Local News

လျှပ်စစ်ခရီးသည်တင်ကား(E Bus)တွေ ပြည်တွင်းဈေးကွက်မှာ ထုတ်လုပ်ဖြန့်ချိနိုင်ဖို့ စီစဉ်နေဟုဆို

လျှပ်စစ်ခရီးသည်တင်ကား(E Bus)တွေ ပြည်တွင်းဈေးကွက်မှာ ထုတ်လုပ်ဖြန့်ချိနိုင်ဖို့ စီစဉ်နေဟုဆို

လျှပ်စစ်ခရီးသည်တင်ကား (E-Bus) တွေ ပြည်တွင်းဈေးကွက်မှာ ထုတ်လုပ်ဖြန့်ချိနိုင်ဖို့အတွက် ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊

ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက SC Auto (Myanmar) Co., Ltdနဲ့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။…

မင်္ဂလာဒုံမြို့နယ် ရန်ကုန်စက်မှုဇုန်၌ ရာနှုန်းပြည့် နိုင် ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် လုပ်ငန်းလုပ်ကိုင်ဆော င်ရွက်နေသည့်SC Auto သည် စင်္ကာပူနိုင်ငံတွင် လျှပ်စစ်ဘတ်စ်ကားများ ထုတ်လုပ်နိုင်ရေးအတွက် သုတေသနလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး…

နှစ်အနည်းငယ်အတွင်းတွင် မြန်မာနိုင်ငံ၌လည်း လျှပ်စစ်ဘတ်စ်ကားများ တပ်ဆင်ထုတ်လုပ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိတယ်လို့ဆိုပါတယ်။

SC Auto သည် SC NEUSTAR အမှတ်တံဆိပ်ဥရောပ စံချိန်စံညွှန်းမီ ခရီးသည်တင် ဘတ်စ်ကားများတပ်ဆင်ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ…

အဆိုပါ စက်ရုံမှ တစ်နှစ်လျှင်ဘတ်စ်ကားစီးရေ ၆၀၀ အထိ CKD စနစ်ဖြင့်ထုတ်လုပ်နိုင်ပြီး ထုတ်လုပ်မှု၏ ၅၀ ရာခိုင်နှုန်းကို အာဆီယံနိုင်ငံများသို့တင်ပို့နိုင်ရန် ပြင်ဆင်ဆောင်ရွက်လျှက်ရှိသည့် ကုမ္ပဏီတစ်ခုဟုထုတ်ပြန်ချက်အရ သိရှိရပါတယ်။….

ဝန်ကြီး ဦးအောင်နိုင်ဦးက နိုဝင်ဘာ ၂၂ ရက်နေ့ နေ့လ ယ်က SC Auto ရဲ့ ဒါရိုက်တာအဖွဲ့နဲ့ ဗီဒီယိုကွန်ဖရင့်နဲ့ တွေ့ဆုံပြီး လျှပ်စစ်ခရီးသည်တင်ကားတွေ ပြည်တွင်းဈေးကွက်မှာ ထုတ်လုပ်ဖြန့်ချိနိုင်ရေးနဲ့

လို အပ်တဲ့ ယာဉ်ပစ္စည်းတွေ တင်သွင်းရာမှာ အခက်အခဲမရှိအောင် ဆောင်ရွက်ပေးမယ့် အစီအစဉ်တွေ ဆွေးနွေးခဲ့တာဖြစ်တယ်လို့သိရပါတယ်။…

ဒါ့အပြင် SC Auto ရဲ့ မော်တော်ယာဉ်ထုတ်လုပ်မှုအခြေအနေ၊ ပြည်တွင်းဈေးကွက်မှာ ဖြန့်ဖြူးရောင်းချတဲ့ အခြေအနေနဲ့

ထုတ်လုပ်ပြီးတဲ့ လူစီးဘတ်စ်ယာဉ်တွေကို ပြည်ပကို တင်ပို့မယ့် အစီအစဉ်တွေနဲ့ ပတ်သ က်လည်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။…

Zawgyi

လွ်ပ္စစ္ခရီးသည္တင္ကား(E Bus)ေတြ ျပည္တြင္းေဈးကြက္မွာ ထုတ္လုပ္ျဖန္႔ခ်ိႏိုင္ဖို႔ စီစဥ္ေနဟုဆို

