သိန်း တစ်ထောင်ကျော်နဲ့ ပြန်ရွေးခဲ့တဲ့ ဆရာနဲ့ ဆရာမတို့ရဲ့ မိသားစု ဇာတ်​ပေါင်းခန်း

သိန်း တစ်ထောင်ကျော်နဲ့ ပြန်ရွေးခဲ့တဲ့ ဆရာနဲ့ ဆရာမတို့ရဲ့ မိသားစု ဇာတ်​ပေါင်းခန်း

မိသားစု ဇာတ်​ပေါင်းခန်း။ဆရာနဲ့ ဆရာမ မိသားစုနဲ့ ဆုံစည်းသွားပြီ။ ကျန်တာက​တော့ သတင်းစာရှင်းလင်းပွဲကို ​မျှော်။

ပြန်ပေးဆွဲခံထားရသော ဆရာနှင့် ဆရာမတို့နှစ်ဦးအား ပြန်လည်ကယ်တင်နိုင်ရေး ဆောင်ရွက်နေသည့် ညှိနှိုင်းရေးအဖွဲ့သည် ပြန်ပေးဆွဲအဖွဲ့မှ တောင်းခံထားသည့် မြန်မာကျပ်ငွေ ၁၀၄၁ သိန်း အား ဇွန် ၂၂ ရက်နေ့တွင်

အားလုံးလွှဲပေးခဲ့ပြီးနောက် ဆရာနှင့် ဆရာမနှစ်ဦးအား ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနပ်ဖ်မြို့နယ်၊ နီလာအုပ်စု၊ ခြံချောင်း (ခ)Kharang Khali(ရခိုင်)ကျေးရွာအနီး၌ စေလွှတ်ခဲ့ကြောင်းသိရသည်။

၎င်းတို့ နှစ်ဦးသည် ဇွန် ၂၃ ရက်နေ့ မနက် ၆ ချိန်ခန့်တွင် အဆိုပါကျေးရွာရှိဘုန်းကြီး ကျောင်းသို့ သွားရောက်အကူအညီတောင်းခဲ့ရာ ဆရာတော်မှ ၎င်းကျေးရွာနေ ဦးကျော်ကျော်၏ နေအိမ်၌ ခေတ္တနေထိုင်ရန်အပ်နှံပေးခဲ့ကြောင်း သိရသည်။

နေ့လည် ၁ နာရီခန့်တွင် တက္ကနာဖ်ပ် မြို့နယ် ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် မော်တော် ယာဉ် ၂ စီးဖြင့် ရောက်ရှိလာပြီး ၎င်းတို့ ၂ ဦးအားခေါ်ဆောင်၍ တက္ကနာဖ်ပ်မြို့နယ်ရဲစခန်းသို့ ရောက်ရှိထိန်းသိမ်းထားကြောင်းနှင့်

တရားဝင်လွှဲပြောင်းပေးနိုင်ရေး နှစ်နိုင်ငံနယ်ခြားစောင့်တပ်ဖွဲ့အချင်းချင်း ချိတ်ဆက်ဆောင်ရွက်ခဲ့ကြသည်။

ဇွန် ၂၃ ရက် ည ၁၀ နာရီခွဲချိန်ခန့်တွင် မောင်တောမြို့နယ်၊တောင်ပြိုလက်ဝဲမြို့ရှိ မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ ချစ်ကြည်ရေးတံတားထိပ်၌ ကော့ဘဇားမြို့

အခြေစိုက် အမှတ် (၃၄) BGB တပ်ကိုယ်စားလှယ်အဖွဲ့ဝင် ၈ ဦးမှ မြန်မာနိုင်ငံနယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ကိုယ်စားလှယ်အဖွဲ့ဝင် ၈ ဦးထံသို့လာရောက် လွှဲပြောင်းအပ်နှံခဲ့သည်။

နှစ်ဘက်ကိုယ်စားလှယ်ခေါင်းဆောင်များမှ စနစ်တကျလွှဲပြောင်းလက်ခံမှုများ ဆောင်ရွက်ခဲ့ရာ ည ၁၀ နာရီ ၅၀ မိနစ်ခန့်တွင်လွှဲပြောင်းလက်ခံမှုပြီးစီးခဲ့ပြီး

မြန်မာနိုင်ငံနယ်ခြားစောင့်ရဲတပ်ဖွဲ့ ကိုယ်စားလှယ်အဖွဲ့ဝင် ၈ ဦးသည် ဆရာနှင့် ဆရာမတို့နှစ်ဦးအား မော်တော်ယာဉ်ဖြင့်ခေါ်ဆောင်၍ ချစ်ကြည်ရေးတံတားမှ

ထွက်ခွာခဲ့ရာ ည ၁၀ နာရီ ၅၈ မိနစ်တွင် သက်ဆိုင်ရာဌာနရှိဘေးကင်းလုံခြုံရာနေရာသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရှိရသည်။

COPY @Wai Hun Aung

Leave a Reply

Your email address will not be published.