Local News

လေးကေ့ကော်တွင် စစ်ကြောင်းမှူး စနိုက်ပါမိ၍ သေဆုံးမှု အပါအဝင် စစ်တပ်သား ၂၀ နီးပါး သေဆုံး၊ စစ်သား ၂၃ ဦး အရှင်ဖမ်းမိထား၊ ဒုဗိုလ်မှူးကြီးထင်လင်းဇော် အပါအဝင် စစ်သားများ ဒဏ်ရာရသူများပြား

လေးကေ့ကော်တွင် စစ်ကြောင်းမှူး စနိုက်ပါမိ၍ သေဆုံးမှု အပါအဝင် စစ်တပ်သား ၂၀ နီးပါး သေဆုံး၊ စစ်သား ၂၃ ဦး အရှင်ဖမ်းမိထား၊ ဒုဗိုလ်မှူးကြီးထင်လင်းဇော် အပါအဝင် စစ်သားများ ဒဏ်ရာရသူများပြား

ရန်ကုန်၊ ဒီဇင်ဘာ ၁၅

ကရင်ပြည်နယ်၊ KNU တပ်မဟာ ၆ နယ်မြေရှိ လေးကေ့ကော်၊ ယနေ့တိုက်ပွဲတွင် စစ်တပ်တပ်ရင်းမှူး စနိုက်ပါမိ၍ သေဆုံးမှု အပါအဝင် စစ်တပ်ဘက်မှ ၂၀ နီးပါးသေဆုံးပြီး ၂၃ ဦးအရှင်ဖမ်းမိကြောင်း လေးကေ့ကော်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောဆိုသည်။

“တိုက်ပွဲကတော့ ပစ်ခတ်မှုတွေကတော့ ရပ်သွားပါပြီ။ ဒီနေ့တစ်နေ့လုံး စစ်ခွေးတွေဘက်က သေတာ ၂၀နီးပါးရှိပါတယ်။ ဘယ်အဆင့်တွေဆိုတာတော့ အတည်ပြုဖို့ခက်ပါတယ်။ အရာရှိတွေလည်းပါတယ်။

အရှင် ၂၃ယောက်မိပါတယ်။ အဲဒါကတော့ သေချာပါတယ်” ဟု လေးကေ့ကော်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

လေးကေ့ကော်တိုက်ပွဲထဲတွင် ရှိနေသည့် ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်ကလည်း စစ်တပ်စစ်ကြောင်းမှူး၊ တပ်ရင်းမှူး စနိုက်ပါမိ၍ သေဆုံးသွားကြောင်း အတည်ပြုပြောဆိုသည်။

“ဒုဗိုလ်မှုးကြီး ထင်လင်းဇော် ပေါင်ဒဏ်ရာရတယ်။ စစ်တပ် စစ်ကြောင်းမှုးသေပါတယ်။ စစ်ကြောင်းမှုး နာမည်မသိသေးဘူး” ဟု သတင်းရင်းမြစ်က ပြောဆိုသည်။

အလားတူ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁ နယ်မြေ၊ သထုံမြို့နယ်၊ ကော့လှိုင်းကျေးရွာလမ်းခွ၊ ထီးမင်္ဂလာကျောင်းအနီးတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို

ယနေ့ ဒီဇင်ဘာလ ၁၅ ရက် မွန်းလွဲ ၃ နာရီ ၂၀ မိနစ်တွင် KNLA တပ်မဟာ ၁ တပ်ရင်း ၂ တပ်ဖွဲ့နှင့် သထုံပြည်သူ့ပြောက်ကျားများ TPG၊ သထုံကာကွယ်ရေးတပ်ဖွဲ့ TDO၊ မွန်သထုံအထူးကာကွယ်ရေးတပ်ဖွဲဲ့ MTHSF၊

သထုံမြို့ပြအထူးစစ်ဆင်ရေးတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦးသေဆုံးကာ ၄ ဦး ဒဏ်ရာပြင်းထန်ကြောင်း သထုံပြည်သူ့ပြောက်ကျားများတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း၊ KNLA နှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်များဘက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- KNU တပ်ဖွဲ့ဝင်များ။ Photo Credit – Getty Image

Zawgyi

ေလးေက့ေကာ္တြင္ စစ္ေၾကာင္းမႉး စႏိုက္ပါမိ၍ ေသဆုံးမႈ အပါအဝင္ စစ္တပ္သား ၂၀ နီးပါး ေသဆုံး၊ စစ္သား ၂၃ ဦး အ႐ွင္ဖမ္းမိထား၊ ဒုဗိုလ္မႉးႀကီးထင္လင္းေဇာ္ အပါအဝင္ စစ္သားမ်ား ဒဏ္ရာရသူမ်ားျပား

