Local News

သဘာဝဘေးစီမံအမှုအတွက် အတိုင်ပင်ခံမှာအပြစ်မရှိကြောင်း စာနဲ့လျှောက်လဲချက်တင်

သဘာဝဘေးစီမံအမှုအတွက် အတိုင်ပင်ခံမှာအပြစ်မရှိကြောင်း စာနဲ့လျှောက်လဲချက်တင်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို သူရင်ဆိုင်နေရတဲ့ သဘာဝဘေးစီမံဥပဒေပါ ပုဒ်မ ၂၅ အမှုအတွက် ဒီနေ့ ဇန်နဝါရီလ ၃ ရက်မှာ လူကိုယ်တိုင်ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

နေပြည်တော်အထူးတရားရုံးမှာပြုလုပ်တဲ့ဒီနေ့ရုံးချိန်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေတွေဘက်က စွပ်စွဲခံရသူဘက်မှာ အပြစ်မရှိကြောင်း လျှောက်လဲချက်ကို တရားရုံးကို စာနဲ့တင်ပြခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေဆီကနေ သိရပါတယ်။

ဒီအမှုဟာ ဒေါ်အောင်ဆန်းစုကြည်ကို အရပ်သားတစ်ဦးဖြစ်တဲ့ လယ်ဝေးမြို့နယ်က ဦးညီညီ(ခ)ဦးထွန်းမြင့်အောင်က တရားလိုပြုလုပ်ကာ တရားစွဲဆိုခဲ့တဲ့အမှုဖြစ်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲကာလမှာ ရွှေကြာပင်ရပ်ကွက်အတွင်း ဒေါ်အောင်ဆန်းစုကြည်သွားလာခဲ့မှုဟာ ကိုဗစ်စည်းကမ်းကိုဖောက်ဖျက်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ စွဲဆိုခံထားရတာဖြစ်ပါတယ်။

မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်ကတော့ ကိုဗစ်စည်းကမ်းနဲ့အညီ သွားလာခဲ့တဲ့အကြောင်း စွပ်စွဲခံရသူဒေါ်အောင်ဆန်းစုကြည်ဘက်ကနေ ပြီးခဲ့တဲ့တစ်ပတ်တုန်းက ဗီဒီယိုကနေ သက်သေထွက်ဆိုခဲ့ပြီးဖြစ်ပါတယ်။

ဒါ့ကြောင့် ဒီအမှုအတွက် နောက်ဆုံးအမိန့်ကို လာမယ့် သီတင်းပတ် ဇန်နဝါရီလ ၁၀ ရက် ရုံးချိန်းမှာ တရားသူကြီးက အပြီးသတ်အမိန့်ချဖို့ရှိနေပါတယ်။

BBC

Zawgyi

သဘာဝေဘးစီမံအမႈအတြက္ အတိုင္ပင္ခံမွာအျပစ္မ႐ွိေၾကာင္း စာနဲ႔ေလွ်ာက္လဲခ်က္တင္

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ကို သူရင္ဆိုင္ေနရတဲ့ သဘာဝေဘးစီမံဥပေဒပါ ပုဒ္မ ၂၅ အမႈအတြက္ ဒီေန႔ ဇန္နဝါရီလ ၃ ရက္မွာ လူကိုယ္တိုင္႐ုံးထုတ္စစ္ေဆးခဲ့တယ္လို႔ သိရပါတယ္။

ေနျပည္ေတာ္အထူးတရား႐ုံးမွာျပဳလုပ္တဲ့ဒီေန႔႐ုံးခ်ိန္းမွာ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ေ႐ွ႕ေနေတြဘက္က စြပ္စြဲခံရသူဘက္မွာ အျပစ္မ႐ွိေၾကာင္း ေလွ်ာက္လဲခ်က္ကို တရား႐ုံးကို စာနဲ႔တင္ျပခဲ့တယ္လို႔ တရား႐ုံးနဲ႔နီးစပ္သူေတြဆီကေန သိရပါတယ္။

ဒီအမႈဟာ ေဒၚေအာင္ဆန္းစုၾကည္ကို အရပ္သားတစ္ဦးျဖစ္တဲ့ လယ္ေဝးၿမိဳ႕နယ္က ဦးညီညီ(ခ)ဦးထြန္းျမင့္ေအာင္က တရားလိုျပဳလုပ္ကာ တရားစြဲဆိုခဲ့တဲ့အမႈျဖစ္ပါတယ္။

၂၀၂၀ ေ႐ြးေကာက္ပြဲကာလမွာ ေ႐ႊၾကာပင္ရပ္ကြက္အတြင္း ေဒၚေအာင္ဆန္းစုၾကည္သြားလာခဲ့မႈဟာ ကိုဗစ္စည္းကမ္းကိုေဖာက္ဖ်က္တယ္ဆိုတဲ့စြပ္စြဲခ်က္နဲ႔ စြဲဆိုခံထားရတာျဖစ္ပါတယ္။

မႏၲေလးတိုင္းဝန္ႀကီးခ်ဳပ္ေဟာင္း ေဒါက္တာေဇာ္ျမင့္ေမာင္ကေတာ့ ကိုဗစ္စည္းကမ္းနဲ႔အညီ သြားလာခဲ့တဲ့အေၾကာင္း စြပ္စြဲခံရသူေဒၚေအာင္ဆန္းစုၾကည္ဘက္ကေန ၿပီးခဲ့တဲ့တစ္ပတ္တုန္းက ဗီဒီယိုကေန သက္ေသထြက္ဆိုခဲ့ၿပီးျဖစ္ပါတယ္။

ဒါ့ေၾကာင့္ ဒီအမႈအတြက္ ေနာက္ဆုံးအမိန္႔ကို လာမယ့္ သီတင္းပတ္ ဇန္နဝါရီလ ၁၀ ရက္ ႐ုံးခ်ိန္းမွာ တရားသူႀကီးက အၿပီးသတ္အမိန္႔ခ်ဖို႔႐ွိေနပါတယ္။

BBC

About the author

admin

Add Comment

Click here to post a comment