International News

မြန်မာစစ်တပ်ရဲ့ အာဏာသိမ်းမှုကို နိုင်ငံတကာအသိုင်းအဝိုင်းက မဖြစ်မနေ အဆုံးသတ်ပေးတော့မည်

မြန်မာစစ်တပ်ရဲ့ အာဏာသိမ်းမှုကို နိုင်ငံတကာအသိုင်းအဝိုင်းက မဖြစ်မနေ အဆုံးသတ်ပေးတော့မည်

သတင်းသုံးခုကို အသိပေး ၊ ဆက်စပ် ၊ သုံးသပ်ချင်ပါတယ် ။ အောက်တိုဘာ ၁၈ ရက်နေ့က ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် အင်ဒရူးဟာ မြန်မာစစ်ကောင်စီကို အဆုံးသတ်ဖို နိုင်ငံတကာအသိုင်းအဝိုင်းကို အချက် ၃ ချက် တောင်းဆိုလိုက်တယ် ။

ဒီအရေးကြီးတဲ့ အချက် ၃ ချက်ကို အမေရိကန် ၊အီးယူနဲ့ နိုင်ငံစုံက ကူညီကြဖို့လည်း တောင်းဆိုထားတယ် ။

အင်ဒရူးက စစ်ကောင်စီဟာ ပြည်သူတွေကို ဘာ့ကြောင့် ဆက်လက်အကြမ်းဖက်နေသလဲဆိုရင် ( ၁ ) ငွေကြေး ( MONEY ) ( ၂ ) လက်နက်( WEAPONS ) ( ၃ ) တရားဝင်မှု့ ၊ အသိအမှတ်ပြုမှု့LEGITIMACY တွေကို စစ်ကောင်စီဘက်က အားသာနေလို့ အဆုံးသတ်ပေးဖို့ အချိန်ကြာနေရတယ်လို့ တင်ပြထားပါတယ် ။

အင်ဒရူးက နိုင်ငံတကာအသိုင်းအဝိုင်းဟာ မြန်မာပြည်သူတွေရဲ့ လူ့အခွင့်အရေးနဲ့ သူတို့တိုင်းပြည်ကို ကယ်တင်ပေးဖို့ တောင်းဆိုထားပါတယ် ။

ကုလသမဂ္ဂဆိုင်ရာ မဟာမင်းကြီးက ချင်းပြည်နယ်ကို ရောက်ရှိလာတဲ့ စစ်ကောင်စီလက်နက်ကိုင်တွေဟာ အင်အား သုံးထောင်ကျော်ရှိပြီး ၊ ပေါက်ကွဲမှု့ပြင်းထန်တဲ့ လက်နက်ကြီးတွေ ပါဝင်လာတယ်လို့ အသိပေးထားပါတယ် ။

မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် အင်ဒရူး
“ဒါဟာ မြန်မာစစ်တပ်ရဲ့ ဖိနှိပ်မှု့နဲ့ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်နေတဲ့ ပြည်သူတွေကို ရက်ရက်စက်စက် နှိမ်နင်းတော့မယ်ဆိုတာ မြင်နေရပါပြီ ။ မြေအောက်တော်လှန်ရေးအဖွဲ့ သို့မဟုတ် People’s Defence Force ( PDF ) တွေဟာ အထူးသဖြင့် ဒီဒေသမှာ ပြင်းပြင်းထန်ထန် ခုခံတော်လှန်နေတာပါ ။ မြန်မာစစ်တပ်ဘက်က တောင်ကုန်း တောင်တန်း ထူထပ်တဲ့ ဒီဒေသမှာ နယ်မြေရှင်းလင်းရေး အော်ပရေးရှင်းတစ်ခု ဆင်နွဲဖို့ ကြီးမားတဲ့ စစ်ရေးပြင်ဆင်မှု့တွေ စီစဉ်နေပါတယ် ။ ”

