Local News

အတိုင်ပင်ခံပုဂ္ဂိုလ်အား တရားစွဲဆိုထားသည့်အမှုအတွက် တရားလိုပြသက်သေအဖြစ် ဦးဖြိုးမင်းသိန်းက ထွက်ဆိုခဲ့

အတိုင်ပင်ခံပုဂ္ဂိုလ်အား တရားစွဲဆိုထားသည့်အမှုအတွက် တရားလိုပြသက်သေအဖြစ် ဦးဖြိုးမင်းသိန်းက ထွက်ဆိုခဲ့

” အရပ်သားသက်သေဆိုပြီး ခေါ်ပါတယ်။ အဲတော့ အရပ်သားသက်သေခေါ်တော့ ဘယ်သူရယ်လို့ အမှုတွဲဒိုင်ယာရီမှာ ခေါ်မထားဘူး။ ဒါပေမယ့် ရောက်လာတဲ့အခါကျတော့ ဦးဖြိုးမင်းသိန်း ဖြစ်နေတယ်။

အဲတော့ ဦးဖြိုးမင်းသိန်းကတော့ အကုန်လုံးတွေ့ဖူးတဲ့ သတင်းစာရှင်းလင်းပွဲ ဗီဒီယိုဖိုင်ထဲကအတိုင်းပဲ ထွက်ဆိုသွားတယ်။ ဘယ်ကားနဲ့ ဘယ်လိုပေါ့ဗျာ၊ ဒေါ်အောင်ဆန်းစုကြည်ကို ပထမတစ်ကြိမ်မှာ ဘယ်လို၊

ဒုတိယတစ်ကြိမ်မှာ ဘယ်လို၊ တတိယတစ်ကြိမ်မှာ ဘယ်လိုပေါ့၊ နောက်ထူးခြားတာကတော့ မိုင်းဘုန်းဆရာတော်က ဒေါ်အောင်ဆန်းစုကြည်ကို ပေးဖို့ဆိုပြီးတော့ ကိုးလက်မရှိတဲ့ ရွှေဆင်းတုတစ်ဆူပေါ့၊

အဲဒီဟာကိုလည်း ဒေါ်အောင်ဆန်းစုကြည်ကို ပေးလိုက်ရတယ်လို့ ပြောတယ်။ အဲ့တော့ တိုင်တဲ့ထဲမှာတော့ မိုင်းဘုန်းဆရာတော်ရဲ့ ရွှေဆင်းတု မပါဘူး။

ဒီမှာလည်း ထည့်ပြောသွားတယ်။ အဲတော့ သူ့လည်းပဲ ကျွန်တော်တို့က နောက်ရုံးချိန်းကြမှ စစ်မယ်လို့ တောင်းဆိုတော့ နောက်ရုံးချိန်းမှာ တရားလိုနဲ့ ဦးဖြိုးမင်းသိန်းကို ပြန်လှန်စစ်မေးပါမယ်” ဟု တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောကြားသည်။

Ref Eleven Media Group

Zawgyi

အတိုင္ပင္ခံပုဂၢိုလ္အား တရားစြဲဆိုထားသည့္အမႈအတြက္ တရားလိုျပသက္ေသအျဖစ္ ဦးၿဖိဳးမင္းသိန္းက ထြက္ဆိုခဲ့

” အရပ္သားသက္ေသဆိုၿပီး ေခၚပါတယ္။ အဲေတာ့ အရပ္သားသက္ေသေခၚေတာ့ ဘယ္သူရယ္လို႔ အမႈတြဲဒိုင္ယာရီမွာ ေခၚမထားဘူး။ ဒါေပမယ့္ ေရာက္လာတဲ့အခါက်ေတာ့ ဦးၿဖိဳးမင္းသိန္း ျဖစ္ေနတယ္။

အဲေတာ့ ဦးၿဖိဳးမင္းသိန္းကေတာ့ အကုန္လုံးေတြ႕ဖူးတဲ့ သတင္းစာရွင္းလင္းပြဲ ဗီဒီယိုဖိုင္ထဲကအတိုင္းပဲ ထြက္ဆိုသြားတယ္။ ဘယ္ကားနဲ႕ ဘယ္လိုေပါ့ဗ်ာ၊ ေဒၚေအာင္ဆန္းစုၾကည္ကို ပထမတစ္ႀကိမ္မွာ ဘယ္လို၊

ဒုတိယတစ္ႀကိမ္မွာ ဘယ္လို၊ တတိယတစ္ႀကိမ္မွာ ဘယ္လိုေပါ့၊ ေနာက္ထူးျခားတာကေတာ့ မိုင္းဘုန္းဆရာေတာ္က ေဒၚေအာင္ဆန္းစုၾကည္ကို ေပးဖို႔ဆိုၿပီးေတာ့ ကိုးလက္မရွိတဲ့ ေ႐ႊဆင္းတုတစ္ဆူေပါ့၊

အဲဒီဟာကိုလည္း ေဒၚေအာင္ဆန္းစုၾကည္ကို ေပးလိုက္ရတယ္လို႔ ေျပာတယ္။ အဲ့ေတာ့ တိုင္တဲ့ထဲမွာေတာ့ မိုင္းဘုန္းဆရာေတာ္ရဲ႕ ေ႐ႊဆင္းတု မပါဘူး။

ဒီမွာလည္း ထည့္ေျပာသြားတယ္။ အဲေတာ့ သူ႕လည္းပဲ ကြၽန္ေတာ္တို႔က ေနာက္႐ုံးခ်ိန္းၾကမွ စစ္မယ္လို႔ ေတာင္းဆိုေတာ့ ေနာက္႐ုံးခ်ိန္းမွာ တရားလိုနဲ႕ ဦးၿဖိဳးမင္းသိန္းကို ျပန္လွန္စစ္ေမးပါမယ္” ဟု တရားလႊတ္ေတာ္ေရွ႕ေန ဦးခင္ေမာင္ေဇာ္က ေျပာၾကားသည္။

Ref Eleven Media Group