Local News

သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုဒီဇင်ဘာလ ၆ ရက်မှာအမိန့်ချမည်

သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုဒီဇင်ဘာလ ၆ ရက်မှာအမိန့်ချမည်

ကိုဗစ်စည်းကမ်းချိုးဖောက်တယ်ဆိုပြီး သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ နဲ့ သမ္မတ နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် တို့ကို စွဲဆိုထားတဲ့အမှုကို တရားရုံးက လာမယ့် ဒီဇင်ဘာလ ၆ ရက်မှာအမိန့်ချမယ်လို့ သိရပါတယ်။

ဒီအမှုဟာ သမ္မတ နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ ရွေးကောက်ပွဲမဲဆွယ်ကာလ NLD မဲဆွယ်ယာဉ်တန်းကို ထွက်နှုတ်ဆက်ရာမှာ ကိုဗစ်စည်းကမ်းဖောက်ဖျက်တယ်ဆိုပြီး အာဏာသိမ်းပြီးနောက် စစ်တပ်က ကနဦး ဆွဲဆိုတဲ့အမှုတွေဖြစ်ပါတယ်။

ဒီနေ့တရားခွင်မှာ ဒီအမှုအတွက် နှစ်ဖက် လျှောက်လဲချက်အပြီးသတ်ပေးခဲ့ကြတယ်လို့သိရပါတယ်။အဲဒီနောက် တရားသူကြီးက စီရင်ချက် ချမယ့်နေ့ကို ဒီဇင်ဘာလ ၆ ရက်သတ်မှတ်လိုက်တာပါ။

ဒီနေ့ တရားခွင် မှာ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ နဲ့စွဲဆိုထားတဲ့အမှုအပြင် ဒေါ်အောင်ဆန်းစုကြည်ကို ဆက်သွယ်ရေးဥပဒေ ၊ ပို့ကုန်သွင်းကုန်ဥပဒေတွေနဲ့ ဆွဲဆိုထားတဲ့အမှုကိုလည်းစစ်ဆေးခဲ့တယ်လို့သိရပါတယ်။

အဲဒီအမှု ၂ ခုလုံးအတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ သက်သေအဖြစ် ထွက်ဆိုခဲ့ပါတယ်။စကားပြောစက်တွေ တွေ့လို့ စစ်ကောင်စီက တရားစွဲတဲ့ အဲဒီအမှု ၂ ခု လုံးအတွက် ၂ ဖက် အပြီးသတ် လျှောက်လဲချက်ပေးမယ့်ရက်ကို လာမယ့် ဒီဇင်ဘာလ ၆ ရက်ကို ပဲတရားရုံးက ချိန်းဆိုထားပါတယ်။

ဒီနေ့တရားခွင်မစတင်မီ ရှေ့နေအဖွဲ့ဟာ သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့တွေ့ဆုံခဲ့ကြပြီး ၂ ဦးလုံးကျန်းမာရေးကောင်းမွန်ကြတယ်လို့သိရပါတယ်။

ဆူပူအောင်လှုံဆော်မှုနဲ့ စစ်ကောင်စီက သမ္မတ ၊ ဒေါ်အောင်ဆန်းစုကြည် ၊ ဒေါက်တာမျိုးအောင်တို့ကို ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ) နဲ့စွဲဆိုထားတဲ့အမှုကို ဒီလကုန်မှာ အမိန့်ချ ဖို့ လည်းရှိနေပါတယ်။

Ref MC TV Club

Zawgyi

သမၼတနဲ႕ ေဒၚေအာင္ဆန္းစုၾကည္ကိုဒီဇင္ဘာလ ၆ ရက္မွာအမိန႔္ခ်မည္

ကိုဗစ္စည္းကမ္းခ်ိဳးေဖာက္တယ္ဆိုၿပီး သဘာဝေဘးအႏၱရာယ္စီမံခန႔္ခြဲမႈ ဥပေဒပုဒ္မ ၂၅ နဲ႕ သမၼတ နဲ႕ နိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိုလ္ တို႔ကို စြဲဆိုထားတဲ့အမႈကို တရား႐ုံးက လာမယ့္ ဒီဇင္ဘာလ ၆ ရက္မွာအမိန႔္ခ်မယ္လို႔ သိရပါတယ္။

