သားပိုက်ဆံမလောက်လို့သားကိုထမင်းအလွတ်တစ်ပွဲရောင်းပေးလို့ရမလားခင်ဗျာ

သားပိုက်ဆံမလောက်လို့သားကိုထမင်းအလွတ်တစ်ပွဲရောင်းပေးလို့ရမလားခင်ဗျာ

ကျောင်းနှင့်အလှမ်းမဝေးလှတဲ့ထမင်းဆိုင်သေးသေးလေးတစ်ဆိုင်မှာကောင်လေးတစ်ယောက်ကထမင်းလာမှာစားတယ်

ဆိုင်ရှင်နားကပ်ပြီးလေသံတိုးတိုးလေးနှင့်ဟိုလေသာကိုထမင်အလွတ်တစ်ပွဲလောက်ရောင်းပေးလို့ရလားခင်ဗျသားပိုက်ဆံ မလောက်လို့ပါ

ရပါတယ်သားရယ်..ပြောပြောဆိုဆိုနှင့်ဆိုင်ရှင်အဒေါ်ကြီးကယောကျ်ားရေထမင်းအလွတ်တစ်ပွဲလောက်လုပ်ပေးပါဦးအော်ဟင်းချိုနဲ့ငါးပိရည်လည်းထည့်ပေးဖို့မမေ့နဲ့နော်ယောကျ်ားဖြစ်သူကထမင်းအဖြူတစ်ပွဲကိုကောင်လေးထိုင်နေတဲ့ခုံမှာသွားချပေးလိုက်တယ်။

ကောင်လေးကသူ့ကိုထပ်မှာတယ်ဟိုလေသားအတွက်နောက်ထပ်ဟင်းမပါတဲ့ထမင်းဗလာတစ်ထုတ်ထပ်လုပ်ပေးလို့ရလားခင်ဗျကောင်းလေခမျာ ပြောသာပြောနေရတယ်၊သူ့မျက်နှာကအတာ်လေးအားနာနေတဲ့ပုံ

ရပါတယ်သားရယ် ဒါနဲ့ဒီထမင်းထုတ်ကမင်းဘာသွားလုပ်ဖို့လည်း၊သားညနေကြရင်စားဖို့ပါဗျဦးဆိုင်ရှင်အဖိုးကြီးကသူ့ကိုဂရုနာသက်တဲ့မျက်လုံးနှင့်ကြည့်ပြီးအင်းကောင်လေးကြည့်ရတာမြို့မှာသာကျောင်းလာတက်တယ်အိမ်ကမိဘတွေက

ငွေကြေးအခက်ခဲရှိပုံရတယ်၊အမှန်တကယ်တော့သူတို့လင်မယားကလည်းတစ်နေ့လုပ်တစ်နေ့စားပါဒီဆိုင်နေရာလေးကိုသူများငှားပေးလို့သာကံကောင်းပြီးဈေးရောင်းရတဲ့ဘဝပါမရှိသူမို့လည်းမရှိသူကိုစာနာတတ်တဲ့စိတ်ကသူတို့လင်မယားမှာရှိပြီးသားပါလေ၊

ဟင်းအိုးမှဟင်းတွေကိုခတ်ပြီးထမင်းများနဲ့သူဖုံးဖိပြီးထည့်နေမိသည်ဒါကိုမိန်းမဖြစ်သူကမြင်တော့ရှင်ဘာလုပ်နေတာလည်းကောင်းလေးအတွက်ထမင်းထည့်ပေးနေတာလေ၊

အော်ရှင်ကလည်းတုံးလိုက်တာပေးချင်နေမှတော့ဝှက်ပြီးပေးစရာလားဒီအတိုင်းပေးလည်းရလျှက်သားနဲ့ဘာလဲရှင်ကကျွန်မမြင်မှာကြောက်လို့လားကြောက်စရာမဟုတ်တာရှင်ကျွန်မလည်းစာနာထောက်ထားတတ်တဲ့မိန်းမသားတယောက်ပါ

ဟာဒီမိန်းမဘာတွေလာပြောနေတာလဲဒီအတိုင်းဗြောင်ပေးတော့သူ့ကိုအထင်သေးရာရောက်သွားမှာပေါ့ဟ

ပြီးတော့လည်းသူရှက်သွားရင်နောက်ဆိုတို့ဆိုင်ကိုသူဘယ်လိုလုပ်ပြီးလာရဲတော့မလဲမိန်းမဖြစ်သူကလင်ယောကျ်ားကိုကြည့်ပြီးပီတိဖြစ်မိသည်။အမလေးငါ့ယောကျ်ားကသနားတတ်ရုံ

