Local News

အကြမ်းဖက်စစ်တပ်က စစ်ကိုင်းတိုင်းတွင်၎င်းတို့နှင့်မပူး​ပေါင်းလျှင် မြို့ရွာများကိုဖျက်မည်ဟုခြိမ်း​ခြောက်

အကြမ်းဖက်စစ်တပ်က စစ်ကိုင်းတိုင်းတွင်၎င်းတို့နှင့်မပူး​ပေါင်းလျှင် မြို့ရွာများကိုဖျက်မည်ဟုခြိမ်း​ခြောက်

-“စစ်ခွေးတွေ ဖွဲ့စည်းထားတဲ့ တပ်မတော်ဆိုတာကို ပြည်သူကချီးရွံသလိုကို ရွံနေပြီ။ နာကျည်းနေပြီ”-​ဒေသခံတစ်ဦး

-People’s Spring

​ဒေသအများစုတွင်ပြည်သူများ၏နေအိမ်များကို မီးရှို့ဖျက်ဆီး၊လုယက်​နေ​သောနေ​သောအကြမ်းဖက်စစ်ကောင်စီတပ်က၎င်းတို့နှင့် မပူးပေါင်းပါကမြို့နှင့်ရွာများကို မီးရှို့မည်ဟူသော ခြိမ်းခြောက်ဝါဒဖြန့်စာများကို စစ်ကိုင်းတိုင်းအတွင်း ကျေးရွာအချို့တွင် ချထားခဲ့သည်ဟု ဒေသခံများကပြောသည်။

“မင်းတို့ မြို့တွေ ရွာတွေ အပျက်ခံမှာလား။ တပ်မတော်နှင့်ပူးပေါင်းပြီး PDF ကို တိုက်ဖျက်ကြ” ဟု ရေးသားထားသော စာများကို ကျေးရွာအချို့ကို စစ်ကြောင်းထိုးစဥ်ချထားခဲ့ခြင်းဟု ဒေသခံများကပြောသည်။

“စစ်ခွေးက စစ်ခွေးဥာဏ်နဲ့ အခုလို စာတွေချတာ။ ဘယ်သူက ဘယ်လိုယုတ်မာနေလဲဆိုတာ တမဟုတ်ချင်းသိတဲ့ခေတ်။ PDF က ပြည်သူကနေ ဖြစ်တာ။ ကျမတို့ရွာလည်း မီးရှို့ခံရတယ်။ စစ်ခွေးတွေ ဖွဲ့စည်းထားတဲ့ တပ်မတော်ဆိုတာကို ပြည်သူက ချီးရွံသလိုကို ရွံနေပြီ။ နာကျည်းနေပြီ”ဟု စစ်ကိုင်းတိုင်းအတွင်း ကျေးရွာတစ်ခုမှ ဒေသခံအမျိုးသမီးတစ်ဦးကလည်းပြောသည်။

အကြမ်းဖက်စစ်ကောင်စီသည် စစ်ကိုင်းတိုင်းအတွင်း ကလေး၊ တန့်ဆည်၊ ဒီပဲယင်း၊ ကျွန်းလှ၊ ကနီနှင့် မင်းကင်းမြို့နယ်စသဖြင့် ခုခံ​တွန်းလှန်မှုအားကောင်းသည့် ဒေသရှိ​ကျေးရွာများရှိပြည်သူများ၏နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့၊ဖျက်ဆီး​နေဆဲဖြစ်သည်။

စစ်ကိုင်းတိုင်းအပြင် ချင်းပြည်နယ် ၊မ​ကွေးတိုင်း ၊ကယားပြည်နယ် စ​သော​ဒေသများမှ မြို့ရွာ ပေါင်း ရာနှင့်ချီ မီးရှို့ဖျက်ဆီးခြင်း၊လက်နက်ကြီးဖြင့်ပစ်ခတ်ဖျက်ဆီးခြင်း ၊ပြည်သူများ၏ ​နေအိမ်အတွင်းမှ ပစ္စည်းများကို ​ဖောက်ထွင်းခိုးယူခြင်း၊

