Local News

အကြမ်းဖက်စစ်တပ်က ဖရူဆို​ဒေသခံ ၃၅ဦးကို မီးရှို့သတ်ဖြတ်

အကြမ်းဖက်စစ်တပ်က ဖရူဆို​ဒေသခံ ၃၅ဦးကို မီးရှို့သတ်ဖြတ်

▪️အသတ်ခံရသူများတွင် က​လေးငယ်များ၊ အမျိုးသမီးငယ်များ ပါဝင်ဟု KNDFထုတ်ပြန်

ဖရူဆိုမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ​ဒေသခံပြည်သူ ၃၅ ဦးကို မီးရှို့သတ်ဖြတ်ခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်တပ် (KNDF)က ယနေ့(ဒီဇင်ဘာ၂၅) ထုတ်ပြန်သည်။

ဒီဇင်ဘာ၂၄ ရက် မွန်းလွဲပိုင်းအတွင်း ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ ပြည်သူ ၃၅ ဦးကိုသတ်ဖြတ်ခဲ့ပြီး မော်တော်ယာဥ်များနှင့်အတူ မီးရှို့ခဲ့ကြောင်း KNDFက ဆိုသည်။

အသတ်ခံရသည့် သူများတွင် ကလေးငယ်များ၊မိန်းကလေးငယ်များနှင့် အမျိုးသမီးများပါဝင်သည်။


သတ်ဖြတ်မီးရှို့ခံရသော ပြည်သူများ၏ ရုပ်အလောင်းများမှာ မီးကျွမ်းပြီး အရိုးများသာ ကျန်ရှိခြင်းကြောင့် မည်သူ၊မည်ဝါဖြစ်ကြောင်း အတည်မပြုနိုင်သေးပေ။

အသတ်ခံရသောပြည်သူများမှာ စစ်ရှောင်ရင်းလမ်းခုလပ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များ၏ ရက်စက်စွာသတ်ဖြတ်ခံရခြင်း ဖြစ်သည်ဟု ဆို သည်။

အကြမ်းဖက်စစ် ကောင်စီတပ်များ၏ အပြစ်မဲ့ပြည်သူများကို အစုလိုက်အပြုံလိုက် အကြောင်းမဲ့သတ်ဖြတ်မှုသည် လူသားများအပေါ်ကျူးလွန်သောရာဇဝတ်မှုဖြစ်သည်။


ထို့အပြင် ဒီဇင်ဘာ၂၄ ရက်​ ​မွန်းလွဲပိုင်းကလည်း ဖရူဆိုမြို့နယ် မိုဆို​ကျေးရွာအနီးတွင် အကြမ်းဖက်စစ်​ကောင်စီတပ်ဖွဲ့မှ BGF (၁၀၀၄)တပ်မှ တပ်ဖွဲ့၀င်​ ​လေးဦးကို ​နောက်ပြန်ကြိုးတုပ်ကာ ရက်စက်စွာသတ်ဖြတ်ခဲ့သည်။

People’sSpring

Zawgyi

အၾကမ္းဖက္စစ္တပ္က ဖ႐ူဆို​ေဒသခံ ၃၅ဦးကို မီး႐ိႈ႕သတ္ျဖတ္

▪️အသတ္ခံရသူမ်ားတြင္ က​ေလးငယ္မ်ား၊ အမ်ိဳးသမီးငယ္မ်ား ပါဝင္ဟု KNDFထုတ္ျပန္

ဖ႐ူဆိုၿမိဳ႕နယ္အတြင္း အၾကမ္းဖက္စစ္ေကာင္စီတပ္က ​ေဒသခံျပည္သူ ၃၅ ဦးကို မီး႐ိႈ႕သတ္ျဖတ္ခဲ့ေၾကာင္း ကရင္နီအမ်ိဳးသားမ်ားကာကြယ္တပ္ (KNDF)က ယေန႔(ဒီဇင္ဘာ၂၅) ထုတ္ျပန္သည္။

ဒီဇင္ဘာ၂၄ ရက္ မြန္းလြဲပိုင္းအတြင္း ဖ႐ူဆိုၿမိဳ႕နယ္၊ မိုဆိုေက်း႐ြာအနီးတြင္ အၾကမ္းဖက္စစ္ေကာင္စီတပ္မွ ျပည္သူ ၃၅ ဦးကိုသတ္ျဖတ္ခဲ့ၿပီး ေမာ္ေတာ္ယာဥ္မ်ားႏွင့္အတူ မီး႐ိႈ႕ခဲ့ေၾကာင္း KNDFက ဆိုသည္။

အသတ္ခံရသည့္ သူမ်ားတြင္ ကေလးငယ္မ်ား၊မိန္းကေလးငယ္မ်ားႏွင့္ အမ်ိဳးသမီးမ်ားပါဝင္သည္။

သတ္ျဖတ္မီး႐ိႈ႕ခံရေသာ ျပည္သူမ်ား၏ ႐ုပ္အေလာင္းမ်ားမွာ မီးကြၽမ္းၿပီး အ႐ိုးမ်ားသာ က်န္႐ွိျခင္းေၾကာင့္ မည္သူ၊မည္ဝါျဖစ္ေၾကာင္း အတည္မျပဳႏိုင္ေသးေပ။

အသတ္ခံရေသာျပည္သူမ်ားမွာ စစ္ေ႐ွာင္ရင္းလမ္းခုလပ္တြင္ အၾကမ္းဖက္စစ္ေကာင္စီတပ္မ်ား၏ ရက္စက္စြာသတ္ျဖတ္ခံရျခင္း ျဖစ္သည္ဟု ဆို သည္။

အၾကမ္းဖက္စစ္ ေကာင္စီတပ္မ်ား၏ အျပစ္မဲ့ျပည္သူမ်ားကို အစုလိုက္အျပဳံလိုက္ အေၾကာင္းမဲ့သတ္ျဖတ္မႈသည္ လူသားမ်ားအေပၚက်ဴးလြန္ေသာရာဇဝတ္မႈျဖစ္သည္။

ထို႔အျပင္ ဒီဇင္ဘာ၂၄ ရက္​ ​မြန္းလြဲပိုင္းကလည္း ဖ႐ူဆိုၿမိဳ႕နယ္ မိုဆို​ေက်း႐ြာအနီးတြင္ အၾကမ္းဖက္စစ္​ေကာင္စီတပ္ဖြဲ႕မွ BGF (၁၀၀၄)တပ္မွ တပ္ဖြဲ႕၀င္​ ​ေလးဦးကို ​ေနာက္ျပန္ႀကိဳးတုပ္ကာ ရက္စက္စြာသတ္ျဖတ္ခဲ့သည္။

People’sSpring