Local News

လေးကေ့ကော်မြို့သစ်အနီးတိုက်ပွဲတွင် PDF ရဲဘော်တစ်ဦး ထပ်မံကျဆုံး

လေးကေ့ကော်မြို့သစ်အနီးတိုက်ပွဲတွင် PDF ရဲဘော်တစ်ဦး ထပ်မံကျဆုံး

လေးကေ့ကော်မြို့သစ်နှင့် အနီးဝန်ကျင်ကျေး ရွာများတွင်ဖြစ်ပွားနေသည့် တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့(PDF)ဝင် ရဲဘော်တစ်ဦး ထပ်မံကျဆုံးသွားကြောင်း ကျဆုံးရဲဘော်၏မိတ်ဆွေများက အတည်ပြုသည်။

ကျဆုံးသွားသည့် PDF တပ်ဖွဲ့ဝင်မှာ ကိုအာကာဆိုသူဖြစ်ပြီး ၎င်းနှင့်အတူ အခြားရဲဘော်တစ်ဦးတို့သည် စစ်ကောင်စီတပ်များ၏ မြေပြင်ပစ်ခတ်မှုအတွင်း ပိတ်မိခဲ့ရာမှ ရဲဘော်အာကာ ကျဆုံးခဲ့ခြင်းဖြစ်သည်။

ကိုအာကာအပါအဝင် PDF တပ်ဖွဲ့ဝင်များ ရောက်ရှိနေသည့် လေးကေ့ကော်မြို့သစ် ထီးမယ်ဝါးခီးနှင့် မဲ့ထော်သလေးတို့တွင် ဒီဇင်ဘာ ၂၅ ရက်ကတည်းက စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးရာချီပစ်ခတ်မှုများ ရှိခဲ့သည်။

“ညီလေးရာ မင်းလိုင်းမတက်လို့ ငါစိတ်တွေပူနေတာကွ RIP တွေ ငါတို့မအော်ချင်တော့ဘူး အကိုတာဝန် မကြေးဘူးကွာ”ဟု ကိုအာကာနှင့် တပ်ရင်းတစ်ခုတည်းမှ PDF တပ်ဖွဲ့ဝင်တစ်ဦးက ၎င်း၏လူမှုကွန်ရက်တွင် ရေးသားထားသည်။

အထက်ပါတိုက်ပွဲများအတွင်း ကိုအာကာကျဆုံးမှုကို ၎င်းနှင့်အတူ စစ်ကောင်စီတပ်များနှင့် ထိပ်တိုက် တွေ့ဆုံခဲ့သည့် အခြားရဲဘော်တစ်ဦး အသက်မသေဘဲ ထွက်ပြေးလွတ်မြောက်လာရာမှ အတည်ပြုချက် ရရှိခဲ့ခြင်းဖြစ်သည်။

လေးကေ့ကော်မြို့သစ်အနီးဝန်းကျင်ရှိ ထီးမယ်ဝါးခီးနှင့် မဲ့ထော်သလေးတိုက်ပွဲများအတွင်း ဒီဇင်ဘာ ၂၅ ရက်တိုက်ပွဲတွင် PDF တပ်ဖွဲ့ဝင် သုံးဦးကျဆုံးခဲ့သည်။

ယခုထပ်မံကျဆုံးကြောင်း အတည်ပြုချက်ရရှိသည့် ကိုအာကာမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန တောင်ပိုင်းတိုင်းစစ်ဌာနချုပ်အောက်ရှိ အစုအဖွဲ့တစ်ခုမှ PDF တပ်ဖွဲ့ဝင်တစ်ဦးဖြစ်ကာ စနိုက်ပါသမားတစ်ဦးသည်။