ဘာသာရေးအဆောက်အဦးအချို့ကိုပါ မီးရှို့ဖျက်ဆီးခဲ့ခြင်း
၊ပြည်သူများကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်း၊လူသားဒိုင်းအဖြစ်အသုံးပြုရန်ဖမ်းဆီးခြင်း ၊ဖမ်းဆီးပြီး​ငွေညှစ်ခြင်းစသည့် စစ်ရာဇဝတ်မှုများကို ​​ဒေသအနှံ့တွင်ကျူးလွန်​နေသည်။

အထူးသဖြင့် စစ်​ကောင်စီတပ်က ၎င်းတို့အထိ့နာ​လေ ပြည်သူများထိ့ခိုက်​အောင်ပိုမိုလုပ်​လေဖြစ်သည်။ထို​ကြောင့် ပြည်သူများက ၎င်းတို့ကို ​ကြောက်သည်ထက်နာကျည်းမုန်းတီးကာ အရှိန်မြှင့်ပိုမို​တော်လှန်​လာကြသည်။

ဒီဇင်ဘာ ၂၄ ရက်ကလည်း ကရင်နီပြည်နယ်၊ဒီမောဆိုမြို့နယ်၊ မူဆိုကျေးရွာမှ က​လေးငယ်အချို့အပါအဝင်အရပ်သား ၃၅ဦးကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့၍ ကုလသမဂ္ဂအပါအဝင်နိုင်ငံတကာက စစ်​ကောင်စီ၏လုပ်ရပ်အ​ပေါ်ပြင်းထန်စွာရှုတ်ချ​နေသည်။

ယနေ့ နံနက်တွင်လည်း ကရင်ပြည်နယ် လေးကေကော်မြို့မှ နေအိမ်အချို့ကို
အာဏာသိမ်းစစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေသည်ဟု ဒေသခံများကပြောသည်။

Zawgyi

အၾကမ္းဖက္စစ္တပ္က စစ္ကိုင္းတိုင္းတြင္၎တို႔ႏွင့္မပူး​ေပါင္းလွ်င္ ၿမိဳ႕႐ြာမ်ားကိုဖ်က္မည္ဟုၿခိမ္း​ေျခာက္

-“စစ္ေခြးေတြ ဖြဲ႕စည္းထားတဲ့ တပ္မေတာ္ဆိုတာကို ျပည္သူကခ်ီး႐ြံသလိုကို ႐ြံေနၿပီ။ နာက်ည္းေနၿပီ”-​ေဒသခံတစ္ဦး

-People’s Spring

​ေဒသအမ်ားစုတြင္ျပည္သူမ်ား၏ေနအိမ္မ်ားကို မီး႐ိႈ႕ဖ်က္ဆီး၊လုယက္​ေန​ေသာေန​ေသာအၾကမ္းဖက္စစ္ေကာင္စီတပ္က၎တို႔ႏွင့္ မပူးေပါင္းပါကၿမိဳ႕ႏွင့္႐ြာမ်ားကို မီး႐ိႈ႕မည္ဟူေသာ ၿခိမ္းေျခာက္ဝါဒျဖန္႔စာမ်ားကို စစ္ကိုင္းတိုင္းအတြင္း ေက်း႐ြာအခ်ိဳ႕တြင္ ခ်ထားခဲ့သည္ဟု ေဒသခံမ်ားကေျပာသည္။

“မင္းတို႔ ၿမိဳ႕ေတြ ႐ြာေတြ အပ်က္ခံမွာလား။ တပ္မေတာ္ႏွင့္ပူးေပါင္းၿပီး PDF ကို တိုက္ဖ်က္ၾက” ဟု ေရးသားထားေသာ စာမ်ားကို ေက်း႐ြာအခ်ိဳ႕ကို စစ္ေၾကာင္းထိုးစဥ္ခ်ထားခဲ့ျခင္းဟု ေဒသခံမ်ားကေျပာသည္။

“စစ္ေခြးက စစ္ေခြးဥာဏ္နဲ႔ အခုလို စာေတြခ်တာ။ ဘယ္သူက ဘယ္လိုယုတ္မာေနလဲဆိုတာ တမဟုတ္ခ်င္းသိတဲ့ေခတ္။ PDF က ျပည္သူကေန ျဖစ္တာ။ က်မတို႔႐ြာလည္း မီး႐ိႈ႕ခံရတယ္။ စစ္ေခြးေတြ ဖြဲ႕စည္းထားတဲ့ တပ္မေတာ္ဆိုတာကို ျပည္သူက ခ်ီး႐ြံသလိုကို ႐ြံေနၿပီ။ နာက်ည္းေနၿပီ”ဟု စစ္ကိုင္းတိုင္းအတြင္း ေက်း႐ြာတစ္ခုမွ ေဒသခံအမ်ိဳးသမီးတစ္ဦးကလည္းေျပာသည္။

