Local News

သားရွှေအိုးထမ်းတဲ့ ကိန်းဆိုက်မယ့် NUGရဲ့ ငွေတိုက်စာချုပ် မဟာဗျူဟာ

သားရွှေအိုးထမ်းတဲ့ ကိန်းဆိုက်မယ့် NUGရဲ့ ငွေတိုက်စာချုပ် မဟာဗျူဟာ

NUG က ငွေတိုက်စာချုပ် (Bond) ထုတ်ရောင်းဖို့ စီစဉ်နေတယ်လို့ ဆိုတယ်။ဒီအစီအစဉ်တော့ သဘောကျမိတယ်။ သားရွှေအိုးထမ်းလာမယ့် အစီအစဉ်ကိုးဗျ။

တော်လှန်ရေးမှာ လှူတာက လှူလိုက်တာပဲလေ။ လှူတာက (…) နောင်ဘဝမှာ ပြန်ရတယ် ဘာညာ မျှော်လင့်ချက်ပေးနိုင်ပေမယ့် လက်တွေ့မှာ ကိုယ်က ကုန်သွားတာ။

Bond ဝယ်တာကျတော့ လှူတာနဲ့ မတူတော့ဘူး။ ရင်းနှီးမြှုပ်နှံမှုလို့ ခေါ်လို့ရတယ်။ အနည်းဆုံးကတော့ ငွေသား အမြတ် မရရင်တောင် အရင်းမရှုံးဘူးပေါ့။

တော်လှန်ရေးပြီးရင် ပြည်သူ့အစိုးရက ဒီငွေတွေကို ပြန်ထုတ်ပေးမှာဆိုတော့ နောင်ရေး စိတ်ပူသူတွေက Bond တွေ ဝယ်ယူထားဖို့ နည်းလမ်းရသွားတယ်။

ဥပမာဗျာ .. ကျွန်တော်က မြန်မာပြည်မှာ အိမ်ဝယ်ဖို့ (သို့) မြန်မာပြည်မှာ စီးပွားရေး လုပ်ဖို့ ငွေစုထားတယ်။ သို့သော် မြန်မာပြည်လက်ရှိ အခြေအနေကြောင့် မဝယ်ဖြစ်သေးတာ (သို့) စီးပွားရေး မလုပ်ဖြစ်သေးတာကြောင့် စုထားတဲ့ ငွေကို ဘဏ်ထဲမှာ ထားတယ်ပေါ့။ ဒါကို လှူဖို့ နှမြောနေတယ်။ နောင်ရေးစာကိုးဗျ။

အဲဒီအခက်အခဲကို Bond က ကျော်သွားတယ်။နိုင်ငံ ခြား ဘဏ်မှာ စုထားတဲ့ ငွေကို Bond ဝယ်ထားလိုက်ရင် တစ်ချက်ခုတ် ၂ ချက်ပြတ်။ တော်လှန်ရေးအတွက် ထည့်ဝင်ရာလည်း ရောက်သလို၊ တော်လှန်ရေး အလွန်မှာလည်း ငွေပြန်ရမယ်။

သားရွှေအိုးထမ်းလာတဲ့ အစီအစဉ်။ စပြီး ရောင်းပြီ ဆိုတာနဲ့ ဝယ်ပြီးသားပဲ။ဝယ်လို မရမှာတောင် စိတ်ပူနေမိတယ်။

ကိုထိုက်

Zawgyi
သားေ႐ႊအိုးထမ္းတဲ့ ကိန္းဆိုက္မယ့္ NUGရဲ႕ ေငြတိုက္စာခ်ဳပ္ မဟာဗ်ဴဟာ

NUG က ေငြတိုက္စာခ်ဳပ္ (Bond) ထုတ္ေရာင္းဖို႔ စီစဥ္ေနတယ္လို႔ ဆိုတယ္။ဒီအစီအစဥ္ေတာ့ သေဘာက်မိတယ္။ သားေ႐ႊအိုးထမ္းလာမယ့္ အစီအစဥ္ကိုးဗ်။

ေတာ္လွန္ေရးမွာ လႉတာက လႉလိုက္တာပဲေလ။ လႉတာက (….) ေနာင္ဘဝမွာ ျပန္ရတယ္ ဘာညာ ေမွ်ာ္လင့္ခ်က္ေပးနိုင္ေပမယ့္ လက္ေတြ႕မွာ ကိုယ္က ကုန္သြားတာ။

Bond ဝယ္တာက်ေတာ့ လႉတာနဲ႕ မတူေတာ့ဘူး။ ရင္းႏွီးျမႇုပ္ႏွံမႈလို႔ ေခၚလို႔ရတယ္။ အနည္းဆုံးကေတာ့ ေငြသား အျမတ္ မရရင္ေတာင္ အရင္းမရႈံးဘူးေပါ့။

ေတာ္လွန္ေရးၿပီးရင္ ျပည္သူ႕အစိုးရက ဒီေငြေတြကို ျပန္ထုတ္ေပးမွာဆိုေတာ့ ေနာင္ေရး စိတ္ပူသူေတြက Bond ေတြ ဝယ္ယူထားဖို႔ နည္းလမ္းရသြားတယ္။

ဥပမာဗ်ာ .. ကြၽန္ေတာ္က ျမန္မာျပည္မွာ အိမ္ဝယ္ဖို႔ (သို႔) ျမန္မာျပည္မွာ စီးပြားေရး လုပ္ဖို႔ ေငြစုထားတယ္။ သို႔ေသာ္ ျမန္မာျပည္လက္ရွိ အေျခအေနေၾကာင့္ မဝယ္ျဖစ္ေသးတာ (သို႔) စီးပြားေရး မလုပ္ျဖစ္ေသးတာေၾကာင့္ စုထားတဲ့ ေငြကို ဘဏ္ထဲမွာ ထားတယ္ေပါ့။ ဒါကို လႉဖို႔ ႏွေျမာေနတယ္။ ေနာင္ေရးစာကိုးဗ်။

အဲဒီအခက္အခဲကို Bond က ေက်ာ္သြားတယ္။နိုင္ငံ ျခား ဘဏ္မွာ စုထားတဲ့ ေငြကို Bond ဝယ္ထားလိုက္ရင္ တစ္ခ်က္ခုတ္ ၂ ခ်က္ျပတ္။ ေတာ္လွန္ေရးအတြက္ ထည့္ဝင္ရာလည္း ေရာက္သလို၊ ေတာ္လွန္ေရး အလြန္မွာလည္း ေငြျပန္ရမယ္။

သားေ႐ႊအိုးထမ္းလာတဲ့ အစီအစဥ္။ စၿပီး ေရာင္းၿပီ ဆိုတာနဲ႕ ဝယ္ၿပီးသားပဲ။ဝယ္လို မရမွာေတာင္ စိတ္ပူေနမိတယ္။

ကိုထိုက္