အခုတလော အချင်းချင်း အပြစ်တင်ဝေဖန်တာတွေ တအားများလာတယ် လို့ဆိုတဲ့ ဗိုလ်ကြီး လင်းထက်အောင်

အခုတလော အချင်းချင်း အပြစ်တင်ဝေဖန်တာတွေ တအားများလာတယ် လို့ဆိုတဲ့ ဗိုလ်ကြီး လင်းထက်အောင်

အပြစ်တင်ဝေဖန်ခြင်း၊ အခုတလော မိမိအချင်းချင်း အပြစ်တင်ဝေဖန်တာတွေ တအားများလာတယ်။ အ ပြစ်တင်ဝေဖန်တာ ရှိတော့ ရှိသင့်ပါတယ် ဒါပေမယ့်…

အပြစ်တင်ဝေဖန်တာတွေထဲကတော့ ကောင်းသောအပြစ်တင်ဝေဖန်ခြင်းနဲ့ မကောင်းသောအပြစ်တင်ဝေဖန်ခြင်းတွေ ကိုသွားတွေ့ရတယ်

တော်လှန်ရေးကို နိုင်ချင်လွန်းလို့ စစ်တပ်ကိုမုန်းလွန်းလို့ ဦးဆောင်သူအဖွဲ့အစည်းတွေကို ထောက်ပြဝေဖန်တာတွေကိုတော့ လက်ခံလို့ရတယ်

ဒါဟာအရမ်းကောင်းပါတယ် တချို့အရာတွေက တွန်းလွန်းမှရမှာ ပြောပါဆိုပါ နားလည်ပေးလို့ရပါတယ်

တချို့တွေကတော့ တော်လှန်ရေးကို ခေါင်းစဉ်တပ် မနက်မျက်စီနှစ်လုံးပွင့်ကတည်းက ဦးဆောင်သူတွေကို ဆီလိုအပေါက်ရှာပြီး လိုက်လံအပြစ်တင်ဝေဖန်တာတွေကတော့ လက်ခံလို့ကိုမရတော့ဘူး။ လမ်းလွဲနေပြီလို့ကိုမြင်မိတော့တယ်။ တက်လွန်းသိလွန်းနေတာလား ဘာလားတော့မသိဘူး

ဒီအချိန် တိုင်းပြည်မှာ တရားဥပဒေစိုးမိုးရေး ကမရှိတော့တဲ့အချိန် တချို့ကိစ္စတွေကတော့ ဖြစ်နေမှာပဲ

အာ့ကို ဟိုအခွင့်အရေး ဒီအခွင့်အရေးနဲ့ သွားတိုင်းနေရင်တော့ တော်လှန်ရေးကာလနဲ့ တည်ဆောက်ရေးကာလကို လွဲမှားသုံးသပ်နေပြီလို့ထင်မိတယ်

စစ်တပ်ကတော့ တအားကို ကြိုက်နေလောက်ပြီ။တော် လှန်ရေးကို ဖြိုခွဲဖို့ ဒုတိယအမျိုးအစားကိုကောင်း ကောင်း အသုံးချလာနိုင်တယ်။ဒီအချိန်ဟာ စစ်တပ်ကို အင်နဲ့အားနဲ့ စိတ်ရောလူရော ပန်းနေအောင် ဝိုင်းတွန်းမှရမှာပါ

အဲ့လိုမှ မဟုတ်ဘူးဆို စစ်တပ်ကပြန်စားသွားလိုက်မယ်။တချို့သူတွေရဲ့ ဝေဖန်ထောက်ပြမှုတွေက အချိန်ကာလနဲ့မကိုက်ညီဘူးလို့ ထင်မိတော့တယ်

ဆရာကြီးတော့ ဆရာကြီး ဒါပေမယ့် ဘာဆရာကြီးတွေလဲတော့ မသိဘူး။

Leave a Reply

Your email address will not be published.