Local News

သမ္မတကြီး၏ ရှေ့နေကို စကားပြောခွင့် ပိတ်ရသည့်အကြောင်းရင်း ဗိုလ်ချုပ် ဇော်မင်းထွန်းရှင်းလင်း

သမ္မတကြီး၏ ရှေ့နေကို စကားပြောခွင့် ပိတ်ရသည့်အကြောင်းရင်း ဗိုလ်ချုပ် ဇော်မင်းထွန်းရှင်းလင်း

လက်ရှိအချိန်မှာ ဖမ်းဆီးခံခေါင်းဆောင်တွေနဲ့ ပတ်သက်ပြီး ဝေဖန်ခံရမှုတွေ မြင့်တက်နေတာကြောင့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ရဲ့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်ကို ပုဒ်မ ၁၄၄ ထုတ်ပြီး SAC က ပိတ်ပင်တားဆီးတာတွေ လုပ်ခဲ့ပါတယ်။

အခုလို လုပ်ဆောင်တာဟာ နိုင်ငံတည်ငြိမ်အေးချမ်းရေးကိုရှေးရှုပြီး ဆောင်ရွက်တာဖြစ်တယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက မနေ့က အောက်တိုဘာ ၁၅ရက်ညက နိုင်ငံပိုင် မြဝတီရုပ်သံ သတင်းဌာနမှာ ပြောပါတယ်။

“ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကန့်သတ်ထားတာတွေရှိပါတယ်။ လွတ်လပ်စွာပြောရေးဆိုခွင့်ရှိပါတယ်။ ဥပဒေနဲ့ မဆန့်ကျင်လျှင်ပေါ့။ သူတို့ပြောတဲ့စကားတွေသည် တည်ငြိမ်အေးချမ်းရေးကို အထောက်အကူပြုလား မပြုဘူးလားဆိုတာကို သုံးသပ်လို့ရပါတယ်။

တည်ငြိမ်အေးချမ်းရေးကို ပိုပြီး ဆိုးစေမလားဆိုတာကို သုံးသပ်လို့ရပါတယ်။ တပ်မတော်က လက်ရှိအခြေအနေမှာ နိုင်ငံတော်တာဝန်ကိုရယူထားတဲ့ အခြေအနေဖြစ်ပါတယ်။ အဲ့လိုအခြေအနေမျိုးမှာ လိုက်နာရမယ့်ဟာတွေရှိပါတယ်။

အခြေခံဥပဒေအရ ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံသားတိုင်းရဲ့ အခွင့်အရေးကို၂၀၀၈ ခြေ/ဥ ပုဒ်မ ၄၂၀ အရ လိုသလို ကန့်သတ် ရပ်ဆိုင်းနိုင်တယ်လို့ ” သူကပြောသွားတာပါ။

တရားခွင်အတွင်းက ထွက်ဆိုချက်တွေဟာ SAC ကို နိုင်ငံတကာမှာပါ ပြင်းထန်တဲ့ ထိုးနှက်ချက်တွေ ဖြစ်လာပြီးနောက် အခုလို ပိတ်ပင် ကန့်သတ်မှုတွေ ဖြစ်လာတာပါ။

ဒါ့အပြင် အောက်တိုဘာလ ၁၅ရက်နေ့ နောက်ဆုံးရသတင်းတွေအရလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို လာမယ့် အာဆီယံအစည်းအဝေးမှာ ဖိတ်ကြားခြင်းပြုမှာမဟုတ်ဘူးဆိုတဲ့ သတင်းတွေလည်း ကြားသိနေရပါတယ်။

Mercury_Media

About the author

admin

Add Comment

Click here to post a comment