
လူရွှင်တော် တိုင်းကျော်ကတော့ ရုပ်ချင်းဆင်တဲ့ နာမည်ကျော်ဘောလုံးသမား ညီငယ်လေးအတွက်
ရုပ်ချင်းဆင်တဲ့ နာမည်ကျော်ဘောလုံးသမား ညီငယ်လေးအတွက် မွေးနေ့ဆုတောင်းပေးလိုက်တဲ့ လူရွှင်တော် တိုင်းကျော်
ပရိသတ်ကြီးရေ ဟားငါးကောင်အဖွဲ့ဝင် လူရွှင်တော် တိုင်းကျော် ကတော့ လက်ရှိမှာ
ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေကို တော်လှန်ရေးအတွက် အဖွဲ့ဝင်ညီအစ်ကိုတွေနဲ့အတူ ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။
မိသားစုနဲ့ခွဲခွာပြီး တော်လှန်ရေးနယ်မြေကို ရောက်ရှိနေတဲ့ တိုင်းကျော် ကတော့ အခုချိန်ထိတိုင်အာင်
တော်လှန်ရေးအတွက် စိတ်ဓာတ်မကျပဲ ပန်းတိုင်ကိုရောက်ရှိအောင် ကြိုးစားနေတာကို တွေ့ရပါတယ်။
တိုင်းကျော် ကတော့ သူ့ရဲ့ညီငယ်တစ်ဦးရဲ့မွေးနေ့ကို အခုလိုပဲဆုတောင်းပေးခဲ့ပါတယ်။
” မြန်မာ့ဂုဏ်ဆောင် ဘောလုံးသမားတယောက်ရဲ့အကိုဆိုတဲ့ အရသာဟာ တော်တော်ချိုမြိန်တယ်ဒီကောင်ကန်တဲ့ ၊
ဘောလုံးပွဲတွေဆိုကျွန်တော်အလုပ်အားတာနဲ့ ပွဲကြည့်စင်မှာ ၊သူ့ ပရိတ်သတ်အဖြစ်ရောက်နေသလို ၊
ကျွန်တော်တို့အငြိမ့်စင်မှာလဲအမြဲတမ်းလိုလို ကျွန်တော့်ထက်စောအောင်ပရိတ်သတ်အဖြစ်
သူ ရောက်နေတက်တယ်တခါတလေ သူ့ မိတ်ဆွေ ဘောလုံးအသိုင်းဝိုင်းကကျွန်တော့်ကို ဇွန်မိုးအောင် လို့ မှားခေါ်တက်ပြီးဟား၅ကောင်
ပရိတ်သတ်တွေက သူ့ကိုတိုင်းကျော်လို့ခဏခဏ မှား တက်ကျတယ် ၊ မွေး လ တူ သလိုအသက်လဲ သူနဲ့
ကျွန်တော်၂ နှစ် ဘဲ ကွာတာကို ညီလေးရေ မင်း အသက် ၁၇ နှစ်တောင်ပြည့်ပြီနော်ဂရုစိုက်ပါ အလတ်လေး . . ….. …. .” လို့ရေးသားထားပါတယ်။
ပရိသတ်ကြီးရေ လူရွှင်တော် တိုင်းကျော် ရဲ့ ညီလေးအတွက် မွေးနေ့ဆုတောင်းစကားလေးတွေကို ကောမန့်မှာ ရေးသားသွားပေးခဲ့ပါအုန်းနော်။
Crd