Local News

မုံရွာ အာဇာနည်လမ်းတွင် မိုင်းရှာတပ်သားများ မိုင်းဆွဲခံတိုက်ခိုက်ခံရ၊စစ်ကောင်စီတပ်သား ၅ဦး ပွဲချင်းပြီးသေဆုံး

မုံရွာ အာဇာနည်လမ်းတွင် မိုင်းရှာတပ်သားများ မိုင်းဆွဲခံတိုက်ခိုက်ခံရ၊စစ်ကောင်စီတပ်သား ၅ဦး ပွဲချင်းပြီးသေဆုံး

ဇန်နဝါရီ၅၊ချင်းတွင်းရိုးမ၊မုံရွာ

စစ်ကိုင်းတိုင်း၊မုံရွာမြို့ ဘုရားနီလမ်း(ခ)အာဇာနည်လမ်းတွင် ယနေ့နံနက်၉နာရီဝန်းကျင်ခန့်က မိုင်းရှာတပ်သားများ လာရောက်၍ မိုင်းရှာဖွေနေစဉ်အတွင်း မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် မိုင်းရှာတပ်သား၅ဦး နေရာမှာပွဲချင်းပြီးသေဆုံးသွားကြောင်း ဒေသခံများက မုံရွာချင်းတွင်းရိုးမသတင်းဌာနသို့ပြောသည်။

“မိုင်းလာရှာတာလို့သိရတယ်ဗျ၊သူတို့ရှာနေတဲ့အချိန် ထပေါက်တာ၊စစ်ခွေး၅ဦးကတော့ နေရာမှာ အိပ်ပျော်နေတဲ့အတိုင်းပဲသေနေတာ၊အဲ့ပေါက်ကွဲပြီးတော့ သေနတ်တွေနဲ့ရမ်းသမ်းပစ်ခတ်တာ၊အခုလမ်းပေါ်မှာ မဆိုင်တဲ့ဖြတ်သွားဖြတ်လာပြည်သူတချို့ကို စစ်ဆေးနေတယ်”လို့ ပြောသည်။

မိုင်းလာရောက်ရှာဖွေသည့် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရပြီးနောက် သေနတ်များဖြင့် ရမ်းသမ်းပစ်ခတ်ကာ ပြည်သူအချို့ကိုဖမ်းဆီးထားတယ်လို့ လတ်တလော သိရသည်။

မိုင်းဆွဲတိုက်ခိုက်မှုကို Department Of Information-DRPAအဖွဲ့မှ ဖောက်ခွဲလုပ်ဆောင်ခဲ့တာဖြစ်ပြီး လမ်းပေါ်စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ ကနဦးသိရှိရပါတယ်။

ချင်းတွင်းမြစ်ဝှမ်းအခြေစိုက် Department Of Information-DRPAတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးကလည်း မိုင်းနှစ်လုံးခွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား၅ဦးသေဆုံးကြောင်း မုံရွာချင်းတွင်းရိုးမသတင်းဌာနသို့ အတည်ပြုပြောဆိုသည်။

ဓာတ်ပုံ-ချင်းတွင်းရိုးမမူပိုင်

Zawgyi

မုံ႐ြာ အာဇာနည္လမ္းတြင္ မိုင္း႐ွာတပ္သားမ်ား မိုင္းဆြဲခံတိုက္ခိုက္ခံရ၊စစ္ေကာင္စီတပ္သား ၅ဦး ပြဲခ်င္းၿပီးေသဆုံး

ဇန္နဝါရီ၅၊ခ်င္းတြင္း႐ိုးမ၊မုံ႐ြာ

စစ္ကိုင္းတိုင္း၊မုံ႐ြာၿမိဳ႕ ဘုရားနီလမ္း(ခ)အာဇာနည္လမ္းတြင္ ယေန႔နံနက္၉နာရီဝန္းက်င္ခန္႔က မိုင္း႐ွာတပ္သားမ်ား လာေရာက္၍ မိုင္း႐ွာေဖြေနစဥ္အတြင္း မိုင္းဆြဲတိုက္ခိုက္ခံရတာေၾကာင့္ မိုင္း႐ွာတပ္သား၅ဦး ေနရာမွာပြဲခ်င္းၿပီးေသဆုံးသြားေၾကာင္း ေဒသခံမ်ားက မုံ႐ြာခ်င္းတြင္း႐ိုးမသတင္းဌာနသို႔ေျပာသည္။

“မိုင္းလာ႐ွာတာလို႔သိရတယ္ဗ်၊သူတို႔႐ွာေနတဲ့အခ်ိန္ ထေပါက္တာ၊စစ္ေခြး၅ဦးကေတာ့ ေနရာမွာ အိပ္ေပ်ာ္ေနတဲ့အတိုင္းပဲေသေနတာ၊အဲ့ေပါက္ကြဲၿပီးေတာ့ ေသနတ္ေတြနဲ႔ရမ္းသမ္းပစ္ခတ္တာ၊အခုလမ္းေပၚမွာ မဆိုင္တဲ့ျဖတ္သြားျဖတ္လာျပည္သူတခ်ိဳ႕ကို စစ္ေဆးေနတယ္”လို႔ ေျပာသည္။

မိုင္းလာေရာက္႐ွာေဖြသည့္ စစ္ေကာင္စီတပ္သားမ်ား တိုက္ခိုက္ခံရၿပီးေနာက္ ေသနတ္မ်ားျဖင့္ ရမ္းသမ္းပစ္ခတ္ကာ ျပည္သူအခ်ိဳ႕ကိုဖမ္းဆီးထားတယ္လို႔ လတ္တေလာ သိရသည္။

မိုင္းဆြဲတိုက္ခိုက္မႈကို Department Of Information-DRPAအဖြဲ႕မွ ေဖာက္ခြဲလုပ္ေဆာင္ခဲ့တာျဖစ္ၿပီး လမ္းေပၚစစ္ေဆးမႈေတြျပဳလုပ္ေနတယ္လို႔ ကနဦးသိ႐ွိရပါတယ္။

ခ်င္းတြင္းျမစ္ဝွမ္းအေျခစိုက္ Department Of Information-DRPAတပ္ဖြဲ႕တာဝန္႐ွိသူတစ္ဦးကလည္း မိုင္းႏွစ္လုံးခြဲတိုက္ခိုက္မႈေၾကာင့္ စစ္ေကာင္စီတပ္သား၅ဦးေသဆုံးေၾကာင္း မုံ႐ြာခ်င္းတြင္း႐ိုးမသတင္းဌာနသို႔ အတည္ျပဳေျပာဆိုသည္။

ဓာတ္ပုံ-ခ်င္းတြင္း႐ိုးမမူပိုင္

Recent Comments

No comments to show.