Local News

လေးကေ့ကော်မြို့သစ်တွင် စစ်ကောင်စီတပ်နှင့် KNLA ၊ PDF ပူးပေါင်းတပ်များ တိုက်ပွဲပြင်းထန်နေ

လေးကေ့ကော်မြို့သစ်တွင် စစ်ကောင်စီတပ်နှင့် KNLA ၊ PDF ပူးပေါင်းတပ်များ တိုက်ပွဲပြင်းထန်နေ

ရန်ကုန်၊ ဒီဇင်ဘာ ၁၉

အကြမ်းဖက်စစ်ကောင်စီများ၏ နယ်မြေကျူးကျော်ဝင်ရောက်လာမှုကြောင့် တိုက်ပွဲများဖြစ်ပွားနေခဲ့ပြီး မြို့ခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသော လေးကေ့ကော်မြို့သစ်ကို ဒီဇင်ဘာလ ၁၉ ရက်တွင် KNLA က ပြန်လည် ထိန်းချုပ်ထားနိုင်ပြီဖြစ်သော်လည်း ယနေ့ တိုက်ပွဲပြင်းထန်လျက်ရှိကြောင်း KNLA သတင်းရင်းမြစ်များထံမှ သိရှိရသည်။

လေးကေ့ကော်မြို့သစ်ကို စစ်ရေးအရထိန်းချုပ်နိုင်ခဲ့ပြီးဖြစ်သော်လည်း မေတ္တာလင်းမြိုင်နှင့် ကျောက်လုံးကြီးရှိ စစ်ကောင်စီစခန်းများမှလက်နက်ကြီးများဖြင့် ပစ်ခတ်မှုများပြုလုပ်နေလျှက်ရှိခြင်းကြောင့်

ပြည်သူလူထုများအနေဖြင့် မြို့တွင်းသို့ပြန်လည်နေထိုင်ရန် မသင့်သေးကြောင်း၊ ယနေ့ နံနက်ပိုင်းတွင် နှစ်ဖက်တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားနေကြောင်း KNLA သတင်းရင်းမြစ်ကပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များထပ်မံ ဝင်ရောက်ခဲ့မှုကြောင့် ဒီဇင် ဘာလ ၁၅ ရက်မှ စတင်ကာ လေးကေ့ကော်ဒေသတွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ဒေသခံပြည်သူများ စစ်ရှောင်သွားခဲ့ကြရာ လူမရှိတော့သည့် နေအိမ်များမှ ရွှေ၊ ငွေအစရှိသည့် တန်ဖိုးကြီးပစ္စည်းမျာကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ခိုးယူသွားခဲ့ကြောင်းလည်း သိရှိရသည်။

တိုက်ပွဲများကြောင့် လေးကေ့ကော်နှင့် အနီးဝန်းကျင်ရှိကျေးရွာများမှ ဒေသခံများမှာ ဘေးလွတ်ရာနေရာများနှင့် ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးတိမ်း ရှောင် နေရပြီး စစ်ရှောင်ဦးရေ ၈၀၀၀ နီးပါး ရှိနေပြီ ဖြစ်သည်။

ဓာတ်ပုံ-KNU တပ်ဖွဲ့ဝင်များ။

Photo -Karen News

Zawgyi

ေလးေက့ေကာ္ၿမိဳ႕သစ္တြင္ စစ္ေကာင္စီတပ္ႏွင့္ KNLA ၊ PDF ပူးေပါင္းတပ္မ်ား တိုက္ပြဲျပင္းထန္ေန

ရန္ကုန္၊ ဒီဇင္ဘာ ၁၉

အၾကမ္းဖက္စစ္ေကာင္စီမ်ား၏ နယ္ေျမက်ဴးေက်ာ္ဝင္ေရာက္လာမႈေၾကာင့္ တိုက္ပြဲမ်ားျဖစ္ပြားေနခဲ့ၿပီး ၿမိဳ႕ခံမ်ား ထြက္ေျပးတိမ္းေ႐ွာင္ခဲ့ရေသာ ေလးေက့ေကာ္ၿမိဳ႕သစ္ကို ဒီဇင္ဘာလ ၁၉ ရက္တြင္ KNLA က ျပန္လည္ ထိန္းခ်ဳပ္ထားႏိုင္ၿပီျဖစ္ေသာ္လည္း ယေန႔ တိုက္ပြဲျပင္းထန္လ်က္႐ွိေၾကာင္း KNLA သတင္းရင္းျမစ္မ်ားထံမွ သိ႐ွိရသည္။

ေလးေက့ေကာ္ၿမိဳ႕သစ္ကို စစ္ေရးအရထိန္းခ်ဳပ္ႏိုင္ခဲ့ၿပီးျဖစ္ေသာ္လည္း ေမတၱာလင္းၿမိဳင္ႏွင့္ ေက်ာက္လုံးႀကီး႐ွိ စစ္ေကာင္စီစခန္းမ်ားမွလက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္မႈမ်ားျပဳလုပ္ေနလွ်က္႐ွိျခင္းေၾကာင့္

ျပည္သူလူထုမ်ားအေနျဖင့္ ၿမိဳ႕တြင္းသို႔ျပန္လည္ေနထိုင္ရန္ မသင့္ေသးေၾကာင္း၊ ယေန႔ နံနက္ပိုင္းတြင္ ႏွစ္ဖက္တိုက္ပြဲ အျပင္းအထန္ျဖစ္ပြားေနေၾကာင္း KNLA သတင္းရင္းျမစ္ကေျပာသည္။

အၾကမ္းဖက္စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားထပ္မံ ဝင္ေရာက္ခဲ့မႈေၾကာင့္ ဒီဇင္ ဘာလ ၁၅ ရက္မွ စတင္ကာ ေလးေက့ေကာ္ေဒသတြင္ တိုက္ပြဲမ်ားျဖစ္ပြားခဲ့ၿပီး ေဒသခံျပည္သူမ်ား စစ္ေ႐ွာင္သြားခဲ့ၾကရာ လူမ႐ွိေတာ့သည့္ ေနအိမ္မ်ားမွ ေ႐ႊ၊ ေငြအစ႐ွိသည့္ တန္ဖိုးႀကီးပစၥည္းမ်ာကို စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက ခိုးယူသြားခဲ့ေၾကာင္းလည္း သိ႐ွိရသည္။

တိုက္ပြဲမ်ားေၾကာင့္ ေလးေက့ေကာ္ႏွင့္ အနီးဝန္းက်င္႐ွိေက်း႐ြာမ်ားမွ ေဒသခံမ်ားမွာ ေဘးလြတ္ရာေနရာမ်ားႏွင့္ ထိုင္းႏိုင္ငံဘက္ျခမ္းသို႔ ထြက္ေျပးတိမ္း ေ႐ွာင္ ေနရၿပီး စစ္ေ႐ွာင္ဦးေရ ၈၀၀၀ နီးပါး ႐ွိေနၿပီ ျဖစ္သည္။

ဓာတ္ပုံ-KNU တပ္ဖြဲ႕ဝင္မ်ား။

Photo -Karen News

About the author

admin

Add Comment

Click here to post a comment