အညာဒေသက မီ းတင် ရှို့ခံရတဲ့ ရွာတွေက စစ်ဘေးရှောင်တွေအတွက် ဒီပတ္တမြားတစ်…see more
အညာဒေသက မီ းတင် ရှို့ခံရတဲ့ ရွာတွေက စစ်ဘေးရှောင်တွေအတွက် ဒီပတ္တမြားတစ်ဆက်
အညာဒေသက မီ းတင် ရှို့ခံရတဲ့ ရွာတွေက စစ်ဘေးရှောင်တွေအတွက် ဒီပတ္တမြားတစ်ဆက်စာလေးရောင်းပါရစေ။
ကြိုး၊ ဟန်းချိန်း၊ နားကပ်၊ လက်စွပ်နှစ်ကွင်းပါ။ ပစ္စည်းက အခြားနိုင်ငံတစ်ခုမှာမို့ ဓါတ်ပုံလှလှရိုက်ပြလို့ မရလို့ပါ။ ပို့ရတာခက်လို့ တစ်ဆက်စာလုံး တွဲယူပေးပါနော်။
လေလံလည်း လုပ်ဖို့ စိတ်မပါတော့ဘူး။ ကြိုက်သလောက်စျေးနဲ့ ပေးပါ။ ကြိုက်စျေးရရင် ရောင်းပါ့မယ်။ ရရှိငွေအားလုံးကို စစ်ဘေးရှောင် သီးသန့် ပို့ပါမယ်။ ပို့ပေးမယ့်အဖွဲ့နဲ့လည်း ချိတ်ပြီးပါပြီ။ ပြီးစီးတဲ့အခါ ဓါတ်ပုံသက်သေသာဓကနဲ့တကွ တင်ပြပေးပါ့မယ်။
မိုးတွေရွာနေပါတယ်။ အမိုးလည်း မလုံဘူး။ စားစရာလည်း မရှိကြဘူး။ နေစရာအိမ်တွေလည်း မရှိတော့ဘူး။ ပြည်သူအချင်းချင်း မေတ္တာနဲ့ ဖေးမကြရအောင်ပါ။
ခေါင်မိုးပေါက်ကိုပဲ ပြင်မယ်။ မိုးရေလိုက်မသုတ်တော့ဘူး တွေးခဲ့ပေမယ့် နှလုံးသားက ဥပက္ခာမပြုနိုင်တော့လို့ပါ။
တလုံးတခဲ မဝယ်နိုင်လို့ တတ်နိုင်သလောက် ပါဝင်ချင်ရင် ခင်ဦးက အဖွဲ့တွေအတွက် ငွေစုနေပါတယ်။ ချက်ဘောက်က သွားပြောပေးပါ။
ဒီပစ္စည်းလေးအတွက် စျေးပေးချင်ရင်လည်း ချက်ဘောက်က ပြောပေးပါ။
ဒီပစ္စည်းလေးအတွက် ဈေးပေးချင်ရင်လည်း ချက်ဘောက်က ပြောပေးပါ။
Leave a Reply
Your email address will not be published.