Local News

အခြေခံပညာကျောင်းများရှိ ဆရာ ဆရာမများကို ဘွဲ့အလိုက် ချီးမြှင့်ငွေပေးအပ်သွားမည်ဟုဆို

အခြေခံပညာကျောင်းများရှိ ဆရာ ဆရာမများကို ဘွဲ့အလိုက် ချီးမြှင့်ငွေပေးအပ်သွားမည်ဟုဆို

အခြေခံပညာကျောင်းများတွင်သင်ကြားနေသော ဆရာ၊ဆရာမများကို အမြင့်ဆုံးရရှိထားသော ဘွဲ့အလိုက်ချီးမြှင့်ငွေများပေးသွားမယ်လို့ အခြေခံပညာဦးစီးဌာနမှပြောကြားထားပါတယ်။

လက်ရှိသင်ကြားပေးနေသော ဆရာ၊ ဆရာမများအနက် မဟာဒဿန၊ မဟာ၊ မဟာသုတေသနဘွဲ့ ရရှိသူ ၅၅၄၈ ဦးအတွက် တစ်ဦးလျှင် တစ်လ ကျပ် ၂၅၀၀၀ နှုန်း

ဒေါက်တာဘွဲ့ရရှိသူ ၄၉ ဦးအတွက် တစ်ဦးလျှင် တစ်လ ကျပ် ၃၀၀၀၀ နှုန်းဖြင့် ချီးမြှင့်သွားမယ်လို့ သိရှိရပါတယ်။

ချီးမြှင့်ငွေနှင်ပတ်သက်ပြိး နိုဝင်ဘာလ နောက်ဆုံးအပတ်ကအခြေခံဦးစီးဌာနအနေဖြင့် တိုင်းနှင့်ပြည်နယ်အားလုံးရှိသက်ဆိုင်ရာမြို့နယ်ပညာရေးမှူးရုံးများထံ ချီးမြှင့်ရန်ပုံငွေခွဲဝေပေးသည့် အကြောင်းကြားစာပေးပို့ထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။

Zawgyi






About the author

admin

Add Comment

Click here to post a comment