Local News

လွတ်လမ်းမရှိတော့တဲ့ စကစ တို့အတွက် အသေအချာတွက်လိုက်တဲ့ နိုင်ငံတကာသတင်းဌာနများ

လွတ်လမ်းမရှိတော့တဲ့ စကစ တို့အတွက် အသေအချာတွက်လိုက်တဲ့ နိုင်ငံတကာသတင်းဌာနများ

” လွတ်ငြိမ်းချမ်းသာခွင့် ကြေငြာတဲ့အထဲမှာ ဂျာနယ်လစ် ၊ နာမည်ကြီးအနုပညာရှင်အချို့ နဲ့ အွန်လိုင်းပေါ်မှာ သြဇာလွှမ်းမိုးသူအချို့ ပါဝင်ခဲ့ပေမယ့် ၊ ဒေါ်အောင်ဆန်းစုကြည်လို အရေးကြီးတဲ့ ခေါင်းဆောင်တွေတော့ မပါသေးပါဘူး “လို့ အေပီသတင်းဌာနနဲ့ နိုင်ငံတကာ သတင်းဌာနကြီးတွေက ထုတ်ပြောထားပါတယ် ။

” နိုင်ငံရေးအကျဉ်းသား ၉ ၀၄၃ ဦးကို ဖမ်းဆီးထားပေမယ့် ၊ ၇၃၅၅ ဦး ဖမ်းဆီးထားတယ်လို့ စစ်ကောင်စီဘက်က ကြေငြာတာဟာလည်း စဉ်းစားစရာပါ ” လို့ ဖော်ပြထားပါတယ် ။

( စာရေးသူတွေ့တဲ့ အယ်လ်ဂျာဇီးယား သတင်းဌာနကတော့ ” မင်းအောင်လှိုင်က အာဆီယံရဲ့ ပစ်ပယ်မှု့ခံရချိန်မှာ ၊ ပြည်သူတွေရဲ့ တုံ့ပြန်တဲ့ပြစ်မှု့ကိုတော့ အာဆီယံက မသိသလိုလုပ်နေတယ် ” လို့ သတင်းရေးထားပါတယ် ။

သုံးသပ်ရမယ်ဆိုရင် ….၊
နွေဦးတော်လှန်ရေးရဲ့ အခြေအနေကို ဝါရင့် သတင်းဌာနကြီးတွေက ပိုလို့ သုံးသပ်တတ်ပါတယ် ။ ဒီနေ့ အယ်လ်ဂျာဇီးယား သတင်းဌာနက မင်းအောင်လှိုင် လို့ သုံးနှုံးလိုက်ပါတယ် ။ နိုင်ငံတကာ သတင်းဌာန တစ်ခုရဲ့ သုံးနှုံးပုံဟာ အနိမ့်ပိုင်းဆီ တဖြေးဖြေးရွေ့လာတဲ့ စစ်ကောင်စီခေါင်းဆောင်ကို အသေအချာ တွက်ထားပုံပါပဲ ။ )

နိုင်ငံပိုင် သတင်းဌာနကနေ ၁၃ မိနစ်စာ မိန့်ခွန်းမှာ မင်းအောင်လှိုင်က
” အကြမ်းဖက်မှု့ကို လှုံ့ဆော်သူတွေရှိလို့ ၊ အကြမ်းဖက်မှု့တွေ တိုးပွားနေတာပါ ။ ဘယ်သူကမှ သူတို့ရဲ့ အကြမ်းဖက်မှု့ကို ဂရုမစိုက်ဘူး ။ ဒီကိစ္စကို ငါတို့ ဖြေရှင်းဖို့ တောင်းဆိုနေတာပါ ” လို့ တုံ့ပြန်ခဲ့ပါတယ်လို့ အေပီသတင်းကဆိုပါတယ် ။

