Local News

လွတ်မြောက်နယ်မြေအတွင်း “နွေဦးကျန်းမာ“ ပြည်သူ့ဆေးရုံ စတင်ဖွင့်လှစ်

လွတ်မြောက်နယ်မြေအတွင်း “နွေဦးကျန်းမာ“ ပြည်သူ့ဆေးရုံ စတင်ဖွင့်လှစ်

တိုင်းရင်းသားဒေသ လွတ်မြောက်နယ်မြေအတွင်း “နွေဦးကျန်းမာ“အမည်ဖြင့် ပြည်သူ့ဆေးရုံအား ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့တွင် စတင်ဖွင့်လှစ်နိုင်ပြီဖြစ်ကြောင်း ​ဆေးတက္ကသိုလ်(၂)(Yangon Student Committe)က ထုတ်ပြန်သည်။

အဆိုပါ ဆေးရုံကို ဆေးတက္ကသိုလ်(၂) ရန်ကုန် ကျောင်းသားကော်မတီမှဦးစီး၍ စေတနာ့ဝန်ထမ်း ဆရာ၊ဆရာမများဖြင့် ပြည်သူများအား ကုသမှုလုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။

“နွေဦးကျန်းမာ“ ပြည်သူ့ဆေးရုံကို လက်ရှိတွင် အထွေထွေရောဂါကုနှင့် သင်ကြားရေး ပြည်သူ့ဆေးရုံအဖြစ် ဖွင့်လှစ်ထားသော်လည်း နောက်ပိုင်းတွင် အတွင်းလူနာဌာန ၊ ကလေးကုသဆောင် ၊

ခွဲစိတ်ခန်းနှင့် လူနာသယ်ယူ ပို့ဆောင်ရေးစနစ်များအားလည်း ပြင်ဆင်လျက်ရှိပြီးလိုအပ်သည့် ဆေးဝါးနှင့် စက်ပစ္စည်းများအား တပ်ဆင်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုကဲ့သို့ အဆင့်မြှင့်တင်ပြီးပါက ကျေးရွာပေါင်း ၃၀ ကျော်နှင့် လူဦးရေ ၁၅,၀၀၀ ကျော်ထိ ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်နိုင်မည်ဖြစ်ကြောင်း အဆိုပါ​ကော်မတီက ထုတ်ပြန်ထားသည်။

လက်ရှိတွင် နွေဦးကျန်းမာ ပြည်သူ့ဆေးရုံ၌ ဆေးဝါးနှင့် အထွေထွေ လိုအပ်ချက်များ ရှိနေသည့်အတွက် ပြည်သူများအနေဖြင့် ပူးပေါင်း လှူဒါန်း၍ ဖြည့်ဆည်းပေးရန်လည်း ကော်မတီက မေတ္တာရပ်ခံထားသည်။

ဓာတ်ပုံ – University of Medicine 2 (Yangon Student Committe)

Zawgyi

လြတ္ေျမာက္နယ္ေျမအတြင္း “ေႏြဦးက်န္းမာ“ ျပည္သူ႕ေဆး႐ုံ စတင္ဖြင့္လွစ္

တိုင္းရင္းသားေဒသ လြတ္ေျမာက္နယ္ေျမအတြင္း “ေႏြဦးက်န္းမာ“အမည္ျဖင့္ ျပည္သူ႕ေဆး႐ုံအား ဇန္နဝါရီ ၄ ရက္ လြတ္လပ္ေရးေန႔တြင္ စတင္ဖြင့္လွစ္ႏိုင္ၿပီျဖစ္ေၾကာင္း ​ေဆးတကၠသိုလ္(၂)(Yangon Student Committe)က ထုတ္ျပန္သည္။

အဆိုပါ ေဆး႐ုံကို ေဆးတကၠသိုလ္(၂) ရန္ကုန္ ေက်ာင္းသားေကာ္မတီမွဦးစီး၍ ေစတနာ့ဝန္ထမ္း ဆရာ၊ဆရာမမ်ားျဖင့္ ျပည္သူမ်ားအား ကုသမႈလုပ္ေဆာင္မည္ ျဖစ္ေၾကာင္း သိရသည္။

“ေႏြဦးက်န္းမာ“ ျပည္သူ႕ေဆး႐ုံကို လက္႐ွိတြင္ အေထြေထြေရာဂါကုႏွင့္ သင္ၾကားေရး ျပည္သူ႕ေဆး႐ုံအျဖစ္ ဖြင့္လွစ္ထားေသာ္လည္း ေနာက္ပိုင္းတြင္ အတြင္းလူနာဌာန ၊ ကေလးကုသေဆာင္ ၊

ခြဲစိတ္ခန္းႏွင့္ လူနာသယ္ယူ ပို႔ေဆာင္ေရးစနစ္မ်ားအားလည္း ျပင္ဆင္လ်က္႐ွိၿပီးလိုအပ္သည့္ ေဆးဝါးႏွင့္ စက္ပစၥည္းမ်ားအား တပ္ဆင္လ်က္႐ွိေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ထိုကဲ့သို႔ အဆင့္ျမႇင့္တင္ၿပီးပါက ေက်း႐ြာေပါင္း ၃၀ ေက်ာ္ႏွင့္ လူဦးေရ ၁၅,၀၀၀ ေက်ာ္ထိ က်န္းမာေရးေစာင့္ေ႐ွာက္မႈ ျပဳလုပ္ႏိုင္မည္ျဖစ္ေၾကာင္း အဆိုပါ​ေကာ္မတီက ထုတ္ျပန္ထားသည္။

လက္႐ွိတြင္ ေႏြဦးက်န္းမာ ျပည္သူ႕ေဆး႐ုံ၌ ေဆးဝါးႏွင့္ အေထြေထြ လိုအပ္ခ်က္မ်ား ႐ွိေနသည့္အတြက္ ျပည္သူမ်ားအေနျဖင့္ ပူးေပါင္း လႉဒါန္း၍ ျဖည့္ဆည္းေပးရန္လည္း ေကာ္မတီက ေမတၱာရပ္ခံထားသည္။

ဓာတ္ပုံ – University of Medicine 2 (Yangon Student Committe)

About the author

admin

Add Comment

Click here to post a comment