” လာမယ့် အောက်တိုဘာလ ၂၆ ကနေ ၂၈ ရက်နေ့အထိ ကျင်းပမယ့် အာဆီယံညီလာခံကို စစ်ကောင်စီခေါင်းဆောင် မတက်ရောက်ဖို့ အာဆီယံက ဆုံးဖြတ်ထားပါတယ် ။ ဒါဟာ အာဆီယံကိုယ်စားလှယ်ရဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့် တောင်းဆိုရာမှာ ခွင့်မပြုခဲ့တဲ့အတွက် စစ်ကောင်စီအပေါ်မှာ တုံ့ပြန်လိုက်တာပါ ။ ပြီးခဲ့တဲ့ တနင်္လာနေ့ကတော့ အာဆီယံအိပ်မက် မျှော်လင့်ချက်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးခဲ့ပါတယ် ။ ”

” သို့ပေမယ့် ၊ ရာဇဝတ်မှု့တွေကို လွယ်လွယ်ကူကူ ကျူးလွန်နေတဲ့ မြန်မာစစ်တပ်ဟာ နိုင်ငံတကာရဲ့ လက်ခုပ်သံကို မျှော်လင့်ယုံသာ မျှော်လင့်ခဲ့ပြီး အရေးကြီးတဲ့ အကျဉ်းသားအချို့ကို တစ်ရက်တည်းမှာပဲ ပြန်ဖမ်းခဲ့ပါတယ် ။ ”

ဒုတိယသတင်းကတော့ ၊ ” လူသားချင်းဆိုင်ရာ အခွင့်အရေး ၊ လုံခြုံရေး ရှု့ထောင့်ကနေ ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံမှာ စီးပွားရေးရော နိုင်ငံရေးပါ တိုးတက်မှု့မရှိတာက အဆိုးဆုံပါ ။ ” လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အတိုင်ပင်ခံပုဂ္ဂိုလ် DEREK CHOLLET က The Associated Press သတင်းဌာနရဲ့ အင်တာဗျူးမှာ ဖြေကြားခဲ့တာပါ ။

စင်္ကာပူဟာ မြန်မာစစ်ကောင်စီအပေါ်မှာ ငွေကြေးသြဇာလွှမ်းမိုးမှု့ သိသိသာသာ ကြီးမားလှတယ်လို့ အင်ဒိုနီးရှားမှာရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဌာနက အတိုင်ပင်ခံပုဂ္ဂိုလ် Derek Chollet က ပြောကြားလိုက်ပါတယ် ။

စင်္ကာပူဟာ မြန်မာ့ပြဿနာကို ဖြေရှင်းရာမှာ အလွန်အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိပါတယ် စ စ်တပ်အပေါ်မှာ သြဇာလွှမ်းမိုးမှု့ရှိတာကြောင့် စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွယ်နေတဲ့ ငွေကြေးတွေအတွက် စင်္ကာပူငွေကြေးအာဏာပိုင်အဖွဲ့ရဲ့ ဒုတိယအုပ်ချုပ်မှု့ဒါရိုက်တာ မစ္စဟိုဟန်ရှင်း ထံမှာ လုပ်ငန်းစဉ်တွေ ချပြခဲ့တာပါ ။

စစ်ကောင်စီပိုင်ဆိုင်ထားတဲ့ ငွေကြေးတွေကို ကန့်သတ် ထိန်းချုပ်နိုင်ဖို့ ဆွေးနွေးခဲ့တာပါ ။ Straits Times သတင်းဌာနက အင်တာဗျူးမှာတော့ ဆွေးနွေးမှု့က အပေါင်းလက္ခဏာ ဆောင်ခဲ့ပါတယ် ။ ငါတို့ရဲ့ လုပ်ဖော်ကိုင်ဘက်တွေနဲ့အတူ ရှေ့ဆက်ရမယ့်လမ်းကို အကောင်းဆုံး ဆွေးနွေးနိုင်ခဲ့တယ်လို့ ဖြေကြားခဲ့ပါတယ် ။

