Local News

အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၄ နှစ်ချမှတ်ကို UN ရှုတ်ချ၊ စစ်တပ်၏ အာဏာသိမ်းမှု နိုင်ငံတကာ အသိအမှတ်မပြုမှု ပိုမိုနက်ရှိုင်းဟုဆို

အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၄ နှစ်ချမှတ်ကို UN ရှုတ်ချ၊ စစ်တပ်၏ အာဏာသိမ်းမှု နိုင်ငံတကာ အသိအမှတ်မပြုမှု ပိုမိုနက်ရှိုင်းဟုဆို

ရန်ကုန်၊ ဒီဇင်ဘာ ၆

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Michelle Bachelet က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား စစ်ဘက်ဆိုင်ရာ တရားရုံးက ထောင်ဒဏ် လေးနှစ် ချမှတ်ခြင်းကို

တနင်္လာနေ့တွင် ရှုတ်ချလိုက်ပြီး ထောင်ဒဏ်ချမှတ်ခြင်းကြောင့် စစ်အာဏာသိမ်းမှုကို နိုင်ငံတကာက အသိအမှတ်မပြုမှု ပိုမို နက်ရှိုင်းလာမည်ဖြစ်ကြောင်း ပြောဆိုလိုက်သည်။

“စစ်ဘက်ထိန်းချုပ်ထားတဲ့ တရားရုံးရှေ့မှောက်မှာ လျှို့ဝှက်တရားစွဲဆိုမှုမှာ အတုအယောင်ရုံးတင်စစ်ဆေးပြီးနောက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ပြစ် ဒဏ်ချမှတ်မှုဟာ အဓိပ္ပာယ်မရှိတဲ့လုပ်ရပ်ဖြစ်ပြီး နိုင်ငံရေးအရ လုပ်ဆောင်တာပဲဖြစ်ပါတယ်” ဟု Bachelet က ပြောကြားသည်။

စစ်ကောင်စီသည် တွေ့ဆုံဆွေးနွေးရေး တံခါးတစ်ခု ထပ်မံပိတ်လိုက်ပြီဖြစ် ကြောင်း ၎င်းက ဆိုသည်။

“နိုင်ငံရေးဆွေးနွေးပွဲအတွက် နောက်ထပ်တံခါးကို ပိတ်ပစ်လိုက်တယ်။ စစ် တပ်က နိုင်ငံရေး အတိုက်အခံအားလုံးကို ဖယ်ရှားဖို့ တရားရုံးတွေကို လက်နက်သဖွယ် အသုံးချ ကြိုးစားနေပါတယ်။ ဒါပေမယ့် ဒီဖြစ်ရပ်တွေက အာဏာသိမ်းမှုနဲ့ စစ်အုပ်ချုပ်ရေးရဲ့ တရားမ၀င်မှုကို တရားဝင် အရိပ်အယောင် မပေးနိုင်ပါဘူး။

ဒေါ်အောင်ဆန်းစုကြည်အပေါ် ထောင်ဒဏ်ချမှတ်တာက စစ်တပ်ရဲ့ အာ ဏာသိမ်းမှုကို အသိအမှတ်မပြုမှုကို ပိုမိုနက်ရှိုင်းစေပါတယ်” ဟု ၎င်းက ဆိုသည်။

ယမန်နေ့က ရန်ကုန်မြို့မြင်းပင်းမြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ထရပ် ကားဖြင့် လက်နက်မဲ့ ဆန္ဒပြသူများကို ဝင်ရောက်စီးနင်းကာ ကျည်ဆန်များသုံး၍ သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့် ရက်စက်ကြမ်းကြုတ်သော တိုက်ခိုက်မှုကိုလည်း Bachelet က ပြင်းပြင်းထန်ထန် ရှုတ်ချသည်။

မြန်မာနိုင်ငံတွင် တိုက်ခိုက်မှုနှင့် အကြမ်းဖက်မှုများကို ပိုမိုဆိုးရွားလာမည်ကို စိုးရိမ်ကြောင်း မဟာမင်းကြီးက ထုတ်ဖော်ပြောဆိုသည်။

ဓာတ်ပုံ- ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Michelle Bachelet ။

Zawgyi

အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကို ေထာင္ဒဏ္ ၄ ႏွစ္ခ်မွတ္ကို UN ႐ႈတ္ခ်၊ စစ္တပ္၏ အာဏာသိမ္းမႈ ႏိုင္ငံတကာ အသိအမွတ္မျပဳမႈ ပိုမိုနက္႐ိႈင္းဟုဆို

