Local News

ဝေဖန်ကန့်ကွက်မှု​တွေကြားက ဟွန်ဆန် မြန်မာနိုင်ငံသို့ရောက်လာ

ဝေဖန်ကန့်ကွက်မှု​တွေကြားက ဟွန်ဆန်မြန်မာနိုင်ငံလာ

မြန်မာပြည်သူ​တွေက ပြင်းပြင်းထန်ထန်ကန့်ကွက်​​နေတဲ့ကြားက​​နေပဲ က​မ္ဘောဒီးယား ဝန်ကြီးချုပ်အာဏာရှင် ဟွန်ဆန်ကမြန်မာနိုင်ငံကို နှစ်ရက်တာခရီးစဥ် ထွက်လာပြီလို့ သူ့ရဲ့​ဖေစ်ဘွခ်စာမျက်နှာက​နေ ထုတ်ပြန်လိုက်ပါတယ်။

ဒီနေ့(ဇန်နဝါရီ ၇)နံနက် မြန်မာစံ​တော်ချိန် ၇ နာရီ ၄၀ မီနစ်​ကျော်မှာ ဟွန်ဆန်ရဲ့ ​ဖေစ်ဘွခ်က သတင်းထုတ်ပြန်တာမှာ မြန်မာအာဏာသိမ်းစစ်​ခေါင်း​ဆောင် မင်း​အောင်လှိုင်ရဲ့ ဖတ်ကြားမှုနဲ့ ဟွန်ဆန်ရဲ့ ၂ ရက်တာ(ဇန်နဝါရီ ၇၊၈ )ခရီးစဥ် စတင်ထွက်ခွာလာတဲ့အ​ကြောင်း သတင်းဓါတ်ပုံ​တွေနဲ့တကွ​ဖော်ပြထားတာကို​တွေ့ရပါတယ်။

ဟွန်ဆန်ရဲ့ မြန်မာပြည်ခရီးစဥ်ဟာ အကြမ်းဖက်စစ်​ကောင်စီကို အသိ့အမှတ်ပြုဖို့ကြိုးစားတဲ့သ​ဘောဖြစ်​နေတာ​ကြောင့် မြန်မာပြည်သူ​တွေ ၊အရပ်ဖက်အဖွဲ့အစည်း​တွေ၊​တော်လှန်​ရေးအဖွဲ့အစည်း​တွေကပြင်းပြင်းထန်ထန်ကန့်ကွက်​နေကြတာပါ။

ဒါအပြင်က​မ္ဘောဒီးယား အတိုက်အခံနိုင်ငံ​ရေးသမား​တွေ၊အရပ်ဘက်အဖွဲ့အစည်း​တွေ၊ ပြည်သူတချို့နဲ့ နိုင်ငံတကာ ကပါ ​ဝေဖန်ပစ်တင်ခဲ့ကြပါတယ်။

ကန့်ကွက်​နေတဲ့ကြားက မြန်မာပြည်ခရီးစဥ် မဖျက်သိမ်းတာ​ကြောင့် ဇန်နဝါရီ ၆ ရက်​နေ့ကစပြီးဟွန်ဆန်ရဲ့​ဖေစ်ဘွခ်မှာ မြန်မာပြည်သူ​တွေက ဟွန်ဆန်ကိုမလိုအပ်​ကြောင်း၊ မြန်မာပြည်သူ​တွေရဲ့ဆန္ဒကို အ​လေးအနက်ထားဖို့ ၊

အာဏာသိမ်းစစ်​ခေါင်း​ဆောင်ကို အသိ့အမှတ်ပြုတဲ့သ​ဘောမြန်မာနိုင်ငံကိုမလာဖို့ စတဲ့မှတ်ချက်​တွေ ပြင်းထန်တဲ့ကန့်ကွက်မှု​တွေနဲ့ မှတ်ချက်​တွေ​ရေးသားကန့်ကွက်ခဲ့ကြပါတယ်။

ဟွန်ဆန် တို့ လင်မယားရဲ့ ၂၅ နှစ်ပြည့်မဂ်လာနှစ်ပတ်လည်ပိုစ်​အောက်မှာ မြန်မာပြည်သူ​တွေက ပြင်းပြင်းထန်ထန်ကန့်ကွက် တဲ့မှတ်ချက်​တွေ​​​သောင်းချီပြီးရေးသားခဲ့ကြသလို ၊ဟဟ အီမိုဂျို ကိုနှိပ်ပြီး ​လှောင်​ပြောင်သူ ငါး​သောင်း​​ကျော်ရှိခဲ့ပါတယ်။

ဒါ​ကြောင့်​မ​နေ့ညမှာ ဟွန်ဆန်ရဲ့ပိုစ်အချို့ ​အောက်မှာ မှတ်ချက်​ပေးမရ​အောင်ပိတ်ခဲ့ပြီး ဒီမနက်မှာ​တော့မှတ်ချက်ပြန်​ပေးရ​အောင်ဖွင့်​ပေးတာ​တွေ့ရပါတယ်။

(က​​မ္ဘောဒီးယာ မှထွက်ခါလာစဥ် )

