သူတစ်လူ ငါတစ်မင်း ဖြစ်လို့မရဘူးလေစည်းလုံးခြင်းရဲ့ အားကို ပြရမှာလေ စည်းလုံးကြပါ ဆိုတဲ့ ကိုပေါက်

သူတစ်လူ ငါတစ်မင်း ဖြစ်လို့မရဘူးလေစည်းလုံးခြင်းရဲ့ အားကို ပြရမှာလေ စည်းလုံးကြပါ ဆိုတဲ့ ကိုပေါက်

နာမည်ကြီးအနုပညာရှင်အချို့ကတော့ ပြည်သူတွေဘက်ကနေ ရပ်တည်ပြီး အာဏာရှင်ဆန့်ကျင်တဲ့ နွေဦးတော်လှန်ရေးဆင်နွှဲခဲ့လို့ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပါတယ်။

ဒါရိုက်တာ ကိုပေါက် တစ်ယောက်ကလည်း ပြည်သူတွေဘက်ကနေ မားမားမတ်မတ်ရပ်တည်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ၅၀၅(က)နဲ့ အမှုဖွင့်ခံထားရသူ ဖြစ်ပါတယ်။

လွတ်မြောက်နယ်မြေ တစ်နေရာကို ရောက်ရှိနေတဲ့ ကိုပေါက် ကတော့ ရောက်ရာနေရာကနေ တော်လှန်ရေးတိုက်ပွဲဆင်နွှဲနေသူ ဖြစ်ပါတယ်။

မိသားစုကိုခွဲခွာပြီး လွတ်မြောက်နယ်မြေမှာရောက်ရှိနေတဲ့ ကိုပေါက် ကတော့သူ့ရဲ့အိမ်ကိုအရမ်းလွမ်းနေတယ်ဆိုတဲ့ စာလေးတွေကိုအမြဲရေးသားလေ့ရှိပါတယ်။

လတ်တလောမှာလည်း ဒါရိုက်တာ ကိုပေါက်ဟာ အောက်ပါအတိုင်း စာလေး ကိုရေးလာပါတယ်။

❝လှေကြီးပေါ် လှေငယ်ဆင့်မယ့်ကိစ္စကို မကြိုးစားသင့်ဘူး။

သူတစ်လူ ငါတစ်မင်း ဖြစ်လို့မရဘူးလေ။ စည်းလုံးခြင်းရဲ့ အားကို ပြရမှာလေ။ စည်းလုံးကြပါ။
🤝🤝🤝🤝🤝🤝🤝🤝🤝🤝🤝🤝🤝🤝🤝❞

ဆိုပြီးရေးလာတာဘဲ ဖြစ်ပါတယ်။

Zawgyi

သူတစ္လူ ငါတစ္မင္း ျဖစ္လို႔မရဘူးေလစည္းလုံးျခင္းရဲ႕ အားကို ျပရမွာေလ စည္းလုံးၾကပါ ဆိုတဲ့ ကိုေပါက္

နာမည္ႀကီးအႏုပညာရွင္အခ်ိဳ႕ကေတာ့ ျပည္သူေတြဘက္ကေန ရပ္တည္ၿပီး အာဏာရွင္ဆန့္က်င္တဲ့ ေႏြဦးေတာ္လွန္ေရးဆင္ႏႊဲခဲ့လို႔ ဖမ္းဆီးထိန္းသိမ္းျခင္းခံခဲ့ရပါတယ္။

ဒါရိုက္တာ ကိုေပါက္ တစ္ေယာက္ကလည္း ျပည္သူေတြဘက္ကေန မားမားမတ္မတ္ရပ္တည္ခဲ့တဲ့ အႏုပညာရွင္တစ္ေယာက္ျဖစ္ၿပီး ၅၀၅(က)နဲ႕ အမႈဖြင့္ခံထားရသူ ျဖစ္ပါတယ္။

လြတ္ေျမာက္နယ္ေျမ တစ္ေနရာကို ေရာက္ရွိေနတဲ့ ကိုေပါက္ ကေတာ့ ေရာက္ရာေနရာကေန ေတာ္လွန္ေရးတိုက္ပြဲဆင္ႏႊဲေနသူ ျဖစ္ပါတယ္။

မိသားစုကိုခြဲခြာၿပီး လြတ္ေျမာက္နယ္ေျမမွာေရာက္ရွိေနတဲ့ ကိုေပါက္ ကေတာ့သူ႕ရဲ႕အိမ္ကိုအရမ္းလြမ္းေနတယ္ဆိုတဲ့ စာေလးေတြကိုအၿမဲေရးသားေလ့ရွိပါတယ္။

လတ္တေလာမွာလည္း ဒါရိုက္တာ ကိုေပါက္ဟာ ေအာက္ပါအတိုင္း စာေလး ကိုေရးလာပါတယ္။

❝ေလွႀကီးေပၚ ေလွငယ္ဆင့္မယ့္ကိစၥကို မႀကိဳးစားသင့္ဘူး။

သူတစ္လူ ငါတစ္မင္း ျဖစ္လို႔မရဘူးေလ။ စည္းလုံးျခင္းရဲ႕ အားကို ျပရမွာေလ။ စည္းလုံးၾကပါ။
🤝🤝🤝🤝🤝🤝🤝🤝🤝🤝🤝🤝🤝🤝🤝❞

ဆိုၿပီးေရးလာတာဘဲ ျဖစ္ပါတယ္။။

Leave a Reply

Your email address will not be published.