”လူတိုင်းက အာဏာရှင်ဆန့်ကျင်ရေးနဲ့ လွတ်လပ်ရေးတိုက်ပွဲ အသံတွေ ထွက်နေဖို့လိုပါတယ်”

”လူတိုင်းက အာဏာရှင်ဆန့်ကျင်ရေးနဲ့ လွတ်လပ်ရေးတိုက်ပွဲ အသံတွေ ထွက်နေဖို့လိုပါတယ်”

အာဏာရှင် အာဏာရူးတွေ ကျဆုံးတဲ့ ရုပ်ရှင်ဇာတ်လမ်းတွေ များများလိုတယ်
(ကိန်း ရုပ်ရှင်ပွဲတော်ဖွင့်ပွဲက ယူကရိန်းသမ္မတဇလန်စကီး ရဲ့ ပြောစကားကောက်နုတ်ချက်)
၁၇/၅/၂၀၂၂

“ဖန်သားပြင်မှာ နေ့စဥ် မြင်နေရတဲ့ ယူကရိန်းက လူနေအိမ်တွေ လူ့အသက်တွေ ပျက်စီးဆုံးရှုံးနေရတာတွေဟာ အထူးရိုက်ကူးချက်တွေနဲ့ အက်ရှင် ရုပ်ရှင်ကားတစ်ကား မဟုတ်ပါဘူး။ လူတွေ တကယ်သေကြေနေရပြီး လူနေအဆောက်အဦတွေ တကယ်ဖြိုချဖျက်ဆီးခံနေရတဲ့ ဖြစ်ရပ်မှန်ပါ။

“မော်စကိုက အာဏာရူး အာဏာလောဘ တက်နေသူတစ်ဦးကြောင့် ဖြစ်ပျက်ခံစားနေရတာပါ။ ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း အဆိုးဝါးဆုံးစစ်ပွဲကြီးဖြစ်နေရတာပါ။

“အာဏာရှင်တွေနဲ့ လွတ်လပ်ရေးတိုက်ပွဲ ဆင်နွှဲရတိုင်း ညီညွတ်ရေးဟာ အရေးကြီးပါတယ်။ ကျနော်တို့ အလွှာစုံက ညီညွတ်ဖို့လိုပါတယ်။ ဒုတိယ ကမ္ဘာစစ်မှာ ညီညွတ်မှုနဲ့ အာဏာရှင်ကို အနိုင်ရခဲ့သလို အခုတိုက်ပွဲမှာလည်း ကျနော်တို့အနိုင်ရမှာပါ။ ဒီတိုက်ပွဲ နိုင်ကို နိုင်ရပါမယ်။

“ချာလီချက်ပလင်ရဲ့’The Great Dictator’ ရုပ်ရှင်ဟာ တကယ့်အာဏာရှင်ကို မချေမှုန်းနိုင်ခဲ့ပေမဲ့ အာဏာရှင်ကို ချေမှုန်းမဲ့အနာဂတ်အောင်ပွဲရဲ့အသံတွေ ပေးနိုင်ခဲ့ပါတယ်။ မတရားမှုတွေကို အနိုင်ယူနိုင်တယ်ဆိုတဲ့ ရုပ်ရှင်ဇာတ်လမ်းတွေ လိုပါတယ်။

“လူတိုင်းက အာဏာရှင်ဆန့်ကျင်ရေးနဲ့ လွတ်လပ်ရေးတိုက်ပွဲ အသံတွေ ထွက်နေဖို့လိုပါတယ်။ ဒီလိုအသံတွေကို ပထမဆုံးဖြည့်ဆည်းပေးနိုင်တာ ရုပ်ရှင်တွေပါပဲ။ ဒီတိုက်ပွဲ နိုင်ကို နိုင်ရပါမယ်။”

#BNN #Zelenskyy

”လူတိုင္းက အာဏာရွင္ဆန့္က်င္ေရးနဲ႕ လြတ္လပ္ေရးတိုက္ပြဲ အသံေတြ ထြက္ေနဖို႔လိုပါတယ္”

အာဏာရွင္ အာဏာ႐ူးေတြ က်ဆဳံးတဲ့ ႐ုပ္ရွင္ဇာတ္လမ္းေတြ မ်ားမ်ားလိုတယ္
(ကိန္း ႐ုပ္ရွင္ပြဲေတာ္ဖြင့္ပြဲက ယူကရိန္းသမၼတဇလန္စကီး ရဲ႕ ေျပာစကားေကာက္ႏုတ္ခ်က္)
၁၇/၅/၂၀၂၂

ဖန္သားျပင္မွာ ေန႕စဥ္ ျမင္ေနရတဲ့ ယူကရိန္းက လူေနအိမ္ေတြ လူ႕အသက္ေတြ ပ်က္စီးဆုံးရႈံးေနရတာေတြဟာ အထူးရိုက္ကူးခ်က္ေတြနဲ႕ အက္ရွင္ ႐ုပ္ရွင္ကားတစ္ကား မဟုတ္ပါဘူး။ လူေတြ တကယ္ေသေၾကေနရၿပီး လူေနအေဆာက္အဦေတြ တကယ္ၿဖိဳခ်ဖ်က္ဆီးခံေနရတဲ့ ျဖစ္ရပ္မွန္ပါ။

ေမာ္စကိုက အာဏာ႐ူး အာဏာေလာဘ တက္ေနသူတစ္ဦးေၾကာင့္ ျဖစ္ပ်က္ခံစားေနရတာပါ။ ဒုတိယ ကမၻာစစ္ေနာက္ပိုင္း အဆိုးဝါးဆုံးစစ္ပြဲႀကီးျဖစ္ေနရတာပါ။

အာဏာရွင္ေတြနဲ႕ လြတ္လပ္ေရးတိုက္ပြဲ ဆင္ႏႊဲရတိုင္း ညီၫြတ္ေရးဟာ အေရးႀကီးပါတယ္။ က်ေနာ္တို႔ အလႊာစုံက ညီၫြတ္ဖို႔လိုပါတယ္။ ဒုတိယ ကမၻာစစ္မွာ ညီၫြတ္မႈနဲ႕ အာဏာရွင္ကို အနိုင္ရခဲ့သလို အခုတိုက္ပြဲမွာလည္း က်ေနာ္တို႔အနိုင္ရမွာပါ။ ဒီတိုက္ပြဲ နိုင္ကို နိုင္ရပါမယ္။

ခ်ာလီခ်က္ပလင္ရဲ႕The Great Dictator ႐ုပ္ရွင္ဟာ တကယ့္အာဏာရွင္ကို မေခ်မႈန္းနိုင္ခဲ့ေပမဲ့ အာဏာရွင္ကို ေခ်မႈန္းမဲ့အနာဂတ္ေအာင္ပြဲရဲ႕အသံေတြ ေပးနိုင္ခဲ့ပါတယ္။ မတရားမႈေတြကို အနိုင္ယူနိုင္တယ္ဆိုတဲ့ ႐ုပ္ရွင္ဇာတ္လမ္းေတြ လိုပါတယ္။

လူတိုင္းက အာဏာရွင္ဆန့္က်င္ေရးနဲ႕ လြတ္လပ္ေရးတိုက္ပြဲ အသံေတြ ထြက္ေနဖို႔လိုပါတယ္။ ဒီလိုအသံေတြကို ပထမဆုံးျဖည့္ဆည္းေပးနိုင္တာ ႐ုပ္ရွင္ေတြပါပဲ။ ဒီတိုက္ပြဲ နိုင္ကို နိုင္ရပါမယ္။

#BNN #Zelenskyy

Leave a Reply

Your email address will not be published.