Local News

အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့ စစ်ကောင်စီကို အမေရိကန်တိုက်တွန်း

အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့ စစ်ကောင်စီကို အမေရိကန်တိုက်တွန်း

မြန်မာစစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့ တောင်းဆိုကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဂျေ ဘလင်ကန်က တိုက်တွန်းလိုက်ပါတယ်။

ဇန်နဝါရီလ ၄ ရက်နေ့မှာ ကျရောက်တဲ့ မြန်မာနိုင်ငံရဲ့ ၇၄ နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် အမေရိကန်ပြည်ထောင်စုကိုယ်စား ပေးပို့တဲ့ သဝဏ်လွှာမှာ တိုက်တွန်းပြောကြားလိုက်တာပါ။

အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိရေး၊ လူ့အခွင့်အရေးကို လေးစားလိုက်နာရေးနဲ့ နိုင်ငံအတွင်း တရားဥပဒေ စိုးမိုးရေးတို့အတွက် ကြိုးပမ်းအားထုတ်နေကြတဲ့ မြန်မာပြည်သူတွေကို ဂုဏ်ပြုပါကြောင်း၊

စစ်အာဏာရှင်ရဲ့ နှိပ်စက်မှုတွေ ခံစားနေရကြရပေမဲ့ ပိုပြီးကောင်းမယ့် အနာဂတ်ရဖို့ မျှော်လင့်ချက်ကို မစွန့်လွှတ်ကြတဲ့ မြန်မာပြည်သူတွေအတွက် အမေရိကန်ပြည်ထောင်စုရဲ့ ရပ်တည်ချက်က ပြောင်းလဲမသွားပါကြောင်းလည်း ထုတ်ပြန်ချက်မှာ ပြောကြားထားပါတယ်။

ဒါ့အပြင် မတရားထိန်းသိမ်းထားသူ အားလုံးကို လွှတ်ပေးဖို့၊ စစ်မှန်ပြီး အားလုံးပါဝင်နိုင်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် မြန်မာနိုင်ငံကို ပြန်လည် ပို့ဆောင်ပေးဖို့ စစ်အာဏာရှင်ကို ထပ်မံတောင်းဆိုကြောင်းလည်း ရေးသားထားပါတယ်။

RFA
File Photo: Reuters

Zawgyi

အၾကမ္းဖက္မႈေတြ ခ်က္ခ်င္းရပ္တန္႔ဖို႔ စစ္ေကာင္စီကို အေမရိကန္တိုက္တြန္း

ျမန္မာစစ္ေကာင္စီရဲ႕ အၾကမ္းဖက္မႈေတြကို ခ်က္ခ်င္းရပ္တန္႔ဖို႔ ေတာင္းဆိုေၾကာင္း အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး အန္တိုနီ ေဂ် ဘလင္ကန္က တိုက္တြန္းလိုက္ပါတယ္။

ဇန္နဝါရီလ ၄ ရက္ေန႔မွာ က်ေရာက္တဲ့ ျမန္မာႏိုင္ငံရဲ႕ ၇၄ ႏွစ္ေျမာက္ လြတ္လပ္ေရးေန႔အတြက္ အေမရိကန္ျပည္ေထာင္စုကိုယ္စား ေပးပို႔တဲ့ သဝဏ္လႊာမွာ တိုက္တြန္းေျပာၾကားလိုက္တာပါ။

အေမရိကန္ျပည္ေထာင္စုအေနနဲ႔ ျမန္မာႏိုင္ငံ ဒီမိုကေရစီလမ္းေၾကာင္းေပၚျပန္လည္ေရာက္႐ွိေရး၊ လူ႕အခြင့္အေရးကို ေလးစားလိုက္နာေရးနဲ႔ ႏိုင္ငံအတြင္း တရားဥပေဒ စိုးမိုးေရးတို႔အတြက္ ႀကိဳးပမ္းအားထုတ္ေနၾကတဲ့ ျမန္မာျပည္သူေတြကို ဂုဏ္ျပဳပါေၾကာင္း၊

စစ္အာဏာ႐ွင္ရဲ႕ ႏွိပ္စက္မႈေတြ ခံစားေနရၾကရေပမဲ့ ပိုၿပီးေကာင္းမယ့္ အနာဂတ္ရဖို႔ ေမွ်ာ္လင့္ခ်က္ကို မစြန္႔လႊတ္ၾကတဲ့ ျမန္မာျပည္သူေတြအတြက္ အေမရိကန္ျပည္ေထာင္စုရဲ႕ ရပ္တည္ခ်က္က ေျပာင္းလဲမသြားပါေၾကာင္းလည္း ထုတ္ျပန္ခ်က္မွာ ေျပာၾကားထားပါတယ္။

ဒါ့အျပင္ မတရားထိန္းသိမ္းထားသူ အားလုံးကို လႊတ္ေပးဖို႔၊ စစ္မွန္ၿပီး အားလုံးပါဝင္ႏိုင္တဲ့ ဒီမိုကေရစီလမ္းေၾကာင္းေပၚ ျမန္မာႏိုင္ငံကို ျပန္လည္ ပို႔ေဆာင္ေပးဖို႔ စစ္အာဏာ႐ွင္ကို ထပ္မံေတာင္းဆိုေၾကာင္းလည္း ေရးသားထားပါတယ္။

RFA
File Photo: Reuters

About the author

admin

Add Comment

Click here to post a comment

Recent Comments

No comments to show.