Local News

ဟွန်ဆန်ကို မိမိရဲ့ ခေါင်းကိုင်ဖခင်ဖြစ်စေချင်တယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြော

ဟွန်ဆန်ကို မိမိရဲ့ ခေါင်းကိုင်ဖခင်ဖြစ်စေချင်တယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြော

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ကို မိမိရဲ့ ခေါင်းကိုင်ဖခင် (God Father) ဖြစ်စေချင်တယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောခဲ့ကြောင်း Fresh News သတင်းဌာနက ဇန်နဝါရီ ၁၀ ရက်မှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၇ ရက်နဲ့ ၈ ရက်မှာ ဟွန်ဆန်က မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ ခရီးစဉ်အတွင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အခုလိုပြောခဲ့တယ်လို့ ဆိုပါတယ်။

ဟွန်ဆန်ရဲ့ မိသားစုတွေ အခမ်းအနားလုပ်တဲ့အခါမှာလည်း အထူးဧည့်သည်အဖြစ် ဖိတ်ကြားခံလိုတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဟွန်ဆန်ကို ပြောကြားခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အခုနှစ်ကုန်အထိ သက်တမ်းထပ်တိုးဖို့ စီစဉ်ထားတဲ့ အပစ်အခတ်ရပ်စဲရေးကို ထောက်ခံကြောင်း၊ ဒါကို ဆန့်ကျင်သူတွေဟာ စစ်ပွဲကြောင့် သေဆုံး၊ ဒဏ်ရာရမှုတွေကို တွေ့မြင်ချင်ကြသူတွေ ဖြစ်ကြောင်း ခရီးစဉ်က အပြန်မှာ ဟွန်ဆန်က ပြောကြားခဲ့ပါတယ်။

၂၀၂၂ ခုနှစ် အာဆီယံဥက္ကဌအဖြစ် အောင်ရွက်မယ့် ကမ္ဘောဒီးယားဝန်ကြီးချုပ်ရဲ့ မြန်မာခရီးစဉ်ကို မြန်မာပြည်သူတွေကလည်း မကျေနပ်ကြသလို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အသိအမှတ်ပြုသလို ဖြစ်သွားနိုင်လို့ နိုင်ငံတကာအသိုင်းအဝိုင်းက ဝေဖန်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

Zawgyi

ဟြန္ဆန္ကို မိမိရဲ႕ ေခါင္းကိုင္ဖခင္ျဖစ္ေစခ်င္တယ္လို႔ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လိႈင္ေျပာ

ကေမ႓ာဒီးယားဝန္ႀကီးခ်ဳပ္ ဟြန္ဆန္ကို မိမိရဲ႕ ေခါင္းကိုင္ဖခင္ (God Father) ျဖစ္ေစခ်င္တယ္လို႔ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လိႈင္ကေျပာခဲ့ေၾကာင္း Fresh News သတင္းဌာနက ဇန္နဝါရီ ၁၀ ရက္မွာ ေဖာ္ျပပါတယ္။

ၿပီးခဲ့တဲ့ ဇန္နဝါရီ ၇ ရက္နဲ႔ ၈ ရက္မွာ ဟြန္ဆန္က ျမန္မာႏိုင္ငံကို လာေရာက္ခဲ့တဲ့ ခရီးစဥ္အတြင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လိႈင္က အခုလိုေျပာခဲ့တယ္လို႔ ဆိုပါတယ္။

ဟြန္ဆန္ရဲ႕ မိသားစုေတြ အခမ္းအနားလုပ္တဲ့အခါမွာလည္း အထူးဧည့္သည္အျဖစ္ ဖိတ္ၾကားခံလိုတယ္လို႔လည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လိႈင္က ဟြန္ဆန္ကို ေျပာၾကားခဲ့ပါတယ္။

ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လိႈင္ရဲ႕ အခုႏွစ္ကုန္အထိ သက္တမ္းထပ္တိုးဖို႔ စီစဥ္ထားတဲ့ အပစ္အခတ္ရပ္စဲေရးကို ေထာက္ခံေၾကာင္း၊ ဒါကို ဆန္႔က်င္သူေတြဟာ စစ္ပြဲေၾကာင့္ ေသဆုံး၊ ဒဏ္ရာရမႈေတြကို ေတြ႕ျမင္ခ်င္ၾကသူေတြ ျဖစ္ေၾကာင္း ခရီးစဥ္က အျပန္မွာ ဟြန္ဆန္က ေျပာၾကားခဲ့ပါတယ္။

၂၀၂၂ ခုႏွစ္ အာဆီယံဥကၠဌအျဖစ္ ေအာင္႐ြက္မယ့္ ကေမ႓ာဒီးယားဝန္ႀကီးခ်ဳပ္ရဲ႕ ျမန္မာခရီးစဥ္ကို ျမန္မာျပည္သူေတြကလည္း မေက်နပ္ၾကသလို ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လိႈင္ကို အသိအမွတ္ျပဳသလို ျဖစ္သြားႏိုင္လို႔ ႏိုင္ငံတကာအသိုင္းအဝိုင္းက ေဝဖန္မႈေတြ ျပဳလုပ္ခဲ့ပါတယ္။

Recent Comments

No comments to show.