Local News

သမ္မတ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည် အဂတိမှုနဲ့ထပ်ပြီး တရားစွဲခံရ

သမ္မတ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည် အဂတိမှုနဲ့ထပ်ပြီး တရားစွဲခံရ

ဖမ်းဆီးခံနေရတဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှုအသစ်တစ်ခုနဲ့ ထပ်ပြီး တရားစွဲဆိုလိုက်တဲ့အကြောင်း စစ်ကောင်စီထိန်းချုပ်တဲ့ နိုင်ငံပိုင်မြန်မာ့ရုပ်မြင်သံကြားမှာ အင်္ဂါနေ့ညပိုင်းက ကြေညာခဲ့ပါတယ်။

ဦးဝင်းမြင့်နဲ့ဒေါ်အောင်ဆန်းစုကြည်တို့ အစိုးရတာဝန်ယူခဲ့စဥ်က ရဟတ်ယာဉ် ငှားမှု၊ ဝယ်ယူမှုနဲ့ ထိန်းသိမ်းစောင့်ရှောက်မှုတွေမှာ သူတို့ရဲ့ လုပ်ပိုင်ခွင့်အာဏာကို သုံးပြီး ဘဏ္ဍာရေး စည်းကမ်းတွေကို မလိုက်နာခဲ့ဘဲ လုပ်ခွင့်ပြုခဲ့တဲ့အတွက်

နိုင်ငံတော်ရဲ့ဘဏ္ဍာကို ထိခိုက်ဆုံးရှုံးစေခဲ့တယ်လို့ စွပ်စွဲပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေး ပုဒ်မ ၅၅နဲ့ နိုဝင်ဘာလ ၃ဝ ရက်နေ့မှာ ထပ်ပြီး တရားစွဲလိုက်တယ်လို့ ဆိုပါတယ်။

အခုဆိုရင် ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတည်းအပေါ် တရားစွဲဆိုမှုက ၁၂ ခု အထိ ရှိလာပါပြီ။ အမှုအားလုံးကို တရားရုံးက ပြစ်မှု ထင်ရှားတယ်ဆိုပြီး အမြင့်ဆုံးပြစ်ဒဏ်တွေ ပေးမယ်ဆိုရင်

ဒေါ်အောင်ဆန်းစုကြည်ဟာ ထောင်ဒဏ် နှစ်ပေါင်း ၁၂ဝလောက် ကျခံရနိုင်တယ်လို့ နော်ဝေနိုင်ငံရောက် လူ့အခွင့်အရေးရှေ့နေ ဦးမင်းလွင်ဦး က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အစိုးရတာဝန်ယူခဲ့တုန်းက ရခိုင်ဒေသအရေး အပါအဝင် ပြည်တွင်းခရီးစဉ်တွေ သွားလာတဲ့အခါမှာ စစ်တပ်သုံး ရဟတ်ယာဉ်ကို ရဖို့ အကူအညီ တောင်းခဲ့ရကြောင်း၊

ဒီလို စစ်တပ်သုံး ရဟတ်ယာဉ် သုံးခွင့်ရရေး တောင်းခံမှုတွေကြောင့် ခရီးစဉ်ကြန့်ကြာမှုတွေ ရှိခဲ့တာကြောင့် လိုအပ်မှုအရ ရဟတ်ယာဉ်ဝယ်ယူရေးကို စီစဉ်ခဲ့ရတာလို့ ရှေ့နေဦး မင်းလွင်ဦးကဆိုပါတယ်။

အခု အဲ့ဒီရဟတ်ယာဉ်ဝယ်ယူမှုကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ကို အဂတိလိုက်စားတယ်ဆိုပြီး စွဲချက်ထပ်တင်တာကတော့ တရားလွန်တယ်လို့လည်း ရှေ့နေဦးမင်းလွင်ဦးက သုံးသပ်ပါတယ်။