ဒီအမႈဟာ သမၼတ နဲ႕ ေဒၚေအာင္ဆန္းစုၾကည္ တို႔ ေ႐ြးေကာက္ပြဲမဲဆြယ္ကာလ NLD မဲဆြယ္ယာဥ္တန္းကို ထြက္ႏႈတ္ဆက္ရာမွာ ကိုဗစ္စည္းကမ္းေဖာက္ဖ်က္တယ္ဆိုၿပီး အာဏာသိမ္းၿပီးေနာက္ စစ္တပ္က ကနဦး ဆြဲဆိုတဲ့အမႈေတြျဖစ္ပါတယ္။

ဒီေန႕တရားခြင္မွာ ဒီအမႈအတြက္ ႏွစ္ဖက္ ေလွ်ာက္လဲခ်က္အၿပီးသတ္ေပးခဲ့ၾကတယ္လို႔သိရပါတယ္။အဲဒီေနာက္ တရားသူႀကီးက စီရင္ခ်က္ ခ်မယ့္ေန႕ကို ဒီဇင္ဘာလ ၆ ရက္သတ္မွတ္လိုက္တာပါ။

ဒီေန႕ တရားခြင္ မွာ သဘာဝေဘးအႏၱရာယ္ဆိုင္ရာစီမံခန႔္ခြဲမႈ ဥပေဒပုဒ္မ ၂၅ နဲ႕စြဲဆိုထားတဲ့အမႈအျပင္ ေဒၚေအာင္ဆန္းစုၾကည္ကို ဆက္သြယ္ေရးဥပေဒ ၊ ပို႔ကုန္သြင္းကုန္ဥပေဒေတြနဲ႕ ဆြဲဆိုထားတဲ့အမႈကိုလည္းစစ္ေဆးခဲ့တယ္လို႔သိရပါတယ္။

အဲဒီအမႈ ၂ ခုလုံးအတြက္ ေဒၚေအာင္ဆန္းစုၾကည္ဟာ သက္ေသအျဖစ္ ထြက္ဆိုခဲ့ပါတယ္။စကားေျပာစက္ေတြ ေတြ႕လို႔ စစ္ေကာင္စီက တရားစြဲတဲ့ အဲဒီအမႈ ၂ ခု လုံးအတြက္ ၂ ဖက္ အၿပီးသတ္ ေလွ်ာက္လဲခ်က္ေပးမယ့္ရက္ကို လာမယ့္ ဒီဇင္ဘာလ ၆ ရက္ကို ပဲတရား႐ုံးက ခ်ိန္းဆိုထားပါတယ္။

ဒီေန႕တရားခြင္မစတင္မီ ေရွ႕ေနအဖြဲ႕ဟာ သမၼတနဲ႕ ေဒၚေအာင္ဆန္းစုၾကည္တို႔နဲ႕ေတြ႕ဆုံခဲ့ၾကၿပီး ၂ ဦးလုံးက်န္းမာေရးေကာင္းမြန္ၾကတယ္လို႔သိရပါတယ္။

ဆူပူေအာင္လႈံေဆာ္မႈနဲ႕ စစ္ေကာင္စီက သမၼတ ၊ ေဒၚေအာင္ဆန္းစုၾကည္ ၊ ေဒါက္တာမ်ိဳးေအာင္တို႔ကို ရာဇသတ္ႀကီး ပုဒ္မ ၅၀၅ (ခ) နဲ႕စြဲဆိုထားတဲ့အမႈကို ဒီလကုန္မွာ အမိန႔္ခ် ဖို႔ လည္းရွိေနပါတယ္။

Ref MC TV Club

About the author

admin

Add Comment

Click here to post a comment