Local News

လွိုင်ကော်ကို စစ်ကောင်စီက လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်နေ၊ မြေပြင်တိုက်ပွဲတွင် စစ်ကောင်စီတပ် အထိနာနေဟုဆို (ရုပ်/သံ)

လွိုင်ကော်ကို စစ်ကောင်စီက လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်နေ၊ မြေပြင်တိုက်ပွဲတွင် စစ်ကောင်စီတပ် အထိနာနေဟုဆို (ရုပ်/သံ‌ေအာက်တွင်ပါဝင်သည်)

ရန်ကုန်၊ ဇန်နဝါရီ ၈

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့များကြား ယနေ့ ဇန်နဝါရီလ ၈ ရက်တွင်လည်း တိုက်ပွဲများ ပြင်းထန်နေပြီး

ယနေ့ မွန်းလွဲ ၃ နာရီ နှင့် ၄ နာရီကြားတွင် စစ်ကောင်စီက ဂျက်လေယာဉ်များ၊ Mi35p တိုက်ခိုက်ရေးရဟတ်ယာဉ်များဖြင့်ပါ ပစ်ခတ်တိုက်ခိုက်နေသည်။

လွိုင်ကော်မြို့၊ မိုင်းလုံးနှင့် ပန်ကန်းရပ်ကွက်များတွင် ကရင်နီတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ရာနေရာများသို့ စစ်ကောင်စီက လွိုင်ကော် အမြှောက်ကုန်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသလို၊

မြေပြင်တွင်လည်း သံချပ်ကာ အမြှောက်ကားများ အသုံးပြုတိုက်ခိုက်နေပြီး ယနေ့တွင် ရဟတ်ယာဉ်ဖြင့်ပါ ပစ်ခတ်တိုက်ခိုက်နေခြင်းဖြစ်သည်။

တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အထိနာ၍ လေကြောင်းပစ်ကူပါ သုံးနေတာဖြစ်ကြောင်း ကရင်နီသတင်းရင်းမြစ်ထံမှ သိရှိရပြီး စစ်ကောင်စီတပ်သား သေဆုံးစာရင်းကိုမူ အတည်ပြုနိုင်ခြင်းမရှိသေးပေ။

Video – CJ

Zawgyi

လြိဳင္ေကာ္ကို စစ္ေကာင္စီက ေလေၾကာင္းမွ ပစ္ခတ္တိုက္ခိုက္ေန၊ ေျမျပင္တိုက္ပြဲတြင္ စစ္ေကာင္စီတပ္ အထိနာေနဟုဆို (႐ုပ္/သံ)

ရန္ကုန္၊ ဇန္နဝါရီ ၈

ကရင္နီျပည္နယ္၊ လြိဳင္ေကာ္ၿမိဳ႕တြင္ အၾကမ္းဖက္စစ္ေကာင္စီတပ္ႏွင့္ ကရင္နီပူးေပါင္းတပ္ဖြဲ႕မ်ားၾကား ယေန႔ ဇန္နဝါရီလ ၈ ရက္တြင္လည္း တိုက္ပြဲမ်ား ျပင္းထန္ေနၿပီး

ယေန႔ မြန္းလြဲ ၃ နာရီ ႏွင့္ ၄ နာရီၾကားတြင္ စစ္ေကာင္စီက ဂ်က္ေလယာဥ္မ်ား၊ Mi35p တိုက္ခိုက္ေရးရဟတ္ယာဥ္မ်ားျဖင့္ပါ ပစ္ခတ္တိုက္ခိုက္ေနသည္။

လြိဳင္ေကာ္ၿမိဳ႕၊ မိုင္းလုံးႏွင့္ ပန္ကန္းရပ္ကြက္မ်ားတြင္ ကရင္နီတပ္ဖြဲ႕မ်ားႏွင့္ တိုက္ပြဲျဖစ္ရာေနရာမ်ားသို႔ စစ္ေကာင္စီက လြိဳင္ေကာ္ အေျမႇာက္ကုန္းမွ လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္ေနသလို၊

ေျမျပင္တြင္လည္း သံခ်ပ္ကာ အေျမႇာက္ကားမ်ား အသုံးျပဳတိုက္ခိုက္ေနၿပီး ယေန႔တြင္ ရဟတ္ယာဥ္ျဖင့္ပါ ပစ္ခတ္တိုက္ခိုက္ေနျခင္းျဖစ္သည္။

တိုက္ပြဲတြင္ စစ္ေကာင္စီဘက္မွ အထိနာ၍ ေလေၾကာင္းပစ္ကူပါ သုံးေနတာျဖစ္ေၾကာင္း ကရင္နီသတင္းရင္းျမစ္ထံမွ သိ႐ွိရၿပီး စစ္ေကာင္စီတပ္သား ေသဆုံးစာရင္းကိုမူ အတည္ျပဳႏိုင္ျခင္းမ႐ွိေသးေပ။

Video – CJ

About the author

admin

Add Comment

Click here to post a comment