အကြောက်တရားကို လက်ဆင့်ကမ်းတာဟာ တော်လှန်ရေးကို နှောင့်နှေးစေတဲ့ အရာတွေပဲ

အကြောက်တရားကို လက်ဆင့်ကမ်းတာဟာ တော်လှန်ရေးကို နှောင့်နှေးစေတဲ့ အရာတွေပဲ

မြို့ပြUG တွေ ဖိခံနေရတာ လနဲ့ချီကြာနေပြီ။ အဖမ်းခံရတာတွေ ထိခိုက်မှုတွေ ရှိတယ်။ ထိခိုက်မှုသတင်းတွေ တက်လာရင် ဝမ်းနည်းတဲ့ Statusတွေ တင်ကြတယ်။ RIP ကြတယ်။

အဲ့လို ဝမ်းနည်းတာကို မကျေနပ်တာ မဟုတ် ဘူး။ ဝမ်းနည်းတဲ့နေရာမှာ ရပ်သွားကြတာကို အားမရတာ။

ဘယ်လိုကူညီကြမလဲ၊ ဖေးမကြမလဲ၊ အားပေးကြမလဲ၊ အထိအခိုက်တွေ လျော့ကျအောင် ဘယ်လိုပါဝင်မလဲ မတွေးကြဘူး။

ပိုဆိုးတာက ကူဖို့ ကြိုးစားသူ၊ လှုံ့ဆော်သူကိုပါ ပြသနာ ရှာတာပဲ။ မြို့ပြအတွက် Fundraising လုပ်မယ်ဟေ့ဆိုတော့ နင်တို့ အဲ့လိုFund ရှာရင် မြို့ပြကို ပိုဖိမှာပေါ့ ဘာညာ။ မရှာဘဲနေတော့လည်း ဖိမနေလို့လား။

တော်လှန်ရေးမှာ ငွေက ဘယ်လောက်အရေးကြီးလဲ မသိတာလည်း မဟုတ်ဘူး။ UGဆိုတာ တောထဲက PDFလို သေနတ်ထမ်းဓါတ်ပုံရိုက်ပြီး UGပါ ကြေညာလို့ရတာမဟုတ်ဘူး။ Fund ရှာလို့ ရတာ မဟုတ်ဘူး။

ဒီအတိုင်း ဘာသက်သေမှ မရှိဘဲ UGပါလို့ လာတောင်းတိုင်း ပေးရင်လည်း တော်လှန် ရေးခုတုံးလုပ်လူလိမ်တွေ အကြိုက်ဖြစ်လာမှာပဲ။

အဲ့လို လာအကူအညီတောင်းရင်ရော ပေးကြလို့လား။

ခက်ခဲလွန်းလို့ အပြင်မှာ လူချင်းတွေ့ အလှူငွေပေးမယ် ခေါ်ပြီး ထောင်ချောက်ဆင်ဖမ်းတာတွေ ကြုံသွားရတဲ့ UGတွေ၊ ငွေကြေးအခက်အခဲကြောင့် Safe House အပြောင်းအလဲ လုပ်ဖို့ခက်၊

ပြေးဖို့ရှောင်ဖို့ လမ်းစားရိတ်ကအစ ခက်ခဲလို့ နှောင့်နှေးပြီး မိသွားတဲ့ UGတွေ။ ဒီအခက်အခဲတွေက သေမှ RIP လုပ်တာနဲ့ မလုံလောက်ဘူး အေတို့ရဲ့။

100% အန္တရာယ်ကင်းချင်ရင် တစ်လမ်းပဲ ရှိတယ်။ ဘာမှ မလုပ်ကြတော့နဲ့။ မတော်လှန်ကြတော့နဲ့။ ခင်ဗျားတို့ UG တွေကို အဲ့လိုတားလိုက်ကြတော့။

မြို့ပြကို ထားခဲ့လိုက်ပါတော့ကွာလို့ ဒီပါးစပ်ကြီးက မချိတင်ကဲ တားခဲ့ဖူးတယ်။ စိတ်မပူနဲ့။ ဒီလူတွေက မြို့ပြကိုဘယ်တော့မှ မစွန့်ခွါကြမယ့်သူတွေ။

အသက်ကို ပဓါနမထားဆိုတာ မျက်ဝါးထင်ထင် ပြသနေတဲ့သူတွေ။ ခင်ဗျားတို့ Normalize ဖြစ်နေတဲ့ သွေးအေးနေမှုကို လှုပ်နှိုးဖို့ သူတို့အသက်ကို မတန်စွာ ပေးနေကြတဲ့သူတွေ။

ဒီလိုလူတွေကို တားမရတဲ့အတွက် ကူဖို့ ဆုံးဖြတ်တာ။ အားနေရင် ဖိခံရမယ် ဖိခံရမယ် အော်နေမယ့်အစား ဆယ်ပင်တစ်စည်း ကျစ်ဆံမြှီးထိုင်ကျစ်နေကြ။

ရက်စက်နေတာ၊ ဖိနှိပ်နေတာ စစ်ခွေးတွေ။ Fund ရှာပေးသူတွေ မဟုတ်ဘူး။ Fundraising လုပ်လို့ ဖိခံရမယ် ထင်နေရင် ခင်ဗျားတို့ခေါင်းထဲ

စစ်ခွေးတွေ ထည့်ပေးတဲ့ ပိုးတွေကိုက်နေပြီဆိုတာပဲ။ မင်းအောင်လှိုင်ဖြစ်စေချင်တာလည်း ဒါပဲ ဂေါင်းကြီးတို့ရဲ့။

မြို့ပြကို အထောက်အပံ့ ဖြတ်ချင်နေတဲ့ စစ်ခွေးတွေရဲ့ အကြံအစည်ကို နင်တို့က ဝင်အကောင်အထည်ဖော်ပေးနေလိုက်ကြ။

ငလမ Gen L** တွေ။

Pencilo’s `Post’

Leave a Reply

Your email address will not be published.