ရန္ကုန္၊ ဒီဇင္ဘာ ၁၅

ကရင္ျပည္နယ္၊ KNU တပ္မဟာ ၆ နယ္ေျမ႐ွိ ေလးေက့ေကာ္၊ ယေန႔တိုက္ပြဲတြင္ စစ္တပ္တပ္ရင္းမႉး စႏိုက္ပါမိ၍ ေသဆုံးမႈ အပါအဝင္ စစ္တပ္ဘက္မွ ၂၀ နီးပါးေသဆုံးၿပီး ၂၃ ဦးအ႐ွင္ဖမ္းမိေၾကာင္း ေလးေက့ေကာ္သတင္းရင္းျမစ္က ရန္ကုန္ေခတ္သစ္သတင္းဌာနသို႔ေျပာဆိုသည္။

“တိုက္ပြဲကေတာ့ ပစ္ခတ္မႈေတြကေတာ့ ရပ္သြားပါၿပီ။ ဒီေန႔တစ္ေန႔လုံး စစ္ေခြးေတြဘက္က ေသတာ ၂၀နီးပါး႐ွိပါတယ္။ ဘယ္အဆင့္ေတြဆိုတာေတာ့ အတည္ျပဳဖို႔ခက္ပါတယ္။ အရာ႐ွိေတြလည္းပါတယ္။

အ႐ွင္ ၂၃ေယာက္မိပါတယ္။ အဲဒါကေတာ့ ေသခ်ာပါတယ္” ဟု ေလးေက့ေကာ္သတင္းရင္းျမစ္က ရန္ကုန္ေခတ္သစ္သတင္းဌာနသို႔ ေျပာဆိုသည္။

ေလးေက့ေကာ္တိုက္ပြဲထဲတြင္ ႐ွိေနသည့္ ရန္ကုန္ေခတ္သစ္၏ သတင္းရင္းျမစ္ကလည္း စစ္တပ္စစ္ေၾကာင္းမႉး၊ တပ္ရင္းမႉး စႏိုက္ပါမိ၍ ေသဆုံးသြားေၾကာင္း အတည္ျပဳေျပာဆိုသည္။

“ဒုဗိုလ္မႈးႀကီး ထင္လင္းေဇာ္ ေပါင္ဒဏ္ရာရတယ္။ စစ္တပ္ စစ္ေၾကာင္းမႈးေသပါတယ္။ စစ္ေၾကာင္းမႈး နာမည္မသိေသးဘူး” ဟု သတင္းရင္းျမစ္က ေျပာဆိုသည္။

အလားတူ ကရင္အမ်ိဳးသားအစည္းအ႐ုံး KNU တပ္မဟာ ၁ နယ္ေျမ၊ သထုံၿမိဳ႕နယ္၊ ေကာ့လိႈင္းေက်း႐ြာလမ္းခြ၊ ထီးမဂၤလာေက်ာင္းအနီးတြင္ တပ္စြဲထားေသာ အၾကမ္းဖက္စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားကို

ယေန႔ ဒီဇင္ဘာလ ၁၅ ရက္ မြန္းလြဲ ၃ နာရီ ၂၀ မိနစ္တြင္ KNLA တပ္မဟာ ၁ တပ္ရင္း ၂ တပ္ဖြဲ႕ႏွင့္ သထုံျပည္သူ႕ေျပာက္က်ားမ်ား TPG၊ သထုံကာကြယ္ေရးတပ္ဖြဲ႕ TDO၊ မြန္သထုံအထူးကာကြယ္ေရးတပ္ဖြဲဲ႕ MTHSF၊

သထုံၿမိဳ႕ျပအထူးစစ္ဆင္ေရးတပ္ဖြဲ႕တို႔ ပူးေပါင္းတိုက္ခိုက္ခဲ့ၿပီး စစ္သား ၃ ဦးေသဆုံးကာ ၄ ဦး ဒဏ္ရာျပင္းထန္ေၾကာင္း သထုံျပည္သူ႕ေျပာက္က်ားမ်ားတပ္ဖြဲ႕က သတင္းထုတ္ျပန္သည္။

အၾကမ္းဖက္စစ္ေကာင္စီက လက္နက္ႀကီး၊ လက္နက္ငယ္မ်ားျဖင့္ ျပန္လည္ပစ္ခတ္ခဲ့ေၾကာင္း၊ KNLA ႏွင့္ ကာကြယ္ေရးတပ္ဖြဲ႕ဝင္မ်ားဘက္မွ အထိအခိုက္မ႐ွိ ျပန္လည္ဆုတ္ခြာႏိုင္ေၾကာင္း သိ႐ွိရသည္။

ဓာတ္ပုံ- KNU တပ္ဖြဲ႕ဝင္မ်ား။ Photo Credit – Getty Image

About the author

admin

Add Comment

Click here to post a comment

Recent Comments

No comments to show.