Local News

ဟွန်ဆန်နေပြည်တော်ရောက်တဲ့အချိန်မှာပဲစစ်ကောင်စီက သမ္မတ ဦးဝင်းမြင့်နဲ့ဒေါ်အောင်ဆန်းစုကြည်ကို အဂတိ အမှု ၅ မှု ထပ်တိုး

ဟွန်ဆန်နေပြည်တော်ရောက်တဲ့အချိန်မှာပဲစစ်ကောင်စီက သမ္မတ ဦးဝင်းမြင့်နဲ့ဒေါ်အောင်ဆန်းစုကြည်ကို အဂတိ အမှု ၅ မှု ထပ်တိုး

ကမ္ဘောဒီးယား အာဏာရှင်ဟွန်ဆန် နေပြည်တော်ကို ရောက်တဲ့နေ့မှာပဲ စစ်ကောင်စီဟာ သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို အဂတိမှု နဲ့ အမှု ၅ မှုထပ်တိုးတရားစွဲဆိုလိုက်ပါတယ်။

ဒီနေ့ မှာ ဒေါ်အောင်ဆန်းစုကြည်ကိုအဂတိမှု နဲ့ ရုံးထုတ်စစ်ဆေးခဲ့တာဖြစ်ပြီး နောက်ထပ် အဂတိမှု ၅ မှု ထပ်တိုးတဲ့အကြောင်းအသိပေးလာတာလို့ တရားရုံးအသိုင်းအဝိုင်းကနေသိရပါတယ်။

ဘယ်ကိစ္စတွေအတွက် အဂတိမှုနဲ့စွပ်စွဲ ထားတယ်ဆိုတာကိုတော့မသိရသေးပါဘူး။

ဒါကြောင့် လာမယ့် ရုံးချိန်းမှာ အဲဒီအမှုတွေအတွက် ရှေ့နေ ကိုယ်စားလှယ်စာတင်ရဖို့ရှိနေပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ဖြစ်ပေါ်နေတဲ့မြန်မာ့အရေးကိုဖြေရှင်းဖို့အတွက် အလှည့်ကျ အာဆီယံ ဥက္ကဋ္ဌ သစ်ဖြစ်လာသူ ဟွန်ဆန် ဟာ စစ်ကောင်စီခေါင်းဆောင်တွေနဲ့လက်တွဲလုပ်ရမယ်လို့ ပြောထားတာရှိပါတယ်။

အဲဒီနောက် စစ်ကောင်စီခေါင်းဆောင်နဲ့တွေ့ဆုံဖို့ နေပြည်တော်ကို ဒီနေ့မှာရောက်လာတာပါ။

ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရမှာမဟုတ်သလို သူရောက်တဲ့နေ့မှာပဲ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက အမှု ၅ မှု ထပ်တိုးလိုက်တာဖြစ်ပါတယ်။

ဒါကြောင့်စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကိုအမှုပေါင်း ၁၇ မှုနဲ့ တရားစွဲဆိုထားတဲ့အထိဖြစ်လာပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် အတွင်းက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကမ္ဘောဒီးယားကိုသွားရောက်ချိန်က ဟွန်ဆန်လာရောက်ကြိုဆိုစဉ် ( AFP)

Zawgyi

ဟြန္ဆန္ေနျပည္ေတာ္ေရာက္တဲ့အခ်ိန္မွာပဲစစ္ေကာင္စီက သမၼတ ဦးဝင္းျမင့္နဲ႔ေဒၚေအာင္ဆန္းစုၾကည္ကို အဂတိ အမႈ ၅ မႈ ထပ္တိုး

ကေမ႓ာဒီးယား အာဏာ႐ွင္ဟြန္ဆန္ ေနျပည္ေတာ္ကို ေရာက္တဲ့ေန႔မွာပဲ စစ္ေကာင္စီဟာ သမၼတဦးဝင္းျမင့္နဲ႔ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္တို႔ကို အဂတိမႈ နဲ႔ အမႈ ၅ မႈထပ္တိုးတရားစြဲဆိုလိုက္ပါတယ္။

ဒီေန႔ မွာ ေဒၚေအာင္ဆန္းစုၾကည္ကိုအဂတိမႈ နဲ႔ ႐ုံးထုတ္စစ္ေဆးခဲ့တာျဖစ္ၿပီး ေနာက္ထပ္ အဂတိမႈ ၅ မႈ ထပ္တိုးတဲ့အေၾကာင္းအသိေပးလာတာလို႔ တရား႐ုံးအသိုင္းအဝိုင္းကေနသိရပါတယ္။

ဘယ္ကိစၥေတြအတြက္ အဂတိမႈနဲ႔စြပ္စြဲ ထားတယ္ဆိုတာကိုေတာ့မသိရေသးပါဘူး။

ဒါေၾကာင့္ လာမယ့္ ႐ုံးခ်ိန္းမွာ အဲဒီအမႈေတြအတြက္ ေ႐ွ႕ေန ကိုယ္စားလွယ္စာတင္ရဖို႔႐ွိေနပါတယ္။

စစ္တပ္အာဏာသိမ္းၿပီးေနာက္ျဖစ္ေပၚေနတဲ့ျမန္မာ့အေရးကိုေျဖ႐ွင္းဖို႔အတြက္ အလွည့္က် အာဆီယံ ဥကၠ႒ သစ္ျဖစ္လာသူ ဟြန္ဆန္ ဟာ စစ္ေကာင္စီေခါင္းေဆာင္ေတြနဲ႔လက္တြဲလုပ္ရမယ္လို႔ ေျပာထားတာ႐ွိပါတယ္။

အဲဒီေနာက္ စစ္ေကာင္စီေခါင္းေဆာင္နဲ႔ေတြ႕ဆုံဖို႔ ေနျပည္ေတာ္ကို ဒီေန႔မွာေရာက္လာတာပါ။

ဒါေပမယ့္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေတြ႕ဆုံခြင့္ရမွာမဟုတ္သလို သူေရာက္တဲ့ေန႔မွာပဲ ေဒၚေအာင္ဆန္းစုၾကည္ကို စစ္ေကာင္စီက အမႈ ၅ မႈ ထပ္တိုးလိုက္တာျဖစ္ပါတယ္။

ဒါေၾကာင့္စစ္ေကာင္စီဟာ ေဒၚေအာင္ဆန္းစုၾကည္ကိုအမႈေပါင္း ၁၇ မႈနဲ႔ တရားစြဲဆိုထားတဲ့အထိျဖစ္လာပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္ အတြင္းက ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ကေမ႓ာဒီးယားကိုသြားေရာက္ခ်ိန္က ဟြန္ဆန္လာေရာက္ႀကိဳဆိုစဥ္ ( AFP)

Recent Comments

No comments to show.