Zawgyi

ေဝဖန္ကန္႔ကြက္မႈ​ေတြၾကားက ဟြန္ဆန္ျမန္မာႏိုင္ငံလာ

ျမန္မာျပည္သူ​ေတြက ျပင္းျပင္းထန္ထန္ကန္႔ကြက္​​ေနတဲ့ၾကားက​​ေနပဲ က​ေမ႓ာဒီးယား ဝန္ႀကီးခ်ဳပ္အာဏာ႐ွင္ ဟြန္ဆန္ကျမန္မာႏိုင္ငံကို ႏွစ္ရက္တာခရီးစဥ္ ထြက္လာၿပီလို႔ သူ႕ရဲ႕​ေဖစ္ဘြခ္စာမ်က္ႏွာက​ေန ထုတ္ျပန္လိုက္ပါတယ္။

ဒီေန႔(ဇန္နဝါရီ ၇)နံနက္ ျမန္မာစံ​ေတာ္ခ်ိန္ ၇ နာရီ ၄၀ မီနစ္​ေက်ာ္မွာ ဟြန္ဆန္ရဲ႕ ​ေဖစ္ဘြခ္က သတင္းထုတ္ျပန္တာမွာ ျမန္မာအာဏာသိမ္းစစ္​ေခါင္း​ေဆာင္ မင္း​ေအာင္လိႈင္ရဲ႕ ဖတ္ၾကားမႈနဲ႔ ဟြန္ဆန္ရဲ႕ ၂ ရက္တာ(ဇန္နဝါရီ ၇၊၈ )ခရီးစဥ္ စတင္ထြက္ခြာလာတဲ့အ​ေၾကာင္း သတင္းဓါတ္ပုံ​ေတြနဲ႔တကြ​ေဖာ္ျပထားတာကို​ေတြ႕ရပါတယ္။

ဟြန္ဆန္ရဲ႕ ျမန္မာျပည္ခရီးစဥ္ဟာ အၾကမ္းဖက္စစ္​ေကာင္စီကို အသိ့အမွတ္ျပဳဖို႔ႀကိဳးစားတဲ့သ​ေဘာျဖစ္​ေနတာ​ေၾကာင့္ ျမန္မာျပည္သူ​ေတြ ၊အရပ္ဖက္အဖြဲ႕အစည္း​ေတြ၊​ေတာ္လွန္​ေရးအဖြဲ႕အစည္း​ေတြကျပင္းျပင္းထန္ထန္ကန္႔ကြက္​ေနၾကတာပါ။

ဒါအျပင္က​ေမ႓ာဒီးယား အတိုက္အခံႏိုင္ငံ​ေရးသမား​ေတြ၊အရပ္ဘက္အဖြဲ႕အစည္း​ေတြ၊ ျပည္သူတခ်ိဳ႕နဲ႔ ႏိုင္ငံတကာ ကပါ ​ေဝဖန္ပစ္တင္ခဲ့ၾကပါတယ္။

ကန္႔ကြက္​ေနတဲ့ၾကားက ျမန္မာျပည္ခရီးစဥ္ မဖ်က္သိမ္းတာ​ေၾကာင့္ ဇန္နဝါရီ ၆ ရက္​ေန႔ကစၿပီးဟြန္ဆန္ရဲ႕​ေဖစ္ဘြခ္မွာ ျမန္မာျပည္သူ​ေတြက ဟြန္ဆန္ကိုမလိုအပ္​ေၾကာင္း၊ ျမန္မာျပည္သူ​ေတြရဲ႕ဆႏၵကို အ​ေလးအနက္ထားဖို႔ ၊

အာဏာသိမ္းစစ္​ေခါင္း​ေဆာင္ကို အသိ့အမွတ္ျပဳတဲ့သ​ေဘာျမန္မာႏိုင္ငံကိုမလာဖို႔ စတဲ့မွတ္ခ်က္​ေတြ ျပင္းထန္တဲ့ကန္႔ကြက္မႈ​ေတြနဲ႔ မွတ္ခ်က္​ေတြ​ေရးသားကန္႔ကြက္ခဲ့ၾကပါတယ္။

ဟြန္ဆန္ တို႔ လင္မယားရဲ႕ ၂၅ ႏွစ္ျပည့္မဂ္လာႏွစ္ပတ္လည္ပိုစ္​ေအာက္မွာ ျမန္မာျပည္သူ​ေတြက ျပင္းျပင္းထန္ထန္ကန္႔ကြက္ တဲ့မွတ္ခ်က္​ေတြ​​​ေသာင္းခ်ီၿပီးေရးသားခဲ့ၾကသလို ၊ဟဟ အီမိုဂ်ိဳ ကိုႏွိပ္ၿပီး ​ေလွာင္​ေျပာင္သူ ငါး​ေသာင္း​​ေက်ာ္႐ွိခဲ့ပါတယ္။

ဒါ​ေၾကာင့္​မ​ေန႔ညမွာ ဟြန္ဆန္ရဲ႕ပိုစ္အခ်ိဳ႕ ​ေအာက္မွာ မွတ္ခ်က္​ေပးမရ​ေအာင္ပိတ္ခဲ့ၿပီး ဒီမနက္မွာ​ေတာ့မွတ္ခ်က္ျပန္​ေပးရ​ေအာင္ဖြင့္​ေပးတာ​ေတြ႕ရပါတယ္။

(က​​ေမ႓ာဒီးယာ မွထြက္ခါလာစဥ္ )

About the author

admin

Add Comment

Click here to post a comment