လူပါးဝခံနေရတဲ့ Bond Agent တွေကိုယ်စား၊ ငြိမ်ခံနေရသူတွေကိုယ်စား လူမိုက်လုပ်ပါမယ် ဆိုတဲ့ ပန်ဆယ်လို
လူပါးဝခံနေရတဲ့ Bond Agent တွေကိုယ်စား၊ ငြိမ်ခံနေရသူတွေကိုယ်စား လူမိုက်လုပ်ပါမယ် ဆိုတဲ့ ပန်ဆယ်လို
Bond Agent အဖြစ်က နှုတ်ထွက်တာပါ။
တော်လှန်ရေးက နှုတ်ထွက်တာ မဟုတ်ပါဘူး။
ထောက်ပို့ကိစ္စတွေ၊ လှုံ့ဆော်ရေးတွေ၊ တော်လှန်ရေး ရန်ပုံငွေရှာဖွေရေးတွေ ကိစ္စရပ်အားလုံးမှာ တတ်နိုင်သမျှ ဆက်လက်ပါဝင်နေမှာပါ။
MOPFI ဝန်ထမ်းတွေရဲ့ ဆက်ဆံရေးအဆင်မပြေမှုကို MOPFI ဝန်ကြီး မဖြေရှင်းနိုင်တဲ့အတွက် ဖြေရှင်းနိုင်မယ် ယူဆတဲ့ NUG အစိုးရထံ ဆက်လက်တိုင်ကြားသွားမှာ ဖြစ်ပါတယ်။ မရတဲ့အဆုံးမှ ပြည်သူကို အသေးစိတ် တိုင်ကြားပါ့မယ်။ လူပါးဝခံနေရတဲ့ Bond Agent တွေကိုယ်စား၊ တော်လှန်ရေးကြောင့် ငြိမ်ခံနေရသူတွေကိုယ်စား လူမိုက်လုပ်ပါမယ်။
NUG Bond ဟာ တော်လှန်ရေးအတွက် ကြီးမားတဲ့ ထောက်တိုင်တစ်ခု ဖြစ်တာကြောင့် ဆက်လက်ဝယ်ယူကြဖို့ တိုက်တွန်းပါတယ်။
အခုကိစ္စဟာ လူတစ်စုရဲ့ စောက်ချိုးမပြေမှု သီးသန့်ဖြစ်ပြီး NUG Bond ဟာ အရေးတော်ပုံအတွက် လိုအပ်တဲ့ ပစ္စည်းတွေ ရရှိရေးအတွက် အရေးပါတဲ့ အခန်းကဏ္ဍဖြစ်တာကြောင့် အားမလျော့ဘဲ ဝယ်ယူပါဝင်ပေးကြပါ။
ဘာရာထူးမှ မရှိပါဘူး။ ကိုယ့်ဖာသာ ယူထားတဲ့ တာဝန်ပဲ ရှိတဲ့သူပါ။ ကျွန်တော် ဘာရာထူးပါဆိုတဲ့ကောင်တွေကိုတော့ နောင်ကျဉ်အောင် တွေ့ကြပါမယ်ဆိုတာပါပဲ။
ဒီလောက်နဲ့ ပြီးမယ် မထင်လိုက်နဲ့။
Leave a Reply
Your email address will not be published.