Local News

“လူ့အခွင့်အရေးကို ကာကွယ်ရင်း ကျဆုံးခဲ့သူများ အ တွက် နော်ဝေသံရုံး ဂုဏ်ပြု”

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ ဖြစ်သော ယနေ့တွင် ရန်ကုန်မြို့ရှိ နော်ဝေသံရုံးက ဖေဖော်ဝါရီ ၁ ရက် စစ်တပ် အာဏာသိမ်းလိုက်သည့်နေ့မှစပြီး

လူ့အခွင့်အ ရေးကို ကာကွယ်ရင်း အသက်ဆုံးရှုံးခဲ့ရသူများ၊ ထိန်း သိမ်းခံထားရသူများကို ဂုဏ်ပြုကြောင်း သတင်းထုတ် ပြန်ထားပါတယ်။

ထို့ပြင် အရပ်သား ဆန္ဒပြပွဲများကို စစ်တပ်က ဖြိုခွင်းသဖြင့် အသက် ဆုံးရှုံးခဲ့ရသူများအား ရည်စူးပြီး နှင်းဆီပန်း ၁၃၂၃ ကို ခင်းကျင်း ဂုဏ်ပြုခဲ့သည်ဟုလည်း ပါရှိသည်။

နော်ဝေနိုင်ငံသည် မြန်မာနိုင်ငံသူနိုင်ငံသားများ၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာ မျှော်မှန်းချက်များကို ဆက်လက် ထောက်ခံ အားပေးသွားမည် ဖြစ်ကြောင်း ဆိုထားသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ အကျပ်အတည်းနှင့် အာဏာသိမ်းမှုတို့ကြောင့် မညီမျှမှုများ သိသိသာသာ တိုးလာပြီး အခြေခံ နိုင်ငံသား အခွင့်အရေးနှင့် နိုင်ငံရေး ရပိုင်ခွင့်များ၊

လွတ်လပ်ခွင့်များကို များစွာ ထိခိုက်ရုံသာမက မြန်မာနိုင်ငံသူနိုင်ငံသားများ၏ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးများလည်း လွန်စွာ ထိခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဓာတ်ပုံ – Royal Norwegian Embassy in Yangon

Zawgyi









About the author

admin

Add Comment

Click here to post a comment

Recent Comments

No comments to show.