သို့ပေမယ့် ၊ ဒါဟာ ဖေဖော်ဝါရီ အာဏာသိမ်းမှု့ကြောင့် ဖြစ်ပေါ်ခဲ့တဲ့ ခုခံစစ်ပါ ။ တကယ်လို့ ဖေဖော်ဝါရီမှာ အာဏာမသိမ်းခဲ့ရင် ဒီခုခံစစ်ဟာ ဖြစ်လာမှာမဟုတ်ပါဘူး ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိူးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရခဲ့ပေမယ့် စစ်တပ်က ဒီမိုကရေစီကို အများသဘောမပါပဲ အဆုံးသတ်ဖို့ ကြိူစားလိုက်တာပါ ။

စက်တင်ဘာလ အစောပိုင်းမှာ ဒီဒေးကြေငြာခဲ့တဲ့ အမျိူးသားစည်းလုံးညီညွတ်ရေးအစိုးရက အာဆီယံရဲ့ မင်းအောင်လှိုင် ပယ်ထုတ်မှု့အပေါ်မှာ ကြိူဆိုလိုက်ပါတယ် ။ NUG ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဆာဆာက
” မင်းအောင်လှိုင်မပါတဲ့ အာဆီယံရဲ့ အရေးကြီးတဲ့ခြေလှမ်းကို ကြိူဆိုပေမယ့် ၊ အာဆီယံဟာ NUG ကို သင့်တော်တဲ့ ကိုယ်စားလှယ်အဖြစ် အသိအမှတ်ပြုပေးဖို့ တောင်းဆိုပါတယ် ” လို့ တင်ပြထားပါတယ် ။

အာဆီယံဘက်ကတော့ သဘောတူထားတဲ့ အချက် ၅ ချက်နဲ့ အထူးသံတမန်ရဲ့ တောင်းဆိုမှု့တွေကို ပယ်ချခဲ့ကတည်းက စစ်ကောင်စီကို အသိအမှတ်မပြုဖို့ သဘောတူညီမှု့ ရခဲ့ပါတယ် ။

မြန်မာစစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကတော့
” အာဆီယံမူကို ဆန့်ကျင်ပြီး နိုင်ငံခြားစွက်ဖက်မှု့ကို လက်ခံတဲ့အတွက် ပြင်းထန်စွာ ရှုတ်ချတယ် ” လို့ တုံ့ပြန်ထားပါတယ် ။ တနင်္လာနေ့မှာ နိုင်ငံပိုင် ရုပ်မြင်သံကြားကနေ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးမယ်လို့ ကြေငြာခဲ့ပေမယ့် အရေးကြီးတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အခြာပုဂ္ဂိုလ်တွေ မပါဝင်သေးပါဘူး ။

ဒါကတော့ နိုင်ငံတကာ သတင်းဌာနတွေက ဝေဖန်ထားတဲ့ မြန်မာ့အရေးပါ ။ ဒီနေ့တွေ့ရတဲ့ သတင်းတွေကတော့ လွှတ်ပေးသူအချို့ကို ပြန်ဖမ်းတယ်ဆိုတာတွေ ကြားနေရပါတယ် ။ မြန်မာစစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ဝေ့လည်ရှောင်ပတ်လုပ်နေကတည်းက တိုင်းပြည်ကို ဆက်လက်ဖျက်စီးဖို့ လက်မလျှော့သေးဘူးလို့ နိုင်ငံတကာက ဝေဖန်ထားပါတယ် ။

ဒီလိုဝေဖန်မှု့တွေနဲ့အတူ နိုင်ငံတကာရဲ့ ဖိအားက တစ်နေ့ထက်တစ်နေ့ ပြင်းထန်လို့ လာပါပြီ ။ ပြည်တွင်းခုခံစစ်ကလည်း ကြီးထွားလာခဲ့ပါပြီ ။ ဒီအချိန်မှာ စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးတွေနဲ့ လက်နက်ကိုင်တွေဟာ တိုင်းပြည်အတွက် အကောင်းဆုံး ပြုပြင်မှု့တွေနဲ့ NUG ကို ကမ်းလှမ်းမှသာ လွတ်လမ်းရှိပါတော့မယ် လို့ သုံးသပ်ချင်ပါတယ် ။

ဘကြီးအောင် LA
၁၈ အောက်တိုဘာ ၊ ၂၀၂၁