စင်္ကာပူဟာ မြန်မာနိုင်ငံမှာ ထိပ်တန်းရင်းနှီးမြှပ်နှံသူဖြစ်ပြီး စင်္ကာပူဒေါ်လာ ၃၂.၇ ဘီလီယံ ( ယူအက်စ်ဒေါ်လာ ၂၄.၃ ဘီလီယံ ) ရှိပါတယ် ။ ဒါတွေကို ထိန်းချုပ်နိုင်ဖို့ စင်္ကာပူငွေကြေး အာဏာပိုင်အဖွဲ့က ဒုတိယအုပ်ချုပ်မှု့ဒါရိုက်တာ မစ္စဟိုဟန်ရှင်းနဲ့ ဆွေးနွေးခဲ့တာပါ ။ အောင်မြင်မှု့ရတယ်လို့ ဆိုပါတယ် ။

” ကျွန်တော်တို့ ရှေ့ဆက်ရမယ့်လမ်းအတွက် ယေဘူရအနေနဲ့ သဘောတူညီချက်ရထားပါတယ် ။ နည်းဗျူဟာတွေမှာ သဘောထားကွဲလွဲမှု့တွေလည်း ရှိနိုင်ပါတယ် ။ တိုးတက်မှု့တွေဖြစ်လာဖို့ ၊ လာမယ့်သီတင်းပတ်မှာလုပ်မယ့် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေနဲ့ စစ်ကောင်စီကို တာဝန်ခံမှု့ရှိအောင် လုပ်ရပါလိမ့်မယ် ။ ”

” အမေရိကန်ဟာ မြန်မာနိုင်ငံက စစ်တပ်အာဏာသိမ်းမှု့အတွက် အပြောင်မြောက်ဆုံး အတိုက်အခံ တစ်ယောက်အဖြစ် ရပ်တည်နေပါတယ် ။ မဝေးတော့တဲ့ ကာလမှာ မြန်မာနိုင်ငံရဲ့ အဆိုးဆုံးတွေကို ရပ်တန့်ပေးဖို့ စီစဉ်နေပါတယ် ။ လက်နက် ၊ ငွေကြေးနဲ့ တရားဝင်မှု့တွေကို ရပ်တန့်ပြစ်ရမှာပါ ။ အာဆီယံညီလာခံကနေ မြန်မာစစ်ကောင်စီကို တရားမဝင် အဖွဲ့အစည်းအဖြစ် ကြေငြာဖို့ တိုင်ပင်နေပါတယ် ” လို့ အင်ဒိုနီးရှားမှာ ပြောကြားခဲ့တာပါ ။

တတိယသတင်းကတော့ ၊ စင်္ကာပူဘဏ်မှာ အပ်နှံထားတဲ့ မြန်မာစစ်တပ်ပိုင် ငွေအားလုံးကို ထိန်းချုပ်လိုက်ပါတယ် ။ သုံးသပ်ရရင် …..၊

ကုလသမဂ္ဂ ၊ အမေရိကန် ၊ အီးယူနဲ့ အာဆီယံဟာ မြန်မာစစ်ကောင်စီရဲ့ ငွေကြေး ၊ လက်နက် ၊ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုမှု့ ဆိုတဲ့ အချက် ၃ ချက်ကို အပေးအယူတည့်စွာနဲ့ ကစားပြလာပါပြီ ။

ဒီအထဲက ငွေကြေးနဲ့ တရားဝင်မှု့ကို ထိန်းချုပ်လိုက်နိုင်ပါပြီ ။ နောက်ဆုံးကျန်နေတဲ့ လက်နက်ကတော့ ရုရှားနဲ့ တရုတ်ထံကနေ ရခဲ့ပေမယ့် ၊ အခြေအနေအရ နောက်ထပ်ပို့မယ့်ပုံ မတွေ့ရတော့ပါဘူး ။

ငွေကြေးကို ထိန်းချုပ်လိုက်တဲ့အတွက် လက်နက်ဝယ်ဖို့ မလွယ်တော့ပါဘူး ။ တရားဝင်မှု့ကို အသိအမှတ်မပြုတဲ့အတွက် ကမ္ဘာ့အလယ်မှာ မြန်မာစစ်တပ်ဟာ တရားမဝင် အဖွဲ့အစည်းအဖြစ် ဆက်ဆံခံနေရပြီး ၊ တကယ်ကို တရားမဝင်အဖွဲ့အစည်းအဖြစ် ကမ္ဘာသိ ကြေငြာဖို့ အမေရိကန်က ဦးဆောင်ပြီး အာဆီယံနဲ့ ဆွေးနွေးနေပါတယ် ။

