Local News

သူတို့ဆုံးရှုံးခဲ့တာတွေက သူတို့ရဲ့ ကျောက်တိုင် သူတို့ရဲ့ တံတိုင်း သူတို့ရဲ့ ခိုလှုံရာတွေ….

သူတို့ဆုံးရှုံးခဲ့တာတွေက သူတို့ရဲ့ ကျောက်တိုင် သူတို့ရဲ့ တံတိုင်း သူတို့ရဲ့ ခိုလှုံရာတွေ….

ဆရာဝန်ဖြစ်တော့မယ့်သားကို ဆုံးရှုံးလိုက်ရတဲ့မိဘရှိတယ်။

အဖေတစ်ခုသမီးတစ်ခုဘဝလေးမှာ ဘယ်တော့မှ ပြန်မလာနိုင်အောင် ဆုံးရှုံးလိုက်ရတဲ့ သမီးလေး ရှိတယ်။

အမြွှာညီအစ်ကိုနှစ်ယောက်မှာ ညီညီတစ်ဦးတည်းသာ ဓာတ်ပုံထဲမှာပဲရှိနေတော့မှာဖြစ်တယ်။

ဘွဲ့ရပြီးခါစ အင်ဂျင်နီယာသားကို ဆုံးရှုံးရတဲ့မိဘ ရှိတယ်။

မိန်းမရယ်ငါ့ကိုခွင့်လွှတ်ပါဆိုပြီး သူ့အမေ့ဆီကမုန့်ဖို့တစ်ထောင်တောင်း ထွက်သွားပြီး အိမ်ပြန်မလာနိုင်တော့တဲ့ ကလေးနှစ်ယောက်အဖေရှိတယ်။

သမီးလေးနဲ့ ပြန်မတွေ့နိုင်တော့တဲ့ ဆရာမရှိတယ်။

ညဘက်ခေါ်သွားပြီး မနက်အလောင်း လာကောက်ရတဲ့ မိဘတွေ ရှိတယ်။

လွတ်မြောက်နယ်မြေကို သွားနေရင်းငှက်ဖျားမိပြီးသေရတဲ့လူတွေရှိတယ်။အဆင့်မြင့်တိုက်ပေါ်ကနေ ခုန်ချပြီးသေဆုံးသွားရတဲ့သူတွေရှိတယ်။

ဒါ့ကြောင့်… …ကိုယ်ချင်းစာတရား ကင်းမဲ့နေတဲ့ သူတို့တွေနဲ့ သူတို့နောက်လိုက်တွေကို ကိုယ်ချင်းစာတရားရှိသူတွေက မုန်းတီးလာကြတာ မဆန်းပါဘူး။

ဒီပုံတွေပြန်ကြည့်ပြီး ဒီအကြောင်း အရာတွေ ပြန်တွေးရင်း…..

Credit

သူတို႔ဆုံးရႈံးခဲ့တာေတြက သူတို႔ရဲ႕ ေက်ာက္တိုင္ သူတို႔ရဲ႕ တံတိုင္း သူတို႔ရဲ႕ ခိုလႈံရာေတြ….

ဆရာဝန္ျဖစ္ေတာ့မယ့္သားကို ဆုံးရႈံးလိုက္ရတဲ့မိဘရွိတယ္။

အေဖတစ္ခုသမီးတစ္ခုဘဝေလးမွာ ဘယ္ေတာ့မွ ျပန္မလာနိုင္ေအာင္ ဆုံးရႈံးလိုက္ရတဲ့ သမီးေလး ရွိတယ္။

အႁမႊာညီအစ္ကိုႏွစ္ေယာက္မွာ ညီညီတစ္ဦးတည္းသာ ဓာတ္ပုံထဲမွာပဲရွိေနေတာ့မွာျဖစ္တယ္။

ဘြဲ႕ရၿပီးခါစ အင္ဂ်င္နီယာသားကို ဆုံးရႈံးရတဲ့မိဘ ရွိတယ္။

မိန္းမရယ္ငါ့ကိုခြင့္လႊတ္ပါဆိုၿပီး သူ႕အေမ့ဆီကမုန့္ဖို႔တစ္ေထာင္ေတာင္း ထြက္သြားၿပီး အိမ္ျပန္မလာနိုင္ေတာ့တဲ့ ကေလးႏွစ္ေယာက္အေဖရွိတယ္။

သမီးေလးနဲ႕ ျပန္မေတြ႕နိုင္ေတာ့တဲ့ ဆရာမရွိတယ္။

ညဘက္ေခၚသြားၿပီး မနက္အေလာင္း လာေကာက္ရတဲ့ မိဘေတြ ရွိတယ္။

လြတ္ေျမာက္နယ္ေျမကို သြားေနရင္းငွက္ဖ်ားမိၿပီးေသရတဲ့လူေတြရွိတယ္။အဆင့္ျမင့္တိုက္ေပၚကေန ခုန္ခ်ၿပီးေသဆုံးသြားရတဲ့သူေတြရွိတယ္။

ဒါ့ေၾကာင့္ ကိုယ္ခ်င္းစာတရား ကင္းမဲ့ေနတဲ့ သူတို႔ေတြနဲ႕ သူတို႔ေနာက္လိုက္ေတြကို ကိုယ္ခ်င္းစာတရားရွိသူေတြက မုန္းတီးလာၾကတာ မဆန္းပါဘူး။
ဒီပုံေတြျပန္ၾကည့္ၿပီး ဒီအေၾကာင္း အရာေတြ ျပန္ေတြးရင္း…..

Credit

About the author

admin

Add Comment

Click here to post a comment