လွ်ပ္စစ္ခရီးသည္တင္ကား (E-Bus) ေတြ ျပည္တြင္းေဈးကြက္မွာ ထုတ္လုပ္ျဖန္႔ခ်ိႏိုင္ဖို႔အတြက္ ရင္းႏွီး ျမႇဳပ္ႏွံမႈႏွင့္ ႏိုင္ငံျခားစီးပြားဆက္သြယ္ေရး ဝန္ႀကီးဌာန၊

ျပည္ေထာင္စုဝန္ႀကီး ဦးေအာင္ႏိုင္ဦးက SC Auto (Myanmar) Co., Ltdနဲ႔ ေဆြးေႏြးခဲ့တယ္လို႔ သိရပါတယ္။…

မဂၤလာဒုံၿမိဳ႕နယ္ ရန္ကုန္စက္မႈဇုန္၌ ရာႏႈန္းျပည့္ ႏိုင္ ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈျဖင့္ လုပ္ငန္းလုပ္ကိုင္ေဆာ င္႐ြက္ေနသည့္SC Auto သည္ စကၤာပူႏိုင္ငံတြင္ လွ်ပ္စစ္ဘတ္စ္ကားမ်ား ထုတ္လုပ္ႏိုင္ေရးအတြက္ သုေတသနလုပ္ငန္းမ်ား ေဆာင္႐ြက္လ်က္႐ွိၿပီး…

ႏွစ္အနည္းငယ္အတြင္းတြင္ ျမန္မာႏိုင္ငံ၌လည္း လွ်ပ္စစ္ဘတ္စ္ကားမ်ား တပ္ဆင္ထုတ္လုပ္ႏိုင္ေရး ျပင္ဆင္ေဆာင္႐ြက္လ်က္႐ွိတယ္လို႔ဆိုပါတယ္။

SC Auto သည္ SC NEUSTAR အမွတ္တံဆိပ္ဥေရာပ စံခ်ိန္စံၫႊန္းမီ ခရီးသည္တင္ ဘတ္စ္ကားမ်ားတပ္ဆင္ထုတ္လုပ္ေရာင္းခ်ျခင္းလုပ္ငန္းကို ေဆာင္႐ြက္လ်က္႐ွိရာ…

အဆိုပါ စက္႐ုံမွ တစ္ႏွစ္လွ်င္ဘတ္စ္ကားစီးေရ ၆၀၀ အထိ CKD စနစ္ျဖင့္ထုတ္လုပ္ႏိုင္ၿပီး ထုတ္လုပ္မႈ၏ ၅၀ ရာခိုင္ႏႈန္းကို အာဆီယံႏိုင္ငံမ်ားသို႔တင္ပို႔ႏိုင္ရန္ ျပင္ဆင္ေဆာင္႐ြက္လွ်က္႐ွိသည့္ ကုမၸဏီတစ္ခုဟုထုတ္ျပန္ခ်က္အရ သိ႐ွိရပါတယ္။….

ဝန္ႀကီး ဦးေအာင္ႏိုင္ဦးက ႏိုဝင္ဘာ ၂၂ ရက္ေန႔ ေန႔လ ယ္က SC Auto ရဲ႕ ဒါ႐ိုက္တာအဖြဲ႕နဲ႔ ဗီဒီယိုကြန္ဖရင့္နဲ႔ ေတြ႕ဆုံၿပီး လွ်ပ္စစ္ခရီးသည္တင္ကားေတြ ျပည္တြင္းေဈးကြက္မွာ ထုတ္လုပ္ျဖန္႔ခ်ိႏိုင္ေရးနဲ႔

လို အပ္တဲ့ ယာဥ္ပစၥည္းေတြ တင္သြင္းရာမွာ အခက္အခဲမ႐ွိေအာင္ ေဆာင္႐ြက္ေပးမယ့္ အစီအစဥ္ေတြ ေဆြးေႏြးခဲ့တာျဖစ္တယ္လို႔သိရပါတယ္။…

ဒါ့အျပင္ SC Auto ရဲ႕ ေမာ္ေတာ္ယာဥ္ထုတ္လုပ္မႈအေျခအေန၊ ျပည္တြင္းေဈးကြက္မွာ ျဖန္႔ျဖဴးေရာင္းခ်တဲ့ အေျခအေနနဲ႔

ထုတ္လုပ္ၿပီးတဲ့ လူစီးဘတ္စ္ယာဥ္ေတြကို ျပည္ပကို တင္ပို႔မယ့္ အစီအစဥ္ေတြနဲ႔ ပတ္သ က္လည္း ေဆြးေႏြးခဲ့တယ္လို႔ သိရပါတယ္။…

About the author

admin

Add Comment

Click here to post a comment