Local News

“လူကကြမ်းလာလေ အသဲကပိုလို့တောင်နုလာလေ”ဖြစ်နေပြီလို့ သတင်းပါးလိုက်တဲ့ ကိုကျော်သက်လင်း

ကျနော် အားလုံးကိုနားလည်ပါတယ်။

ဒီကာလအပိုင်းအခြားမှာ ဖြစ်နေတဲ့ကျနော့်ရဲ့စိတ်ခံစားချက်ကို အတတ်နိုင်ဆုံးနှိမ့်ချရင်း ခြိုးနှိမ်ရင်း အပြင်မှာရော fbပေါ်ကပါသိတဲ့ မိတ်ဆွေသူငယ်ချင်းတွေကိုဆက်ဆံပါတယ်။ဒါပေမယ့် လူရင်းတွေ ပြောမနာဆိုမနာသူငယ်ချင်းတွေကတော့ ခံရတာပေါ့

တချို့သော မှားယွင်းစွာတုံ့ပြန်မိတဲ့ကျနော့်ရဲ့အပြုအမူ အပြောအဆိုတွေက ပစ်ပြီးတဲ့မြားလို ထွက်ပြီးတဲ့ဆင်စွယ်လို ပြန်သိမ်းမရခဲ့သည်ရှိသော် ဒီကနေပဲ အနူးအညွတ်တောင်းပန်ပါရစေ။

ခက်ခဲပြင်းထန်လွန်းတဲ့ကာလရှည်ကြီးထဲမှာ အရာအားလုံးကတော့ အဆင်ပြေမနေမှန်း ကျနော်သိပေမယ့်လည်း တချို့အရာတွေကတော့ ပြန်လည်တည်ဆောက်လို့မရအောင်လွန်ခဲ့ပါပြီ။

တခြား တိုတိုထွာထွာလေးတွေရေးချင်တာကတော့ fbက ကျနော့်friendတော်တော်များများကို like&comment မပေးတာ ကျနော့်ကြောင့်ဆုံးရှုံးနစ်နာရမှာစိုးလို့ပါ။ကျနော့်ကိုမတုံ့ပြန်ထားရင်လည်း အခြေအနေအရပ်ရပ်ကြောင့်ဆိုတာနားလည်ပါတယ်။

အချူပ်ပြောချင်တာကတော့ဗျာ…

လူကကြမ်းလာလေ အသဲကပိုနုလာလေမို့ ကျနော်အားလုံးကိုနားလည်ပေးနိုင်ပါတယ်။

စကားမစပ် သူငယ်ချင်းပို့ပေးတဲ့ ဆေးတွေကို ဒီက ကလေးတွေနဲ့အတူ ငါလည်းသောက်ပါတယ်။မျိုးစေ့လေးတွေလည်း အပင်ပေါက်လာကြပါပြီ။

အရာအားလုံးဟာ အချိန်တော့စောင့်ရတာပေါ့…။

Zawgyi

က်ေနာ္ အားလုံးကိုနားလည္ပါတယ္။

ဒီကာလအပိုင္းအျခားမွာ ျဖစ္ေနတဲ့က်ေနာ္႕ရဲ႕စိတ္ခံစားခ်က္ကို အတတ္ႏိုင္ဆုံးႏွိမ့္ခ်ရင္း ၿခိဳးႏွိမ္ရင္း အျပင္မွာေရာ fbေပၚကပါသိတဲ့ မိတ္ေဆြသူငယ္ခ်င္းေတြကိုဆက္ဆံပါတယ္။ဒါေပမယ့္ လူရင္းေတြ ေျပာမနာဆိုမနာသူငယ္ခ်င္းေတြကေတာ့ ခံရတာေပါ့

တခ်ိဳ႕ေသာ မွားယြင္းစြာတုံ႔ျပန္မိတဲ့က်ေနာ္႕ရဲ႕အျပဳအမူ အေျပာအဆိုေတြက ပစ္ၿပီးတဲ့ျမားလို ထြက္ၿပီးတဲ့ဆင္စြယ္လို ျပန္သိမ္းမရခဲ့သည္႐ွိေသာ္ ဒီကေနပဲ အႏူးအၫြတ္ေတာင္းပန္ပါရေစ။

ခက္ခဲျပင္းထန္လြန္းတဲ့ကာလ႐ွည္ႀကီးထဲမွာ အရာအားလုံးကေတာ့ အဆင္ေျပမေနမွန္း က်ေနာ္သိေပမယ့္လည္း တခ်ိဳ႕အရာေတြကေတာ့ ျပန္လည္တည္ေဆာက္လို႔မရေအာင္လြန္ခဲ့ပါၿပီ။

တျခား တိုတိုထြာထြာေလးေတြေရးခ်င္တာကေတာ့ fbက က်ေနာ္႕friendေတာ္ေတာ္မ်ားမ်ားကို like&comment မေပးတာ က်ေနာ္႕ေၾကာင့္ဆုံး႐ႈံးနစ္နာရမွာစိုးလို႔ပါ။က်ေနာ္႕ကိုမတုံ႔ျပန္ထားရင္လည္း အေျခအေနအရပ္ရပ္ေၾကာင့္ဆိုတာနားလည္ပါတယ္။

အခ်ဴပ္ေျပာခ်င္တာကေတာ့ဗ်ာ…

လူကၾကမ္းလာေလ အသဲကပိုႏုလာေလမို႔ က်ေနာ္အားလုံးကိုနားလည္ေပးႏိုင္ပါတယ္။

စကားမစပ္ သူငယ္ခ်င္းပို႔ေပးတဲ့ ေဆးေတြကို ဒီက ကေလးေတြနဲ႔အတူ ငါလည္းေသာက္ပါတယ္။မ်ိဳးေစ့ေလးေတြလည္း အပင္ေပါက္လာၾကပါၿပီ။

အရာအားလုံးဟာ အခ်ိန္ေတာ့ေစာင့္ရတာေပါ့…။

About the author

admin

Add Comment

Click here to post a comment

Recent Comments

No comments to show.