လောကကြီးရဲ့ အကြောင်း စာသီကုံးရေးလာတဲ့ တေးရေး တေးဆို ဆောင်ဦးလှိုင်

လောကကြီးရဲ့ အကြောင်း စာသီကုံးရေးလာတဲ့ တေးရေး တေးဆို ဆောင်ဦးလှိုင်

“ လောကကြီးမှာ အံ့ဩစရာ “ လူအများကို အနိုင်ကျင့်နှိပ်စက်ရင်း

လူတွေကြောက်သွားလန့်သွားတဲ့အခါ သူတို့ထာဝရနိုင်ပြီလို့ထင်နေတဲ့သူတွေရှိတယ်( လူတွေက အခွင့်သာရင် ပြန်လုပ်မှာသူတို့မသိ )

လူအများကိုလိမ်ညာလှည့်ဖျားနေရင်းကြာရင် အမှားတွေ အမှန်ဖြစ်လာမယ် ထာဝရ လိမ်သမျှ ညာသမျှ မပေါ်တော့ဘူးလို့ ထင်နေကြသူတွေလည်းရှိတယ်။

အလိမ်ပေါ်ရင် လုံးဝလူတောတိုးမရတော့မယ့်
အကြောင်းတွေ သူတို့မသိရှာဘူး ဟိုလူ့ဆဲ ဒီလူ့ဆပြီး ကျော်ကြားလာတာကိုထာဝရထင်နေရှာသူတွေ

ဝတ်လစ်စားလစ် ကိုယ်လုံးတီးညစ်ညမ်းကိစ္စတွေ
ကြောင့်လူသိများလာတာကို ထာဝရအောင်မြင်မှုလို့

ထင်နေရှာသူတွေကိုယ်လွတ်ရုန်းထွက်ပြေးပြီးသူရဲကောင်းယောင်ဆောင် နေတာကို ထာဝရ သူရဲကောင်းဖြစ်သွားပြီလို့ထင်နေရှာသူတွေ

အံ့ဩစရာတော့အတော်ကောင်းသလို သူ့ပရိသတ်နဲ့သူ အတော်ဟုတ်နေကြတာဘဲ။

ဒါပေမယ့်အဲဒီလို အမျှော်အမြင်နည်းတဲ့လူတွေနဲ့
ဝေးဝေးနေဖို့ကြိုးစားသူတွေလည်းရှိနေလိမ့်မယ်လို့
မျှော်လင့်မိပါရဲ့

ဆောင်းဦးလှိုင် June 13th 2022







မျှော်လင့်မိပါရဲ့


Leave a Reply

Your email address will not be published.