Local News

“သူမ နာမည်ဂုဏ်သတင်းနဲ့ တင့်တယ်နေခဲ့တဲ့ နိုင်ငံလေးဟာ အခုတော့ အလဲလဲပြို”

“သူမ နာမည်ဂုဏ်သတင်းနဲ့ တင့်တယ်နေခဲ့တဲ့ နိုင်ငံလေးဟာ အခုတော့ အလဲလဲပြို”

ယခင် အသက် ၇၅ (ယခု ၇၆) နှစ် အမျိုးသမီးကြီးတစ်ယောက် ခါးဆန့်ထိုင်တာ တစ်သက်နဲ့တကိုယ် မြင်ရခဲလွန်းတယ်။ သူမ ဘယ်တော့မှ အမှီသဟဲနဲ့ မထိုင်ဘူး။ ထိုင်ခုံမှာ အိစက်ညက်ညောတဲ့ အဆင်တန်ဆာတွေ တပ်ပေးထားလည်း ခါးမတ် မတ်ပဲ ။

လမ်းလျောက်ရင်လည်း ဖျတ်လတ်ပေါ့ပါးနေတတ်လို့ သူမရဲ့ ကိုယ်ရံတော် တစ်သိုက် နောက်ကနေအပြေးတပိုင်း လိုက်ရတယ်။ တိုင်းပြည်နဲ့ ပြည်သူ့အရေးအတွက် ရန်ကုန် – နေပြည်တော်ကို အိမ်ဦး နဲ့ နောက်ဖေးလို၊ ကမ္ဘာအဝှမ်းကို ကူးချည်သန်းချည် သွားလာပြီးအစည်းအဝေးတွေ တက် နေခဲ့တာလည်း ကောင်း ကောင်းအနားမယူနိုင်ခဲ့ရှာဘူး။

ကိုယ်တွေ အသက် ၃၀ မပြည့်သေးဘူး တက်လာလိုက်တဲ့ ဝိတ်တွေ ၊ ထိုင်ရ ထရတာ အီး အဲ အော်နေရပြီ ၊ လမ်းလျောက်တာလည်း လေးနေပြီ။ ကားပေါ်မှာ အကြာကြီး မတ်တပ်မရပ်ချင်ဘူး၊ ထိုင်ခုံလေးတစ်ခု လွတ်သွားရင် ပြေးထိုင်ချင်တာ ခြောက်လွှာကနေ မုန့်လေးဘာလေး ဆင်းဝယ်ပြီး အပေါ်ပြန်ရောက်ရင် လျှာထွက်နေပြီ ။

နိုင်ငံရေးဇာတ်ခုံ‌ ပေါ်က သူမနဲ့ အသက်မတိမ်းမယိမ်း တချို့ဟာလည်း လေဖြတ်တဲ့သူက ဖြတ် ၊ ကိုဗစ်ဖြစ်တဲ့ သူက ဖြစ် ၊ သူငယ်ပြန်တဲ့ သူက ပြန် ၊ လမ်းလျောက်ရင် ဖိုးဝရုပ်ကြီး လို ကားယား ကားယား လျှောက်သူက လျှောက်ရ ။ သူမဟာ အသက် အရွယ်နဲ့ မလိုက်အောင် မာန်အပြည့်ပါပဲ ၊ မာန်ဆိုတာ မောက်မာ ထောင်လွှားတာမျိုးကိုပဲ သုံးတာ မဟုတ်ပါဘူး ။

မာန် ဆိုတာ မာန ကနေ လာပါတယ်။ မာန ဆိုတာ လူတိုင်းမှာ ရှိသင့်ရှိထိုက်တဲ့ အဆင်တန်ဆာ ဖြစ်တယ်။ တချို့က လုပ်ရတာကို သတ္တိလို့ ယူဆနေချိန်မှာ သူမက အပြုံးမပျက် ခံရဲတာကို သတ္တိလို့ ယုံကြည်ထားသူ ဖြစ်တယ် ။

ခုတော့ ဒီအဖြစ်အပျက်တွေတွေအားလုံးဟာ ပြည်သူအား လုံးရဲ့ မြင်ကွင်းကနေ ကွယ်ပျောက်သွားခဲ့ရပြီး နိုင်ငံလေးကလည်း အလဲလဲပြိုလို့ပါလေ…..