တစ်မျိုးတည်းမဟုတ်ပဲလူတစ်ယောက်ကိုအဖက်ဖက်ကစာနာစိတ်ကလည်းကြီးမားပါလေရဲ့။ဒီလိုနဲ့ပဲကောင်းလေးဟာသူတို့ဆိုင်မှာလာပြီးကျောင်းပြီးသည်အထိထမင်းလာစားခဲ့တယ်သူတို့လင်မယားကလည်းတစ်နေ့တစ်မျိုးမရိုးလေ

အောင်ဟင်းအမျိုးမျိုးကိုထမင်းဖုံး၍ပေးလေ့ရှိခဲ့တယ်ကျောင်းပြီးသွားတော့ကောင်လေးကသူတို့ဆိုင်ကို၁၀နှစ်ကြာမျှတေ ာင်တစ်ခါမှရောက်မလာတော့ပါဘူး။တစ်နေ့တော့မြေပိုင်ရှင်ကမြေကိုရောင်းလိုက်ပြီးဖြစ်ကြောင်းဒီနေရာကရွေ့ပြောင်းရ

တော့မည်ဖြစ်ကြောင်းလာပြောသောအခါလင်မယားနှစ်ယောက်သားစိတ်ပျက်လက်ပျက်ဖြစ်ပြီးအိမ်မှာထိုင်မိူင်နေကြစဉ်သူတို့နေတဲ့အိမ်နားသို့ကားတစ်စီးလာ၍ထိုးရပ်လာသည်လူတယောက်ကကားပေါ်မှဆင်းပြီးသူတို့ရှိရာလျှောက်၍လာသည်၊

ကျွန်တော်ကကုမ္မဏီတစ်ခုရဲ့မန်နေဂျာတစ်ဦးပါခင်ဗျကျွန်တော့်သူဌေးကအဒေါ်တို့လင်မယားချက်တဲ့ဟင်းကိုအရမ်းကြိုက်တဲ့သူတစ်ယောက်ပါအဲဒါကြောင့်ကျွန်တော်တို့ကုမ္မဏီအနီးမှာဆိုင်ဖွင့်ပေးဖို့တောင်းဆိုထားလို့ပါလင်မယားနှစ်

ယောက်အံ့အားသင့်သွားသည်သူတို့ဆိုင်စုတ်စုတ်လေးမှာဘယ်လိုသူဌေးကများလာပြီးစားဖူးပါလိမ့်ပြီးတော့လည်းသူတို့မှာရှိတာကအိုးစုတ်ခွက်စုတ်တွေမို့ကုမ္မဏီကြီးအနားထမင်းဆိုင်သွားဖွင့်ရမှာဘယ်လိုမှမဖြစ်နိုင်လို့သူတို့ငြင်းဆိုခဲ့တယ်

အဲဒီအတွက်မပူပါနဲ့ဗျာကျွန်တော့်သူဌေးကအစစအရာရာပြင် ဆင်ထားပြီးသားပါသွားပြီးချက်ပြုတ်ရုံသက်သက်ပါအဲဒီသူ ဌေးကဘာဖြစ်လို့သူတို့အပေါ်ဒီလောက်ကောင်းနေရတလည်းဆိုတာသူတို့နားမလည်ခဲ့ဘူး။

နောက်ဆုံးတော့သူတို့အပေါ်ကောင်းတဲ့သူဌေးကြီးကတစ်ချိန်ကသူတို့ဆီကထမင်းတစ်ထုပ်ကျွေးခဲ့ဖူးတဲ့ကျောင်းသားလေးမှန်းသိရတော့သည်။

ဦးနဲ့အ ဒေါ်သာကျွန်တော့်ကိုမကူညီပေးခဲ့ရင်ကျွန်တော်ဒီလိုဘဝမျိုးရောက်လာမည်မဟုတ်အခုလိုပြန်လည်ကျေးဇူးဆပ်ခွင့်ရတာကျွန်တော်အရမ်းဝမ်းသာတယ်ဗျာလိုတာရှိရင်ပြောပါ

ဘာမှအားမနာကြပါနဲ့စေတနာထားတတ်ရုံနဲ့မလုံလောက်ဘူးအဖက်ဖက်ကကြည့်ပြီးစာနာမူ့လည်းထားတတ်ရမယ်ယခုလိုITခေတ်မှာမရှိသူကိုကူညီတတ်ကြတဲ့သူတစ်ချိုသတိထသင့်တယ်သူတစ်ပါးကိုကူညီလိုလျှင်သူ့ရဲ့ဂုဏ်သိက္ခာကိုလည်းထဲ့ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။

Crd

Leave a Reply

Your email address will not be published.