လွန်ခဲ့တဲ့ ၅ နှစ်လောက်က ဖြစ်ခဲ့တဲ့ အံသြစရာကောင်းတဲ့ အဖြစ်တစ်ခု (သင်ကျော်သွားရင်သိလိုက်မှာမဟုတ်ဘူးနော်)

လွန်ခဲ့တဲ့ ၅ နှစ်လောက်က ဖြစ်ခဲ့တဲ့ အံသြစရာကောင်းတဲ့ အဖြစ်တစ်ခု (သင်ကျော်သွားရင်သိလိုက်မှာမဟုတ်ဘူးနော်)

ဂျပန်နိုင်ငံက ဖြစ်ရပ်မှန်လေးတစ်ခုဖြစ်သည် ။

အိမ်များမှာအများအားဖြင့်သစ်သားနံရံပါးနှစ်ခုကိုအလယ်တွင် နေရာလွတ်လေးထားပိတ်ပြီးနံရံထူတစ်ခုအဖြစ်တည်ဆောက်တတ်ကြသည်။

တစ်နေ့ အိမ်ပြင်ရန် နံရံကိုဖွင့်ဖျက်လိုက်သောအခါ တောက်တဲ့လေးတစ်ကောင်အတွင်းပိုင်း၌ တွယ်ကပ်နေသည်ကိုတွေ့လိုက်ရ၏ ။

အပြင်မှရိုက်သောသံတစ်ချောင်းသည်ထိုအကောင်ငယ်လေး၏ ခြေတစ်ဖက်ကိုထိုးစိုက်ဝင်နေလျက်သားတွေ့လိုက်ရသည်။

သူဒီမြင်ကွင်းလေးကိုမြင်တော့ အတော်လေးသနားသွားသည် ။ ထို့နောက် သံမှိုကိုသေချာစစ်ဆေးကြည့်ရှု လိုက်သောအခါ

လွန်ခဲ့တဲ့ ၅နှစ်ခန့်အချိန် ဤအိမ်ကိုစတင်တည်ဆောက်စဉ်ကတည်း ရိုက်ထားသော
သံမှိုဖြစ်နေသောကြောင့်ပင်ပို၍ အံ့သြမှင်သက်သွားမိ၏ ။

ဘယ်လိုဖြစ်တာပါလိမ့် ။

ဒီတောက်တဲ့လေးက နေရာမရွေ့နိုင်ဘဲ၅နှစ်လောက်အသက်ရှင်နေတာ အိုးဒီမှောင်မည်းနေတဲ့ နံရံလွတ်ကြားထဲခြေတစ်ဖက်သံရိုက်ခံထားရလို့ ဘယ်မှ
မသွားနိုင်တော့ပါပဲ ၅နှစ်တောင်အသက်ရှင်နေသေးတာ ..

ဟာ! မဖြစ်နိုင်တာပဲ ဘာလုပ်နေခဲ့တာလဲ ဘယ်ကဘယ်လို အစာစားပြီး အသက်ရှင်နေခဲ့တာလဲ ဆိုတဲ့
မေးခွန်းပေါင်းများစွာနဲ့စဉ်းစားတွေးကြည့်လို့ မရတောသည့်အဆုံး

အံ့သြလွန်းကာ အလုပ်ကိုရပ်လိုက်ပြီး တောက်တဲ့
လေးကိုသာ စောင့်ကြည့်လေ့လာဖို့ဆုံးဖြတ်လိုက်သည် ။

ဒီလိုနဲ့ နံရံကို နဂိုအတိုင်းလေး ပုံမပျက်အတွင်းကို
သူမြင်နိုင်ယုံဟကာ ပြန်ကပ်လိုက်ပြီး တိတ်ဆိတ်စွာ
အသာထိုင်စောင့်ကြည့်နေလိုက်၏ ။

တော်တော်လေးကြာတော့ အခြားတောက်တဲ့တစ်ကောင်သည် ပါးစပ်နှင့်အစာအချိူ့ကိုကိုက်ချီပြီး
ရောက်လာသည် ။

ဘယ်ကရောက်လာမှန်းတော့မသိပေ ။ ထို့နောက် သံမှိုရိုက်ခံထား ရသောအကောင်ကိုအစာခွံ့ကြွေးနေလေ၏ ။ထိုမြင်ကွင်းလေးကို တွေ့ရှိပြီးနောက် သူအံ့သြမှင်သက်ကာ နက်ရှိုင်းတဲ့ခံစားမှုကြောင့်ကြက်သီးများပင်ထခဲ့ရသည် ။

ငါးနှစ်ကြာအောင် သံရိုက်ခံထားရတဲ့တောက်တဲ့လေးရဲ့အဖြစ်မလျော့သောမျှော်လင့်ချက်၊

သံရိုက်ခံထားရလို့ ခြေတစ်လှမ်းတောင်မရွှေ့နိုင်တော့တဲ့ အဖော်ဖြစ်သူကိုငါးနှစ်ကြာ ရှာကြွေးခဲ့တဲ့ တောက်တဲ့ကလေးထားမသွား လက်မလျော့သော မျှော်လင့်ချက် ။

စိတ်ကူးကြည့်လို့ ရရဲ့လားဗျာအဖော်ဖြစ်သူအပေါ် မျှော်လင့်ချက်ကို မစွန့်လွှတ်ဘဲ ငါးနှစ်ကြာအောင် မဆုတ်မနစ် ဂရုတစိုက်အစာရှာကြွေးလာခဲ့တာ ။

တစ်စုံတစ်ယောက်က သင့်ကိုအမှန်တစ်ကယ်လိုအပ်နေတဲ့အခါ မအားဘူးလို့မပြောလိုက်ပါနဲ့လားဗျာ

သင်ဟာ တစ်စုံတစ်ယောက်သောသူအတွက်မျှော်လင့်ချက် အားကိုးယုံကြည်ရာရှင်သန်မှု သူ့အတွက်သင်ဟာ ကမ္ဘာတစ်ခုတောင်ဖြစ်နေနိုင်ပါတယ် ။

ဥပေက္ခာပြုလိုက်တဲ့ အခိုက်အတန့် ခဏလေးဟာ
သင့်ကို ဘဝတစ်ခုလုံးပုံပြီးချစ်တဲ့သူတွေရဲ့ နှလုံးသားကို ကျိူးပဲ့စေတယ်။

ဖျက်ဆီးဖို့က တစ်ခဏပဲအချိန်ယူရပါတယ်။ဖန်တီးဖို့တော့ ဘဝတစ်ခုလုံးကြာတတ်တယ်ဆိုတာကို

တစ်ခုခုမပြောမိခင် အမြဲတမ်း သတိတရရှိပါစေ ။

ဘာသာပြန်- Thet Khaing

Lizard ဆိုတာ နံရံတွယ်ကပ်နိုင်တဲ့ အိမ်မြှောင်မျိုးရင်းတောက်တဲ့၊ပုတ်သင်၊ သို့မဟုတ်မျိူးတူသတ္တဝါတစ်ကောင်ကိုရည်ရွှန်းတာပါ။ အသက်အပိုင်းအခြားအရ တောက်တဲ့ ဟုသာအနီးစပ်ဆုံးထည့်သွင်းအသုံးပြုထားပါသည်။

Credit :သက်ခိုင်

Leave a Reply

Your email address will not be published.