မြန်မာပြဿနာကို အာဆီယံအပေါ် အချိန်ပေးထားတဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကလည်း ကြိူဆိုကြပါလိမ့်မယ် ။

ဒါ့အပြင် မြန်မာနိုင်ငံက ပိုမိုဆိုးရွားလာတဲ့ လူ့အခွင့်အရေး အကျပ်အတည်းတွေကြောင့် အာဆီယံအနေနဲ့ အဖွဲ့အဝင် နိုင်ငံအချင်းချင်း ဝင်ရောက်မစွက်ဖက်ရဘူး ဆိုတဲ့အချက်ကို ပြန်စဉ်းစားသင့်တယ်လို့ မလေးရှားနိုင်ငံခြားရေး ဝန်ကြီးရဲ့ ပြောဆိုမှုကို ကိုးကးပြီး ရိုက်တာသတင်းဌာနမှာ ရေးသားထားပါတယ်။

မလေးနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင်အဗ္ဗဒူလာ
အာဏာသိမ်းပြီးနောက်ပိုင်း ဆန္ဒပြသူတွေကို ပစ်ခတ်ဖြိုခွင်းတာကြောင့် အရပ်သား ၁၀၀၀ ကျော် သေဆုံး ခဲ့ရတဲ့ အခြေအနေကိုထောက်ရှုပြီး အခြားနိုင်ငံရဲ့ ပြည်တွင်းရေး ဝင်မစွက်ဖက်ရမူဝါဒအပေါ် ပြန်စဉ်းစား သင့်ကြောင်း မလေးနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင်အဗ္ဗဒူလာ (Saifuddin Abdullah) က ပြောခဲ့တာပါ။

အဖွဲ့ဝင် ၁၀ နိုင်ငံ ပါဝင်တဲ့ အာဆီယံဟာ လာမယ့်အပတ်မှာပြုလုပ်မယ့် အာဆီယံထိပ်သီးအစည်းအဝေးထံ မြန်မာစစ်ခေါင်းဆောင်ကို မဖိတ်ဖို့ မကြုံစဖူးဆုံးဖြတ်ချက်ချမှတ်ခဲ့ပြီး နိုင်ငံရေးနယ်ပယ်က မဟုတ်သူကိုပဲ ဖိတ်မယ်လို့ ပြောထားပါတယ်။

မလေးရှား၊ အင်ဒိုနီးရှား၊ စင်္ကာပူနဲ့ ဖိလစ်ပိုင်နိုင်ငံတွေက တွန်းအားပေးခဲ့တဲ့ ဒီဆုံးဖြတ်ချက်ဟာ အဖွဲ့ဝင်နိုင်ငံ တွေအပေါ် ဝေဖန်မှုနဲ့ပတ်သက်ပြီး ဘုံသဘောတူညီချက်ယူတာနဲ့ ညှိနှိုင်းဆွေးနွေးတာကိုသာ အလေးထား လုပ်ဆောင်ခဲ့တဲ့ အာဆီယံအတွက်တော့ ကြုံတောင့်ကြုံခဲ ပြတ်သားတဲ့ ဆုံးဖြတ်ချက်တစ်ခု ဖြစ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဆိုရရင် ….၊ မြန်မာစစ်တပ်ရဲ့ အာဏာသိမ်းမှု့ကို နိုင်ငံတကာအသိုင်းအဝိုင်းက မဖြစ်မနေ အဆုံးသတ်ပေးတော့မှာပါ ။ အချိန်ကာလကတော့ ပြည်တွင်းတော်လှန်အားနဲ့ ပြည်ပတွန်းအားက အဖြေပေးပါလိမ့်မယ် ။

ဘကြီးအောင် LA
21 October,2021

About the author

admin

Add Comment

Click here to post a comment