္ အမွတ္တရရွိပါတယ္

အၿမဲ ျပန္ေတြးျဖစ္ေနတဲ့ မိသားစုလို ေနရာေဟာင္းေလး ဆီ ျပန္ရတဲ့ အခါ ႏြေးေထြးသလို တိုးတက္မႈေတြေၾကာင့္ အၿမဲ ေက်နပ္ရတဲ့ ေနရာေလး…

သင္တန္း အပါတ္စဥ္ ၃ ခု ရွိခဲ့ၿပီ ေလ့က်င့္ေပးၿပီးသူ ေထာင္ဂဏန္း နီးပါးရွိခဲ့ၿပီ …PDF တပ္ေတာ္ က အသိ အမွတ္ျပဳ ရဲေဘာ္ႀကီးေတြ အျပင္ သင္တန္းနည္္းျပ ျပန္ျဖစ္ေနၿပီျဖစ္တဲ့ ဂုဏ္ယူစရာ ေရွ႕အပါတ္စဥ္ေတြက ထူးခြၽန္ရဲေဘာ္ေတြ… အိမ္နဲ႕ေဝးေနေပမယ့္ မိသားစုဆီ ျပန္ေရာက္ရသလို ႏြေးေထြးစြာ ႀကိဳၾကတဲ့ အကို ၊ ေမာင္ ၊ အမ ၊ ညီမ ၊ ႏွမ ေတြေက်းဇူးတင္ ခ်စ္ခင္ရပါတယ္

ကြၽန္မ ထြက္လာခဲ့တဲ့ အခါ မိုးရိကၡာ နဲ႕ ရံပုံေငြ နိုင္သေလာက္ ေထာက္တယ္ ဆိုေပမယ့္ ေမာင္ေလး Dr. Ready နဲ႕ ေမာင္ေလး ေခါေခါ တို႔ရဲ႕ ရံပုံေငြရရွိေရး ႀကိဳးစားမႈ ေၾကာင့္ စခန္းဟာ ကြၽန္မတို႔ရွိစဥ္ကထက္ ပိုၿပီးတိုးတက္လာခဲ့တယ္…

ေလးစားေက်းဇူးတင္ ဂုဏ္ျပဳတယ္ေနာ္ ငါ့ေမာင္တို႔…( စိတ္ထဲ အၿမဲရွိပါတယ္ ) ႐ုံးအဖြဲ႕ ကလဲ တကယ္ကို တိုးတက္ေအာင္ စီမံခန့္ခြဲနိုင္ခဲ့သလို သူတို႔ ေနာက္က ဆက္ခံတဲ့ ႐ုံးအဖြဲ႕သစ္ကို စနစ္တက် လႊဲေျပာင္းလက္ခံ လုပ္ေပးခဲ့တာကလဲ ဂုဏ္ယူစရာေကာင္းပါတယ္…

About the author

admin

Add Comment

Click here to post a comment