ရန္ကုန္၊ ဒီဇင္ဘာ ၆

ကုလသမဂၢ လူ႕အခြင့္အေရးဆိုင္ရာ မဟာမင္းႀကီး Michelle Bachelet က ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္အား စစ္ဘက္ဆိုင္ရာ တရား႐ုံးက ေထာင္ဒဏ္ ေလးႏွစ္ ခ်မွတ္ျခင္းကို

တနလၤာေန႔တြင္ ႐ႈတ္ခ်လိုက္ၿပီး ေထာင္ဒဏ္ခ်မွတ္ျခင္းေၾကာင့္ စစ္အာဏာသိမ္းမႈကို ႏိုင္ငံတကာက အသိအမွတ္မျပဳမႈ ပိုမို နက္႐ိႈင္းလာမည္ျဖစ္ေၾကာင္း ေျပာဆိုလိုက္သည္။

“စစ္ဘက္ထိန္းခ်ဳပ္ထားတဲ့ တရား႐ုံးေ႐ွ႕ေမွာက္မွာ လွ်ိဳ႕ဝွက္တရားစြဲဆိုမႈမွာ အတုအေယာင္႐ုံးတင္စစ္ေဆးၿပီးေနာက္ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ရဲ႕ ျပစ္ ဒဏ္ခ်မွတ္မႈဟာ အဓိပၸာယ္မ႐ွိတဲ့လုပ္ရပ္ျဖစ္ၿပီး ႏိုင္ငံေရးအရ လုပ္ေဆာင္တာပဲျဖစ္ပါတယ္” ဟု Bachelet က ေျပာၾကားသည္။

စစ္ေကာင္စီသည္ ေတြ႕ဆုံေဆြးေႏြးေရး တံခါးတစ္ခု ထပ္မံပိတ္လိုက္ၿပီျဖစ္ ေၾကာင္း ၎က ဆိုသည္။

“ႏိုင္ငံေရးေဆြးေႏြးပြဲအတြက္ ေနာက္ထပ္တံခါးကို ပိတ္ပစ္လိုက္တယ္။ စစ္ တပ္က ႏိုင္ငံေရး အတိုက္အခံအားလုံးကို ဖယ္႐ွားဖို႔ တရား႐ုံးေတြကို လက္နက္သဖြယ္ အသုံးခ် ႀကိဳးစားေနပါတယ္။ ဒါေပမယ့္ ဒီျဖစ္ရပ္ေတြက အာဏာသိမ္းမႈနဲ႔ စစ္အုပ္ခ်ဳပ္ေရးရဲ႕ တရားမ၀င္မႈကို တရားဝင္ အရိပ္အေယာင္ မေပးႏိုင္ပါဘူး။

ေဒၚေအာင္ဆန္းစုၾကည္အေပၚ ေထာင္ဒဏ္ခ်မွတ္တာက စစ္တပ္ရဲ႕ အာ ဏာသိမ္းမႈကို အသိအမွတ္မျပဳမႈကို ပိုမိုနက္႐ိႈင္းေစပါတယ္” ဟု ၎က ဆိုသည္။

ယမန္ေန႔က ရန္ကုန္ၿမိဳ႕ျမင္းပင္းၿမိဳ႕နယ္တြင္ လုံျခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ထရပ္ ကားျဖင့္ လက္နက္မဲ့ ဆႏၵျပသူမ်ားကို ဝင္ေရာက္စီးနင္းကာ က်ည္ဆန္မ်ားသုံး၍ ေသနတ္ျဖင့္ ပစ္ခတ္ခဲ့သည့္ ရက္စက္ၾကမ္းၾကဳတ္ေသာ တိုက္ခိုက္မႈကိုလည္း Bachelet က ျပင္းျပင္းထန္ထန္ ႐ႈတ္ခ်သည္။

ျမန္မာႏိုင္ငံတြင္ တိုက္ခိုက္မႈႏွင့္ အၾကမ္းဖက္မႈမ်ားကို ပိုမိုဆိုး႐ြားလာမည္ကို စိုးရိမ္ေၾကာင္း မဟာမင္းႀကီးက ထုတ္ေဖာ္ေျပာဆိုသည္။

ဓာတ္ပုံ- ကုလသမဂၢ လူ႕အခြင့္အေရးဆိုင္ရာ မဟာမင္းႀကီး Michelle Bachelet ။

About the author

admin

Add Comment

Click here to post a comment

Recent Comments

No comments to show.