Local News

လေတပ်နှစ်ပတ်လည်အခမ်းအနားတက်ဖို့ မိတ္ထီလာကို စစ်ကောင်စီခေါင်းဆောင်ပိုင်းတွေရောက်နေချိန် မြို့တွင်းမှာ လူ ၅ ဦးထက်ပိုမစုဝေးဖို့အမိန့်ထုတ်ထား

လေတပ်နှစ်ပတ်လည်အခမ်းအနားတက်ဖို့ မိတ္ထီလာကို စစ်ကောင်စီခေါင်းဆောင်ပိုင်းတွေရောက်နေချိန် မြို့တွင်းမှာ လူ ၅ ဦးထက်ပိုမစုဝေးဖို့အမိန့်ထုတ်ထား

မိတ္ထီလာမြို့မှာ စစ်ကောင်စီရဲ့ လေတပ် ၇၄ နှစ်ပြည့်အခမ်းအနားတက်ဖို့ စစ်ကောင်စီခေါင်းဆောင်ပိုင်းတွေရောက်နေပြီး မြို့တွင်းမှာ လူ ၅ ဦးထက်ပိုမစုဖို့ကိုလည်းအမိန့်ထုတ်ထားတယ်လို့သိရပါတယ်။

စစ်ကောင်စီခေါင်းဆောင်လည်း မိတ္ထီလာကိုရောက်နေတာကြောင့် မြို့တွင်းမြို့ပြင်မှာလုံခြုံရေးတင်းကြပ်ထားတယ်လို့ဒေသခံတွေကပြောကြပါတယ်။

ဒါအပြင် ဒီနေ့ကစပြီး မိတ္ထီလာမှာ လူ ၅ ဦးထက်ပိုစုဝေးတာမထုတ်ဖို့ကိုလည်း စစ်ကောင်စီက ထုတ်ပြန်ထားတာတွေ့ရပါတယ်။

မြို့ပေါ်မှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ နဲ့ နီးစပ်ရာနေရာတွေ မကြာခဏဆိုသလို ပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရတာတွေလည်းရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ နှစ်က လေတပ် နှစ်ပတ်လည်နေ့ကို မိတ္ထီလာမှာပဲကျင်းပခဲ့တာဖြစ်ပါတယ်။

Source .People’s Spring

Zawgyi







Source .People’s Spring