အထ နဲ့ အကျ တွေ့ပြီ..ဘယ်သူနိုင်မလဲ မမေးနဲ့တော့ ဒဲ့ပဲ…see more

အထ နဲ့ အကျ တွေ့ပြီ..ဘယ်သူနိုင်မလဲ မမေးနဲ့တော့ ဒဲ့ပဲ…see more

NUG နဲ့ PDF တို့ကို မအလနဲ့စစ်အုပ်စုက ဘယ်လို ထင်ထားခဲ့ကြသလဲ…?

(၁) ၈၈မှာ စစ်တပ်ကအာဏာ သိမ်းပြီးတဲ့နောက် ၁၉၉၀မှာ ပေါ်ပေါက်ခဲ့တဲ့ ဒေါက်တာစိန်ဝင်းရဲ့ NCGUBအမျိုးသားညွှန့်ပေါင်းအစိုးရနဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ဒီမိုကရစ်တစ် ကျောင်းသားတပ်မတော် ABSDF လို ဇါတ်သိမ်းချင်သိမ်းမယ်။

အဲဒီလိုမှ မဟုတ်ရင်

(၂) ၁၉၆၂ အာဏာသိမ်းပြီးတဲ့နောက် ၁၉၇၀မှာ တောထဲမှာ ဖွဲ့စည်းခဲ့တဲ့ ဦးနု့ရဲ့ PDP နဲ့ ရဲဘော်သုံးကျိပ်အဖွဲ့ဝင်အချို့ ဦးဆောင်တဲ့ ပြည်ချစ်တပ်မတော် PLAတို့လို အဖွဲ့မျိုးစုံ ကွဲပြီးတောထဲမှာပဲ နိဂုံးချုပ်သွားကြလိမ့်မယ်လို့ မအလတို့ဟာ သူတို့ရဲ့ အတွေ့အကြုံဟောင်းကို ကြည့်ပြီး ယူဆထားခဲ့ကြတယ်။

သို့သော် ပြည်သူတွေကို လျှော့တွက်ပြီး အနိုင်ကျင့်ရက်စက်တဲ့ အကျိုးဆက်ကြောင့် မအလရဲ့စစ်တပ်ရော မအလကို ထောက်ခံ ပူးပေါင်းခဲ့ကြသူတွေရော သမိုင်းတစ်လျှောက်မှာ အဆိုးဝါးဆုံး အခြေအနေကို ကြောက်ရွံ့စွာ ရင်ဆိုင်နေရပြီဖြစ်တယ်။

စစ်သည်အင်အား ၄သိန်းနီးပါးသာ ရှိပြီး တိုက်ခိုက်ရေးအင်အားက ၈သောင်းဝန်းကျင်ပဲရှိတဲ့ မအလစစ်တပ်ဟာ ၁၆လအတွင်း တိုက်ခိုက်ရေး အင်အား ၅သောင်းဝန်းကျင် သေဆုံးထားရပါတယ်။ CDM က ၁သောင်း ဝန်းကျင်ရှိနေတယ်။ အလော်ဘွမ်၊ ထီးမူလာ၊ သေဘောဘိုး၊ စတဲ့ စစ်စခန်းပေါင်းများစွာကို လက်လွတ်ထားရသလို စစ်ပန်းပြီး တိုက်တိုင်းရူံးနေတဲ့ အတွက်ကြောင့် စစ်တပ်ရဲ့အခြေအနေဟာ ယိုင်ဆင်းပြီး အောက်ခြေတွေ ပြိုဆင်းလာနေတယ်။