Zawgyi

သမၼတ ဦးဝင္းျမင့္နဲ႔ ေဒၚေအာင္ဆန္းစုၾကည္ အဂတိမႈနဲ႔ထပ္ၿပီး တရားစြဲခံရ

ဖမ္းဆီးခံေနရတဲ့ ႏိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္နဲ႔ ႏိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ကို အဂတိလိုက္စားမႈအသစ္တစ္ခုနဲ႔ ထပ္ၿပီး တရားစြဲဆိုလိုက္တဲ့အေၾကာင္း စစ္ေကာင္စီထိန္းခ်ဳပ္တဲ့ ႏိုင္ငံပိုင္ျမန္မာ့႐ုပ္ျမင္သံၾကားမွာ အဂၤါေန႔ညပိုင္းက ေၾကညာခဲ့ပါတယ္။

ဦးဝင္းျမင့္နဲ႔ေဒၚေအာင္ဆန္းစုၾကည္တို႔ အစိုးရတာဝန္ယူခဲ့စဥ္က ရဟတ္ယာဥ္ ငွားမႈ၊ ဝယ္ယူမႈနဲ႔ ထိန္းသိမ္းေစာင့္ေ႐ွာက္မႈေတြမွာ သူတို႔ရဲ႕ လုပ္ပိုင္ခြင့္အာဏာကို သုံးၿပီး ဘ႑ာေရး စည္းကမ္းေတြကို မလိုက္နာခဲ့ဘဲ လုပ္ခြင့္ျပဳခဲ့တဲ့အတြက္

ႏိုင္ငံေတာ္ရဲ႕ဘ႑ာကို ထိခိုက္ဆုံး႐ႈံးေစခဲ့တယ္လို႔ စြပ္စြဲၿပီး အဂတိလိုက္စားမႈတိုက္ဖ်က္ေရး ပုဒ္မ ၅၅နဲ႔ ႏိုဝင္ဘာလ ၃ဝ ရက္ေန႔မွာ ထပ္ၿပီး တရားစြဲလိုက္တယ္လို႔ ဆိုပါတယ္။

အခုဆိုရင္ ေဒၚေအာင္ဆန္းစုၾကည္ တစ္ဦးတည္းအေပၚ တရားစြဲဆိုမႈက ၁၂ ခု အထိ ႐ွိလာပါၿပီ။ အမႈအားလုံးကို တရား႐ုံးက ျပစ္မႈ ထင္႐ွားတယ္ဆိုၿပီး အျမင့္ဆုံးျပစ္ဒဏ္ေတြ ေပးမယ္ဆိုရင္

ေဒၚေအာင္ဆန္းစုၾကည္ဟာ ေထာင္ဒဏ္ ႏွစ္ေပါင္း ၁၂ဝေလာက္ က်ခံရႏိုင္တယ္လို႔ ေနာ္ေဝႏိုင္ငံေရာက္ လူ႕အခြင့္အေရးေ႐ွ႕ေန ဦးမင္းလြင္ဦး က ေျပာပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ အစိုးရတာဝန္ယူခဲ့တုန္းက ရခိုင္ေဒသအေရး အပါအဝင္ ျပည္တြင္းခရီးစဥ္ေတြ သြားလာတဲ့အခါမွာ စစ္တပ္သုံး ရဟတ္ယာဥ္ကို ရဖို႔ အကူအညီ ေတာင္းခဲ့ရေၾကာင္း၊

ဒီလို စစ္တပ္သုံး ရဟတ္ယာဥ္ သုံးခြင့္ရေရး ေတာင္းခံမႈေတြေၾကာင့္ ခရီးစဥ္ၾကန္႔ၾကာမႈေတြ ႐ွိခဲ့တာေၾကာင့္ လိုအပ္မႈအရ ရဟတ္ယာဥ္ဝယ္ယူေရးကို စီစဥ္ခဲ့ရတာလို႔ ေ႐ွ႕ေနဦး မင္းလြင္ဦးကဆိုပါတယ္။

အခု အဲ့ဒီရဟတ္ယာဥ္ဝယ္ယူမႈေၾကာင့္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ဦးဝင္းျမင့္တို႔ကို အဂတိလိုက္စားတယ္ဆိုၿပီး စြဲခ်က္ထပ္တင္တာကေတာ့ တရားလြန္တယ္လို႔လည္း ေ႐ွ႕ေနဦးမင္းလြင္ဦးက သုံးသပ္ပါတယ္။

Recent Comments

No comments to show.