Local News

ဝက်ကျောက်ကပ်ကို လူတွင် အစားထိုးနိုင်ကြောင်း ဆရာဝန်များ အောင်မြင်စွာစမ်းသပ်နိုင်ခဲ့

ဝက်ကျောက်ကပ်ကို လူတွင် အစားထိုးနိုင်ကြောင်း ဆရာဝန်များ အောင်မြင်စွာစမ်းသပ်နိုင်ခဲ့

ပထမဆုံးအကြိမ် ဝက်ရဲ့ကျောက်ကပ်ကို လူရဲ့ ကိုယ်ခံအားစနစ်က ငြင်းဆန်ခြင်းမပြုဘဲ အောင်မြင်စွာအစား ထိုးစမ်းသပ်နိုင်ခဲ့ပါတယ်။

ယခုကဲ့သို့ အောင်မြင်ခြင်းသည် အလားအလာကြီးသော တိုးတက်မှုတစ်ခုဖြစ်ပြီး အစားထိုးရန် လူသားအင်္ဂါများ ဆုံးရှုံးမှု များပြားခြင်းပြသာနာကို ကူညီပေးနိုင်မှာပဲဖြစ်ပါတယ်။

ယခုစမ်းသပ်မှုကို နယူးယောက်မြို့ရှိ NYU Langone Health တွင် ပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။ မျိုးရိုးဗီဇပြောင်းလဲထားမှုကြောင့်လူ့ခန္ဓာကိုယ်တွင် အစားထိုးရာမှာ လက်မခံနိုင်တဲ့ တစ်ရှူးများ မပါဝင်တဲ့ ဝက်တစ်ကောင်ရဲ့ ကျောက်ကပ်ကို စမ်းသပ်မှုတွင် အသုံးပြုခဲ့တာဖြစ်ပါတယ်။

အစားထိုးရာတွင် လက်ခံတဲ့ လူနာဟာ ဦးနှောက်သေနေသော လူနာဖြစ်ပြီး ကျောက်ကပ်လည်းကောင်းစွာအလုပ်မလုပ်တော့တဲ့ လူနာတစ်ယောက်ဖြစ်ပါတယ်။ ယခုစမ်းသပ်မှုအတွက် သူမရဲ့ မိသားစုရဲ့ လက်ခံချက်နဲ့အတူ ပြုလုပ်ခဲ့တာပါ။

လူနာရဲ့ သွေးကြောများနဲ့ဝက်ကျောက်ကပ်ကို ချိတ်ဆက်လျက် သုံးရက်ကြာအောင် ခန္ဓာကိုယ်အပြင်ဘက်မှာ ထိန်းသိမ်းမှု သုံးရက်ကြာပြုလုပ်ခဲ့တယ်လို့ စမ်းသပ်မှုတွင် ပါဝင်သူများက ဆိုပါတယ်။

စမ်းသပ်မှုကို ဦးဆောင်သူ အစားထိုးခွဲစိတ်ဆရာဝန်ဖြစ်သူ ဒေါက်တာရောဘက် ကတော့ အစားထိုးခွဲစိတ်မှုရဲ့ ရလဒ်အရ ကျောက်ကပ်ဟာပုံမှန်အတိုင်းအလုပ်လုပ်နေကြောင်းဆိုပါတယ်။

“NYU ရဲ့ စမ်းသပ်ချက်အောင်မြင်ခြင်းသည် ကျောက်ကပ်လုပ်ဆောင်ချက် လုံးဝမရှိတော့တဲ့ လူနာတွေအတွက် စမ်းသပ်နိုင်ဖို့ လမ်းကြောင်းအသစ်တစ်ခုဖြစ်ပြီး နောက်နှစ်နှစ် ဒါမှမဟုတ် သုံးနှစ်အတွင်း လုပ်ဆောင်နိုင်မယ်” လို့

ဒေါက်တာ ရောဘက်က ဆိုပါတယ်။ အစားထိုးပေးနိုင်မယ့် လူ့ကျောက်ကပ်မရရှိမချင်း ပြင်းထန်လူနာများအတွက် ခေတ္တအစားထိုးပြီး အသက်ဆက်နိုင်မယ့် ရေတိုဖြေရှင်းနည်း တစ်ခုဖြစ်ဖို့ မျှော်လင့်လျက်ရှိနေကြတာပဲဖြစ်ပါတယ်။

Ref MyanmaPlatform

About the author

admin

Add Comment

Click here to post a comment