လူကြံရင် ဘာခံနိုင်မှာလဲ.. ရရာနေရာက ရှာရမှာပဲ လို့ဆိုလိုက်တဲ့ ပန်ဆယ်လို

လူကြံရင် ဘာခံနိုင်မှာလဲ.. ရရာနေရာက ရှာရမှာပဲ လို့ဆိုလိုက်တဲ့ ပန်ဆယ်လို

Project Dragonfly ကောင်းလိုက်တာ ကိုယ့်ရဲ့ ပုံမှန်ထောက်ပို့အလှူရှင်တွေက အကုန်ပုံထည့်လိုက်ကြပုံရတယ်။ အဖွဲ့တွေကို ထောက်ပို့ဖို့ အလှူခံတာ တိုင်ပတ်နေပြီ။ ရပ်ထားရမလို ဖြစ်နေပြီ။

ဒါပေမယ့် လူကြံ ဘာခံနိုင်မှာလဲ။ ရရာနေရာက ရှာရမှာပဲ။ ငွေလှူစရာမရှိလို့ ရတနာပစ္စည်းလေးတွေ လာလှူထားကြတာကို အစက မဲရောင်းမလို့ စုစုထားတာ၊ အခုတော့ မဲလုပ်ဖို့လည်း မဖြစ်နိုင်တာနဲ့ ထုတ်ရောင်းပါ့မယ်။

လေလံကြီးမဟုတ်ပေမယ့် လေလံသဘောမျိုးလေး စျေးပြိုင်ပေးကြပါနော်။ USက အလှူရှင် အမတစ်ယောက် ရောင်းလှူပေးဖို့ ပေးပို့ထားတာပါ။ ပတ္တမြားဘယက်နဲ့ ဟန်းချိန်းလေးပါ။ တန်ဖိုး သိန်း၇၀ နဲ့ ၁၀၀ ကြား ရှိတယ်လို့ သိရပါတယ်။

အလှူရှင်နဲ့ လေလံအောင်သူနှစ်ဦးလုံးနာမည်နဲ့ အဖွဲ့များထံမှ Certificate တောင်းပေးပါမယ်ရှင်။ စိတ်ရှင်းရှင်းနဲ့ လှူလို့ရနိုင်အောင်ပါ။

ကြမ်းခင်းစျေး $1000 ကနေ စပါမယ်ရှင်။ ချက်ဘောက်ကဖြစ်စေ ကောမန့်ကဖြစ်စေ စျေးပေးနိုင်ပါတယ်ရှင်။

ဓါတ်ပုံကတော့ တော်လှန်ရေးအတွက် စျေးရောင်းပြီး ရန်ပုံငွေရှာပေးပြီး တော်လှန်ရေးပြီးရင် စျေးရောင်းစားမယ့် စျေးသည်မက လိုအပ်ချက်အရ မော်ဒယ်လုပ်ရိုက်ထားတာပါ။ သည်းခံကြည့်ရှူတော်မူကြပါ။ 😅

Zawgyi

လူႀကံရင္ ဘာခံနိုင္မွာလဲ.. ရရာေနရာက ရွာရမွာပဲ လို႔ဆိုလိုက္တဲ့ ပန္ဆယ္လို

Project Dragonfly ေကာင္းလိုက္တာ ကိုယ့္ရဲ႕ ပုံမွန္ေထာက္ပို႔အလႉရွင္ေတြက အကုန္ပုံထည့္လိုက္ၾကပုံရတယ္။ အဖြဲ႕ေတြကို ေထာက္ပို႔ဖို႔ အလႉခံတာ တိုင္ပတ္ေနၿပီ။ ရပ္ထားရမလို ျဖစ္ေနၿပီ။

ဒါေပမယ့္ လူႀကံ ဘာခံနိုင္မွာလဲ။ ရရာေနရာက ရွာရမွာပဲ။ ေငြလႉစရာမရွိလို႔ ရတနာပစၥည္းေလးေတြ လာလႉထားၾကတာကို အစက မဲေရာင္းမလို႔ စုစုထားတာ၊ အခုေတာ့ မဲလုပ္ဖို႔လည္း မျဖစ္နိုင္တာနဲ႕ ထုတ္ေရာင္းပါ့မယ္။

ေလလံႀကီးမဟုတ္ေပမယ့္ ေလလံသေဘာမ်ိဳးေလး ေစ်းၿပိဳင္ေပးၾကပါေနာ္။ USက အလႉရွင္ အမတစ္ေယာက္ ေရာင္းလႉေပးဖို႔ ေပးပို႔ထားတာပါ။ ပတၱျမားဘယက္နဲ႕ ဟန္းခ်ိန္းေလးပါ။ တန္ဖိုး သိန္း၇၀ နဲ႕ ၁၀၀ ၾကား ရွိတယ္လို႔ သိရပါတယ္။

အလႉရွင္နဲ႕ ေလလံေအာင္သူႏွစ္ဦးလုံးနာမည္နဲ႕ အဖြဲ႕မ်ားထံမွ Certificate ေတာင္းေပးပါမယ္ရွင္။ စိတ္ရွင္းရွင္းနဲ႕ လႉလို႔ရနိုင္ေအာင္ပါ။

ၾကမ္းခင္းေစ်း $1000 ကေန စပါမယ္ရွင္။ ခ်က္ေဘာက္ကျဖစ္ေစ ေကာမန့္ကျဖစ္ေစ ေစ်းေပးနိုင္ပါတယ္ရွင္။

ဓါတ္ပုံကေတာ့ ေတာ္လွန္ေရးအတြက္ ေစ်းေရာင္းၿပီး ရန္ပုံေငြရွာေပးၿပီး ေတာ္လွန္ေရးၿပီးရင္ ေစ်းေရာင္းစားမယ့္ ေစ်းသည္မက လိုအပ္ခ်က္အရ ေမာ္ဒယ္လုပ္ရိုက္ထားတာပါ။ သည္းခံၾကည့္ရႉေတာ္မူၾကပါ။ 😅

Leave a Reply

Your email address will not be published.