စစ်တပ်ထဲကို ဝင်ရောက်တဲ့သူ မရှိလောက်အောင် ဖြစ်သွားတဲ့အတွက် အနီအစိမ်းပြသနာအဖြစ် ဖန်တီးပြီး ခေါင်းစဉ်အမျိုးမျိုးတပ်ကာ အစိမ်းတွေကို လက်နက်တပ်ဆင်ထားလာရတယ်။ မအလတွေအားကိုးနဲ့ ပါဝါပြလာတဲ့ အုပ်ချုပ်ရေးမူုးတွေကြောင့် အခြေခံလုံခြုံရေးဟာ လုံးဝကို ကျိုးပျက်သွားခဲ့ပြီမို့ ဇကောထဲ ထည့်အလှိမ့်ခံရတဲ ဇီးသီးတွေလို ပြည်သူတွေရဲ့ ဘဝဟာ ဝရုန်းသုန်းကား နိုင်လွန်းလှတဲ့ အခြေအနေကို ဆိုက်ရောက်နေပါတယ်။

အထူးသဖြင့် စစ်တပ်ပြိုဆင်းနေတာကို သိနေပြီး စိုးရိမ်ထိတ်လန့်နေတဲ့ အာဏာသိမ်းခေါင်းဆောင် မအလနဲ့ စိုးဝင်းဟာ နှစ်ကောင်ပေါင်းရင် အကြိမ်ပေါင်း ၅၀ ကျော်အထိ တပ်ရင်းတပ်ဖွဲ့တွေဆီကို ကိုယ်တိုင်ဆင်းပြီး လိမ်ညာစည်းရုံးနေရပါတယ်။

အနှစ်ချုပ်ရရင်
အာဏာသိမ်းစဉ်က မအလဟာ လူသူ လက်နက်နယ်မြေထိန်းချုပ်ထားနိုင်မူ (၁၀၀%) အခြေအနေကနေ အခု့အချိန်မှာ % များစွာ တနေ့ထက်တနေ့ လျော့ကျလာနေပြီဖြစ်တယ်။

လက်ဗလာအခြေအနေ (၀ %)ကနေ စတင်လာခဲ့ရတဲ့ ပြည်သူတွေဖက်မှာတော့ တူမီးကနေ မောင်းပြန်၊ လက်လုပ်ဗုံးကနေ ရှေ့ထွက်မိုင်း၊ ပဒေသာမိုင်း၊ ပီပါမိုင်း၊ တာဝေးပစ်ဒုန်း၊ ၄၀မမ၊ ၆၀မမ၊ ၁၂၀မမ နဲ့ မိုင်တဲမမ၊

ကောင်းကင်ကနေချဲချနိုင်တဲ့ဒရုန်းတွေအပြင် အခု့နောက်ဆုံး လေယဉ်ပစ် လက်နက်တွေတောင် ပိုင်ဆိုင်လာတဲ့အထိ တိုးတက်ခဲ့တယ်။ PDF တိုက်ခိုက်ရေးအင်အား သိန်းကျော်အထိ ရှိလာနေပြီး စစ်ကိုင်း၊ မကွေး၊ ချင်းနဲ့

ကယားတို့မှာ နယ်မြေအချို့ကို စိုးမိုးထားနိုင်လာပြီဖြစ်လို့ ပြည်သူတော်လှန်ရေးဟာ (၅၀%)ကျော်အထက် တိုးတက်လာတယ်လို့ ဆိုရပေတော့မယ်။ လက်နက်လိုအပ်ချက် ပြည့်စုံလာတာနဲ့အမျှ တိုးတက်မူဟာ ပိုပြီး မြန်ဆန်လာပါအုံးမယ်၊

ဒါကြောင့် ဒီပွဲ ဘယ်သူနိုင်မလဲ လို့ မမေးနဲ့၊
ပြည်သူသာအဓိကမို့ နောက်ဆုံးမှာ ပြည်သူအောင်ပွဲပဲ ဖြစ်ရပါလိမ့်မယ်ခင်ဗျား။

အရေးတော်ပုံ အောင်ရမည်၊၊

ချစ်ကိုကြီး
၂၃.၆.၂၂

Leave a Reply

Your email address will not be published.