အၾကမ္းဖက္စစ္ေကာင္စီသည္ စစ္ကိုင္းတိုင္းအတြင္း ကေလး၊ တန္႔ဆည္၊ ဒီပဲယင္း၊ ကြၽန္းလွ၊ ကနီႏွင့္ မင္းကင္းၿမိဳ႕နယ္စသျဖင့္ ခုခံ​တြန္းလွန္မႈအားေကာင္းသည့္ ေဒသ႐ွိ​ေက်း႐ြာမ်ား႐ွိျပည္သူမ်ား၏ေနအိမ္မ်ားကို မီး႐ိႈ႕ဖ်က္ဆီးခဲ့၊ဖ်က္ဆီး​ေနဆဲျဖစ္သည္။

စစ္ကိုင္းတိုင္းအျပင္ ခ်င္းျပည္နယ္ ၊မ​ေကြးတိုင္း ၊ကယားျပည္နယ္ စ​ေသာ​ေဒသမ်ားမွ ၿမိဳ႕႐ြာ ေပါင္း ရာႏွင့္ခ်ီ မီး႐ိႈ႕ဖ်က္ဆီးျခင္း၊လက္နက္ႀကီးျဖင့္ပစ္ခတ္ဖ်က္ဆီးျခင္း ၊ျပည္သူမ်ား၏ ​ေနအိမ္အတြင္းမွ ပစၥည္းမ်ားကို ​ေဖာက္ထြင္းခိုးယူျခင္း၊

ဘာသာေရးအေဆာက္အဦးအခ်ိဳ႕ကိုပါ မီး႐ိႈ႕ဖ်က္ဆီးခဲ့ျခင္း
၊ျပည္သူမ်ားကို ဖမ္းဆီးႏွိပ္စက္သတ္ျဖတ္ျခင္း၊လူသားဒိုင္းအျဖစ္အသုံးျပဳရန္ဖမ္းဆီးျခင္း ၊ဖမ္းဆီးၿပီး​ေငြညႇစ္ျခင္းစသည့္ စစ္ရာဇဝတ္မႈမ်ားကို ​​ေဒသအႏွံ႔တြင္က်ဴးလြန္​ေနသည္။

အထူးသျဖင့္ စစ္​ေကာင္စီတပ္က ၎တို႔အထိ့နာ​ေလ ျပည္သူမ်ားထိ့ခိုက္​ေအာင္ပိုမိုလုပ္​ေလျဖစ္သည္။ထို​ေၾကာင့္ ျပည္သူမ်ားက ၎တို႔ကို ​ေၾကာက္သည္ထက္နာက်ည္းမုန္းတီးကာ အ႐ွိန္ျမႇင့္ပိုမို​ေတာ္လွန္​လာၾကသည္။

ဒီဇင္ဘာ ၂၄ ရက္ကလည္း ကရင္နီျပည္နယ္၊ဒီေမာဆိုၿမိဳ႕နယ္၊ မူဆိုေက်း႐ြာမွ က​ေလးငယ္အခ်ိဳ႕အပါအဝင္အရပ္သား ၃၅ဦးကို အ႐ွင္လတ္လတ္ မီး႐ိႈ႕သတ္ျဖတ္ခဲ့၍ ကုလသမဂၢအပါအဝင္ႏိုင္ငံတကာက စစ္​ေကာင္စီ၏လုပ္ရပ္အ​ေပၚျပင္းထန္စြာ႐ႈတ္ခ်​ေနသည္။

ယေန႔ နံနက္တြင္လည္း ကရင္ျပည္နယ္ ေလးေကေကာ္ၿမိဳ႕မွ ေနအိမ္အခ်ိဳ႕ကို
အာဏာသိမ္းစစ္ေကာင္စီတပ္က မီး႐ိႈ႕ဖ်က္ဆီးေနသည္ဟု ေဒသခံမ်ားကေျပာသည္။

About the author

admin

Add Comment

Click here to post a comment