
သီချင်းဆိုပြပြီး စျေးရောင်းတော့မှာမို့ အားပေးကြပါဦးလို့ ဖိတ်ခေါ်လိုက်တဲ့ တော်လှန်ရေး ဒါရိုက်တာ ကိုပေါက်…
ပရိသတ်ကြီးရေ ဒါရိုက်တာ ကိုပေါက် ကတော့ အမှန်တရားအတွက် ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေမှာ ရောက်ရှိနေပြီး တော်လှန်ရေးအတွက် အစွမ်းကုန်ကြိုးစားနေသူတစ်ဦး ဖြစ်ပါတယ်။
ဒါအပြင် ပြည်သူတွေကို စိတ်ဓာတ်မကျစေဖို့ အမြဲတမ်းအားပေးနေပြီး သွေးမအေးသွားစေဖို့အတွက်လဲ အမြဲတမ်းလှုံ့ဆော်နေသူလဲ ဖြစ်ပါတယ်။
တော်လှန်ရေးအတွက် ပြုလုပ်တဲ့ ရန်ပုံငွေပွဲတွေမှာလဲ အမြဲတမ်းလိုလိုပါဝင်နေတာကိုလဲ တွေ့ရပါတယ်။ ဒါရိုက်တာ ကိုပေါက် ဟာ သီချင်းဆိုပြပြီး စျေးရောင်းတော့မှာမို့ အားပေးကြပါအုန်းလို့ ဖိတ်ခေါ်လိုက်ပါတယ်။
” ချစ်ရသူတွေနဲ့ မတွေ့ရတာကြာလို့ရော သူများတွေ စျေးရောင်းနေတာတွေ့တော့ ကိုယ်လည်း စျေးရောင်းချင်လို့ ဒီည live လွှင့်ပြီးစျေးရောင်းရင် ဝယ်ကြမှာလား?
စိန်ရွှေငွေ ရတနာလား? ရေမွှေးလား? မြေကွက်လား? အလှကုန်ပစ္စည်းလား? အစားအသောက်လား? ဘာရောင်းမယ်ထင်လဲ? သီချင်းဆိုပြပြီးစျေးရောင်းမှာမို့ အားပေးကြပါအုံးလို့။
ဟိုဟိုဒီဒီ တွေလည်း ပြောကြ ဆိုကြမယ်လေ။ ပျော်ပျော်ပါးပါးပေါ့လို့ ရေးသားထားတာကို တွေ့ရပါတယ်။
Credit