Local News

သိန်းထောင်ချီအကုန်ခံ ကျောက်ကပ်ဆေးနေရသူတွေ သိထားသင့်တဲ့ မြန်မာဆေးနည်းကောင်း

သိန်းထောင်ချီအကုန်ခံ ကျောက်ကပ်ဆေးနေရသူတွေ သိထားသင့်တဲ့ မြန်မာဆေးနည်းကောင်း

ကျောက်ကပ် ဝေဒနာ ခံစားနေရသူများမှာ လူလည်းပင်ပန်း၊ငွေကြေးကုန်ကျမှု့ များပြားသော ရောဂါတစ်ခု ဖြစ်ပါသည်။

သိန်းထောင်ချီ၍ ချမ်းသာသောသူပင် ဒေဝါလီ ခံရသော ရောဂါပါ ။

ကျောက်ကပ် ဆေး နေရသူများမှာ လူလည်းနာ ငွေလဲကုန်လှပါသည်။ အချိန်အခိုက်အတန့် တခုသာ ထိန်းထားနိုင်ပြီး

မရဏ မင်းထံ သွားရသည်သာများပါသည်။လဲလှယ်နိုင်မှသာ အသက်ဆက်နိုင်ပါသည်။ လဲဖို့စားရိတ်ကလည်း သိန်းထောင်ကျော် ကုန်ကျပါသည်။

ထို့ကြောင့် ကျောက်ကပ် ဝေဒနာသည်များ အောက်ပါအတိုင်း ဆောင်ရွက်ကြည့်ပါ။ ဖြစ်ခါစတွင်ပျောက် ကင်း၍

နာတာရှည် ခံစားနေရသူ များသက်သာပြီး ကျောက်ကပ်ဆေးနေရသူများ အကြိမ်ရေ လျော့ပါးလာ စေရပါမည်ဟု လုံးဝအာမခံပါသည်။

ကျွန်တော်ကိုယ်တိုင် လွန်ခဲ့သော သုံးနှစ်က ခံစားခဲ့ဖူးပါသည်။ သိသိခြင်း ဆောင်ရွက်ခဲ့သဖြင့် သုံးလ

အတွင်း ပျောက်ကင်းခဲ့ပါသည်။ စရိတ်သက်သာ အကုန်အကျနည်း၍ လုံးဝအထင် မသေးပါနှင့်။

ကမ္ဘာ ပေါ်တွင် နံမည်ကြီး နေပြီဖြစ်သည့် HERBAL MEDICINE ကုသနည်းပါ။ အနောက် နိုင်ငံများတွင်ပင် ဘေးထွက် ဆိုးကျိုးများပြားလာသည့်

အနောက်တိုင်းဆေးများကို သောက်သုံးရန် ချင့်ချိန်လာကြပြီး သစ်ဥ သစ်ဖု သဘာဝအပင်များမှ ထုတ်ယူသောဆေးများကို ပြောင်းလဲသုံးစွဲနေပါပြီ

မြန်မာပြည်တွင် ဒေါက်တာခင်မောင်လွင် ထုတ်လုပ်သည့် fame ဆေးတိုက်မှဆေးများ ကမ္ဘာတွင်

နံမည်ရ နေပါပြီ။ယခုတင်ပြသောဆေးနည်းမှာ ကျွန်တော်တို့မိသားစု ဘိုးစဉ်ဘောင်ဆက် သုံးစွဲခဲ့သောနည်းပါ။

၁။ ကျောက်ဖရုံသီး ဟင်းချိုကို နေ့စဉ်သောက်ပေးပါ။ (အသား၊ငါး မရောပါနှင့်၊ ရောဂါမရှိသေးသူများ သောက်ပါက

ဆီးကောင်းစေပြီး၊ ယောက်ျားများ အတွက်၊ ယောက်ျားပီသ စေပါသည်)

၂။တရုတ်နံနံပင်ငါးရွက်ကို ရေနွေးဖြူထဲတွင် ထည့်စိမ်ပါ။ လဖက်ခြောက်ခပ်၍ ရေနွေးသောက်သလို သောက်ပါ။

အဖတ်ဝါးစားပါ။ ညနေစာစားပြီး နာရီဝက်ခန့်ခြားပြီးမှသောက်ပါ။ အိပ်ချိန်နှင့်ဝေးပါစေ။ သွေး တိုးပါကျစေသဖြင့်

မျက်လုံးကြောင်တတ်ပါသည်။ည ခုနစ်နာရီဆိုလျင် သင့်ပါသည်။

၃။ ကျောက်ကပ်ကြောင့် အသည်းအသန်အောင့်နေသူများ ကျောက်ဖရုံသီး ကို ခွဲ အူတိုင်ထုတ်ပြီး ကျောက် ကပ်

နေရာသို့ အတွင်းသားဖြင့်ကပ်၍ စည်းထားပါ။ ဖြေးဖြေး သက်သာလာပါမည်။

၄။ရေပူစမ်းနှင့်နီးပါက တပါတ်တစ်ကြိမ်ချိုးပါ၊မနီးပါက ရေနွေးနှင့်ချိုးပြီး ချွေးအောင်းပါ။သုံးလအနည်းဆုံးထားပြီး

ဆောင်ရွက်ပါ။ ကျောက်ကပ် ဆေးနေရသူများပင် အကြိမ်ရေ လျော့လာသည်ကို တွေ့ရပါမည်။

Credit

About the author

admin

Add Comment

Click here to post a comment