အမေ ကျန်းမာဘေးကင်းပါစေ 🙏🙏

Zawgyi

“သူမ နာမည္ဂုဏ္သတင္းနဲ႔ တင့္တယ္ေနခဲ့တဲ့ ႏိုင္ငံေလးဟာ အခုေတာ့ အလဲလဲၿပိဳ”

ယခင္ အသက္ ၇၅ (ယခု ၇၆) ႏွစ္ အမ်ိဳးသမီးႀကီးတစ္ေယာက္ ခါးဆန္႔ထိုင္တာ တစ္သက္နဲ႔တကိုယ္ ျမင္ရခဲလြန္းတယ္။ သူမ ဘယ္ေတာ့မွ အမွီသဟဲနဲ႔ မထိုင္ဘူး။ ထိုင္ခုံမွာ အိစက္ညက္ေညာတဲ့ အဆင္တန္ဆာေတြ တပ္ေပးထားလည္း ခါးမတ္ မတ္ပဲ ။

လမ္းေလ်ာက္ရင္လည္း ဖ်တ္လတ္ေပါ့ပါးေနတတ္လို႔ သူမရဲ႕ ကိုယ္ရံေတာ္ တစ္သိုက္ ေနာက္ကေနအေျပးတပိုင္း လိုက္ရတယ္။ တိုင္းျပည္နဲ႔ ျပည္သူ႕အေရးအတြက္ ရန္ကုန္ – ေနျပည္ေတာ္ကို အိမ္ဦး နဲ႔ ေနာက္ေဖးလို၊ ကမ႓ာအဝွမ္းကို ကူးခ်ည္သန္းခ်ည္ သြားလာၿပီးအစည္းအေဝးေတြ တက္ ေနခဲ့တာလည္း ေကာင္း ေကာင္းအနားမယူႏိုင္ခဲ့႐ွာဘူး။

ကိုယ္ေတြ အသက္ ၃၀ မျပည့္ေသးဘူး တက္လာလိုက္တဲ့ ဝိတ္ေတြ ၊ ထိုင္ရ ထရတာ အီး အဲ ေအာ္ေနရၿပီ ၊ လမ္းေလ်ာက္တာလည္း ေလးေနၿပီ။ ကားေပၚမွာ အၾကာႀကီး မတ္တပ္မရပ္ခ်င္ဘူး၊ ထိုင္ခုံေလးတစ္ခု လြတ္သြားရင္ ေျပးထိုင္ခ်င္တာ ေျခာက္လႊာကေန မုန္႔ေလးဘာေလး ဆင္းဝယ္ၿပီး အေပၚျပန္ေရာက္ရင္ လွ်ာထြက္ေနၿပီ ။

ႏိုင္ငံေရးဇာတ္ခုံ‌ ေပၚက သူမနဲ႔ အသက္မတိမ္းမယိမ္း တခ်ိဳ႕ဟာလည္း ေလျဖတ္တဲ့သူက ျဖတ္ ၊ ကိုဗစ္ျဖစ္တဲ့ သူက ျဖစ္ ၊ သူငယ္ျပန္တဲ့ သူက ျပန္ ၊ လမ္းေလ်ာက္ရင္ ဖိုးဝ႐ုပ္ႀကီး လို ကားယား ကားယား ေလွ်ာက္သူက ေလွ်ာက္ရ ။ သူမဟာ အသက္ အ႐ြယ္နဲ႔ မလိုက္ေအာင္ မာန္အျပည့္ပါပဲ ၊ မာန္ဆိုတာ ေမာက္မာ ေထာင္လႊားတာမ်ိဳးကိုပဲ သုံးတာ မဟုတ္ပါဘူး ။

မာန္ ဆိုတာ မာန ကေန လာပါတယ္။ မာန ဆိုတာ လူတိုင္းမွာ ႐ွိသင့္႐ွိထိုက္တဲ့ အဆင္တန္ဆာ ျဖစ္တယ္။ တခ်ိဳ႕က လုပ္ရတာကို သတၱိလို႔ ယူဆေနခ်ိန္မွာ သူမက အျပဳံးမပ်က္ ခံရဲတာကို သတၱိလို႔ ယုံၾကည္ထားသူ ျဖစ္တယ္ ။

ခုေတာ့ ဒီအျဖစ္အပ်က္ေတြေတြအားလုံးဟာ ျပည္သူအား လုံးရဲ႕ ျမင္ကြင္းကေန ကြယ္ေပ်ာက္သြားခဲ့ရၿပီး ႏိုင္ငံေလးကလည္း အလဲလဲၿပိဳလို႔ပါေလ…..

အေမ က်န္းမာေဘးကင္းပါေစ 🙏🙏

About the author

admin

Add Comment

Click here to post a comment

Recent Comments

No comments to show.