Zawgyi

ေလးေက့ေကာ္ၿမိဳ႕သစ္အနီးတိုက္ပြဲတြင္ PDF ရဲေဘာ္တစ္ဦး ထပ္မံက်ဆုံး

ေလးေက့ေကာ္ၿမိဳ႕သစ္ႏွင့္ အနီးဝန္က်င္ေက်း ႐ြာမ်ားတြင္ျဖစ္ပြားေနသည့္ တိုက္ပြဲအတြင္း ျပည္သူ႕ကာကြယ္ ေရးတပ္ဖြဲ႕(PDF)ဝင္ ရဲေဘာ္တစ္ဦး ထပ္မံက်ဆုံးသြားေၾကာင္း က်ဆုံးရဲေဘာ္၏မိတ္ေဆြမ်ားက အတည္ျပဳသည္။

က်ဆုံးသြားသည့္ PDF တပ္ဖြဲ႕ဝင္မွာ ကိုအာကာဆိုသူျဖစ္ၿပီး ၎ႏွင့္အတူ အျခားရဲေဘာ္တစ္ဦးတို႔သည္ စစ္ေကာင္စီတပ္မ်ား၏ ေျမျပင္ပစ္ခတ္မႈအတြင္း ပိတ္မိခဲ့ရာမွ ရဲေဘာ္အာကာ က်ဆုံးခဲ့ျခင္းျဖစ္သည္။

ကိုအာကာအပါအဝင္ PDF တပ္ဖြဲ႕ဝင္မ်ား ေရာက္႐ွိေနသည့္ ေလးေက့ေကာ္ၿမိဳ႕သစ္ ထီးမယ္ဝါးခီးႏွင့္ မဲ့ေထာ္သေလးတို႔တြင္ ဒီဇင္ဘာ ၂၅ ရက္ကတည္းက စစ္ေကာင္စီဘက္က ေလေၾကာင္းတိုက္ခိုက္မႈႏွင့္ လက္နက္ႀကီးရာခ်ီပစ္ခတ္မႈမ်ား ႐ွိခဲ့သည္။

“ညီေလးရာ မင္းလိုင္းမတက္လို႔ ငါစိတ္ေတြပူေနတာကြ RIP ေတြ ငါတို႔မေအာ္ခ်င္ေတာ့ဘူး အကိုတာဝန္ မေၾကးဘူးကြာ”ဟု ကိုအာကာႏွင့္ တပ္ရင္းတစ္ခုတည္းမွ PDF တပ္ဖြဲ႕ဝင္တစ္ဦးက ၎၏လူမႈကြန္ရက္တြင္ ေရးသားထားသည္။

အထက္ပါတိုက္ပြဲမ်ားအတြင္း ကိုအာကာက်ဆုံးမႈကို ၎ႏွင့္အတူ စစ္ေကာင္စီတပ္မ်ားႏွင့္ ထိပ္တိုက္ ေတြ႕ဆုံခဲ့သည့္ အျခားရဲေဘာ္တစ္ဦး အသက္မေသဘဲ ထြက္ေျပးလြတ္ေျမာက္လာရာမွ အတည္ျပဳခ်က္ ရ႐ွိခဲ့ျခင္းျဖစ္သည္။

ေလးေက့ေကာ္ၿမိဳ႕သစ္အနီးဝန္းက်င္႐ွိ ထီးမယ္ဝါးခီးႏွင့္ မဲ့ေထာ္သေလးတိုက္ပြဲမ်ားအတြင္း ဒီဇင္ဘာ ၂၅ ရက္တိုက္ပြဲတြင္ PDF တပ္ဖြဲ႕ဝင္ သုံးဦးက်ဆုံးခဲ့သည္။

ယခုထပ္မံက်ဆုံးေၾကာင္း အတည္ျပဳခ်က္ရ႐ွိသည့္ ကိုအာကာမွာ အမ်ိဳးသားညီၫြတ္ေရးအစိုးရ(NUG)၊ ကာကြယ္ေရးဝန္ႀကီးဌာန ေတာင္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ေအာက္႐ွိ အစုအဖြဲ႕တစ္ခုမွ PDF တပ္ဖြဲ႕ဝင္တစ္ဦးျဖစ္ကာ စႏိုက္ပါသမားတစ္ဦးသည္။

About the author

admin

Add Comment

Click here to post a comment