သေဒဏ်ပယ်ဖျက်ရန် နိုင်ငံတကာတောင်းဆိုချက်များအား စစ်ကောင်စီ …see more

သေဒဏ်ပယ်ဖျက်ရန် နိုင်ငံတကာတောင်းဆိုချက်များအား စစ်ကောင်စီ …see more

ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော် အပါအဝင် ၄ ဦးအား သေဒဏ်အတည်ပြုကွပ်မျက်ရန် အာဏာသိမ်း စစ်ခေါင်းဆောင်၏ ဆုံးဖြတ်ချက်ကို ပယ်ဖျက်ပေးရန် ကုလသမဂ္ဂ၊

အမေရိကန်နှင့် ပြင်သစ်နိုင်ငံတို့၏ တောင်းဆိုပြောကြားချက်များမှာ တာဝန်မဲ့ပြောဆိုချက်များ ဖြစ်သည့်အတွက် ပြင်းထန်စွာ ကန့်ကွက်ကြောင်း စစ်ကောင်စီက ဇွန် ၆ ရက် ညပိုင်းတွင် သတင်းထုတ်ပြန်သည်။

ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော်တို့ အနေဖြင့် အပြစ်မဲ့ပြည်သူများအား အကြောက်တရား ကြီးစိုးစေရန်နှင့် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေသည့် အကြမ်းဖက်မှုများ ကျူးလွန်ရာတွင် အဓိက ကြိုးကိုင်စီစဉ်သူများအဖြစ် ထင်ရှားသည့်အတွက် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၄၉(က)၊ ၅၀(ဈ)၊ ၅၀(ည) တို့ဖြင့် သေဒဏ်ချထားခြင်း ဖြစ်ကြောင်း စစ်ကောင်စီက ပြောထားသည်။

ယင်းသို့ သေဒဏ်အတည်ပြုကွပ်မျက်မည့် စစ်ကောင်စီ၏ ဆုံဖြတ်ချက်သည် နိုင်ငံတကာဥပဒေများနှင့် လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် ၃ ပါ ဘဝရှင်သန်မှု၊

လွတ်လပ်မှုနှင့် လုံခြုံရေးဆိုင်ရာ အခွင့်အရေးများအား ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်း ဖြစ်ကြောင်း၊ သေဒဏ်အတည်ပြုချက်အား ပယ်ဖျက်ရန်နှင့် နိုင်ငံရေးအကျဉ်းသားများအား ပြန်လွှတ်ပေးရန်တို့ကို ကုလသမဂ္ဂ၊ အမေရိကန်နှင့် ပြင်သစ်နိုင်ငံတို့က ပြောဆိုခဲ့ခြင်း ဖြစ်သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် နက်ဒ်ပရိုက်စ်က “ဒီမိုကရေစီ လိုလားသည့် အတိုက်အခံခေါင်းဆောင်များကို ကွပ်မျက်ရန် မြန်မာစစ်အာဏာရှင်အဖွဲ့အစည်း၏ သတင်းထုတ်ပြန်ချက်သည် စစ်အာဏာရှင်အဖွဲ့အစည်းက လူ့အခွင့်အရေးနှင့်

တရားဥပဒေစိုးမိုးရေးကို ဂရုမစိုက်ကြောင်း သာဓကပြလျက်ရှိပြီး အမေရိကန်ပြည်ထောင်စုက ပြင်းထန်စွာ ရှုတ်ချပါသည်။ မတရားဖမ်းဆီး ထိန်းသိမ်းထားသူများ အားလုံးကို ပြန်လွှတ်ပေးရန် မိမိတို့ တောင်းဆိုပါသည်” ဟု ယမန်နေ့က ထုတ်ပြန်ပြောဆိုသည်။

ထို့ပြင် မြန်မာနိုင်ငံဆိုင်ရာပြင်သစ်သံရုံးကလည်း စစ်ကောင်စီ၏ သေဒဏ်အတည်ပြုမှုအပေါ် ကန့်ကွက်ခဲ့ပြီး “တရားမဝင်သည့် စစ်အစိုးရက ကျင့်သုံးနေသော အကြမ်းဖက်ဝါဒကို သတ္တိရှိရှိရင်ဆိုင်နေသည့် မြန်မာလူမျိုးများကို ပြင်သစ်က လေးစားပြီး ဆက်လက်၍ ထောက်ခံသွားပါမည်” ဟု ထုတ်ပြန်သည်။

ထိုသို့ ပြင်သစ်နိုင်ငံက ထုတ်ပြန်ခဲ့သည့် “တရားမဝင် စစ်အစိုးရ” ဆိုသည့် စကားလုံးနှင့် ပတ်သက်၍လည်း ပြင်းထန်စွာကန့်ကွက်ကြောင်း စစ်ကောင်စီက ဆိုထားပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖွဲ့စည်းထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တရားဝင်ဖြစ်မှုမှာ မေးခွန်းထုတ်ဖွယ် မရှိကြောင်းနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် စစ်အစိုးရ မဟုတ်ကြောင်းလည်း တုံ့ပြန်ထားသည်။

၎င်းတို့၏ ပြောဆိုချက်များသည် အကြမ်းဖက်မှုအား အားပေးအားမြှောက်ပြုရာရောက်ပြီး အပြစ်မဲ့ပြည်သူ အများအပြား သေကြေဒဏ်ရာရစေကာ အစိုးရနှင့်ပုဂ္ဂလိကပိုင်အဆောက်အဦနှင့် ပစ္စည်းများအား ပျက်စီးစေသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) များ၏ တိုက်ခိုက်မှုများအား လျစ်လျူရှုခြင်း ဖြစ်ကြောင်းလည်း စစ်ကောင်စီက ပြောထားသည်။

ထို့ပြင် ပူးပေါင်းဆောင်ရွက်မှုနှင့် အပြုသဘောဆောင်သည့် ထိတွေ့ဆက်ဆံမှုများ တိုးတက်လာစေရေးအတွက် ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ ပြဋ္ဌာန်းချက်များ၊

နိုင်ငံတကာအသိအမှတ်ပြု သံတမန်ဆက်ဆံရေးနှင့် စပ်လျဉ်းသည့် ကွန်ဗင်းရှင်းများအား လေးစားလိုက်နာရန်နှင့် မြန်မာနိုင်ငံအား အချုပ်အခြာအာဏာပိုင် အစိုးရတိုင်းအပေါ် ကျင့်သုံးသည့် ဓလေ့နှင့်အညီ ဆက်ဆံရန်လည်း နိုင်ငံတကာအသိုင်းအဝိုင်းအား စစ်ကောင်စီက တောင်းဆိုထားသည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup

Leave a Reply

Your email address will not be published.