Local News

လေးကေ့ကော်ကို စစ်တပ်က လက်နက်ကြီးများဖြင့် နံနက် ၄ နာရီမှစတင်၍ ပစ်ခတ်နေ (ရုပ် /သံပါသည်)

လေးကေ့ကော်ကို စစ်တပ်က လက်နက်ကြီးများဖြင့် နံနက် ၄ နာရီမှစတင်၍ ပစ်ခတ်၊ မယ်ထော်သလေးဘက်သို့ အင်အား အများအပြားဖြင့် စစ်တပ်က တက်လာသဖြင့် တိုက်ပွဲပြင်းထန်

ရန်ကုန်၊ ဒီဇင်ဘာ ၂၇

ကရင်ပြည်နယ်၊ KNU တပ်မဟာ ၆ နယ်မြေ၊ လေးကေ့ကော်ဒေသသို့ လက် နက်ကြီးများဖြင့် စစ်တပ်က နံနက် ၄ နာရီခန့်မှစတင်၍ ပစ်ခတ်နေပြီး မယ်ထော်သလေးဘက်သို့ အင်အားအများအပြား ချီတက်လာသဖြင့် တိုက်ပွဲပြင်းထန်နေကြော်ငး KNLA သတင်းရင်းမြစ်များထံမှ သိရှိရသည်။

“မနက် ၄ နာရီလောက်ကတည်းက ပစ်နေတာ။ လက်နက်ကြီးပစ်သံနဲ့ ပေါက်ကွဲသံက ကြားနေရတယ်။ အတွဲလိုက် ဒုံးတွေများ ပါသလားမသိဘူး။ ပစ်သံရော လက်နက်ကြီးကျသံရော အဆက်မပြတ်ကြားရတာ” ဟု ထိုင်း-မြန်မာနယ်စပ် သောင်းရင်းမြစ်ကမ်းဘေးမှ စစ်ဘေးရှောင် ပြည်သူတစ်ဦးက ပြောသည်။

KNLA သတင်းရင်းမြစ်တချို့ကမူ မယ်ထော်သလေးဘက်သို့ စစ်တပ်က အင်အားအများအပြားဖြင့် တက်လာသဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း ပြောဆိုသည်။

ဒီဇင်ဘာလ ၁၅ ရက်နေ့မှ စတင်ခဲ့သော တိုက်ပွဲများကြောင့် ထိုင်း-မြန်မာနယ် စပ်နှင့်ထိုင်းနိုင်ငံဘက်သို့ စစ်ဘေးရှောင် ပြည်သူ ၁၅၀၀၀ ခန့် ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ပုံ- KNU တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ- AFP

Zawgyi

ေလးေက့ေကာ္ကို စစ္တပ္က လက္နက္ႀကီးမ်ားျဖင့္ နံနက္ ၄ နာရီမွစတင္၍ ပစ္ခတ္၊ မယ္ေထာ္သေလးဘက္သို႔ အင္အား အမ်ားအျပားျဖင့္ စစ္တပ္က တက္လာသျဖင့္ တိုက္ပြဲျပင္းထန္

ရန္ကုန္၊ ဒီဇင္ဘာ ၂၇

ကရင္ျပည္နယ္၊ KNU တပ္မဟာ ၆ နယ္ေျမ၊ ေလးေက့ေကာ္ေဒသသို႔ လက္ နက္ႀကီးမ်ားျဖင့္ စစ္တပ္က နံနက္ ၄ နာရီခန္႔မွစတင္၍ ပစ္ခတ္ေနၿပီး မယ္ေထာ္သေလးဘက္သို႔ အင္အားအမ်ားအျပား ခ်ီတက္လာသျဖင့္ တိုက္ပြဲျပင္းထန္ေနေၾကာ္ငး KNLA သတင္းရင္းျမစ္မ်ားထံမွ သိ႐ွိရသည္။

“မနက္ ၄ နာရီေလာက္ကတည္းက ပစ္ေနတာ။ လက္နက္ႀကီးပစ္သံနဲ႔ ေပါက္ကြဲသံက ၾကားေနရတယ္။ အတြဲလိုက္ ဒုံးေတြမ်ား ပါသလားမသိဘူး။ ပစ္သံေရာ လက္နက္ႀကီးက်သံေရာ အဆက္မျပတ္ၾကားရတာ” ဟု ထိုင္း-ျမန္မာနယ္စပ္ ေသာင္းရင္းျမစ္ကမ္းေဘးမွ စစ္ေဘးေ႐ွာင္ ျပည္သူတစ္ဦးက ေျပာသည္။

KNLA သတင္းရင္းျမစ္တခ်ိဳ႕ကမူ မယ္ေထာ္သေလးဘက္သို႔ စစ္တပ္က အင္အားအမ်ားအျပားျဖင့္ တက္လာသျဖင့္ တိုက္ပြဲ ျပင္းထန္ေနေၾကာင္း ေျပာဆိုသည္။

ဒီဇင္ဘာလ ၁၅ ရက္ေန႔မွ စတင္ခဲ့ေသာ တိုက္ပြဲမ်ားေၾကာင့္ ထိုင္း-ျမန္မာနယ္ စပ္ႏွင့္ထိုင္းႏိုင္ငံဘက္သို႔ စစ္ေဘးေ႐ွာင္ ျပည္သူ ၁၅၀၀၀ ခန္႔ ထြက္ေျပးတိမ္းေ႐ွာင္ေနၾကရသည္။

ပုံ- KNU တပ္ဖြဲ႕ဝင္မ်ား။ ဓာတ္ပုံ- AFP

About the author

admin

Add Comment

Click here to post a comment