Local News

ရန်ကုန်၊ ရွှေပေါက်ကံ ဘောလုံးကွင်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို 40 mm ဗုံးသီးလက်နက်ဖြင့် ပစ်ခတ်ခံရ (ရုပ်/သံ)

ရန်ကုန်၊ ရွှေပေါက်ကံ ဘောလုံးကွင်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို 40 mm ဗုံးသီးလက်နက်ဖြင့် ပစ်ခတ်၊ စစ်သား ၁၀ ဦးထက်မနည်းထိခိုက်သေဆုံးနိုင်(ရုပ်/သံ အောက်တွင်ပါဝင်သည်)

ရန်ကုန်၊ ဇန်နဝါရီ ၆

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံ ဘောလုံးကွင်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို 40 mm ဗုံးသီးလက်နက်ဖြင့် ဒေသကာ ကွယ်ရေးတပ်များက ယနေ့ နံနက်အစောပိုင်းတွင်ပစ်ခတ်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်းထိခိုက်သေဆုံးနိုင်ကြောင်း ဒေသကာကွယ်ရေးတပ်က သတင်းထုတ်ပြန်သည်။

ယနေ့ နံနက် ၄နာရီ ၅၀ မိနစ်အချိန်တွင်ရွှေပေါက်ကံမြို့နယ် တောင်ငူလမ်း EPC ရုံ ဘေးကပ်ရပ်ရှိ စစ်ကောင်စီ အင်အား အယောက် ၃၀ ခန့် တပ်စွဲထားသော ဘောလုံးကွင်းအား Area 21 ၏ မိတ်ဖတ်ညီနောင်များဖြစ်သော

CGF YGN နှင့် Yangon Federal Army – YFA တို့ ပူးပေါင်းကာ M79 40 mm ဗုံးသီး ၃ လုံး ပစ်ခတ်ခဲ့ပြီး ရန်သူ့ဘက်မှ ၁၀ ယောက်ထက်မနည်း ထိခိုက်နိုင်ကာ သေဆုံး များနိုင်ပြီး ဒေသကာကွယ်ရေးတပ်များ ထိခိုက်မှု မရှိဘဲ အောင် မြင်စွာ ဆုတ်ခွာခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

အဆိုပါ Mission သည် ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ ၏ ပျံလွှာအောင် စစ်ဆင်ရေးတစိတ်တပိုင်း ဖြစ်ပြီး စစ်‌အာဏာရှင် အား အမြစ်ပြတ် သည်အထိ ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

Zawgyi

ရန္ကုန္၊ ေ႐ႊေပါက္ကံ ေဘာလုံးကြင္းတြင္ တပ္စြဲထားေသာ စစ္ေကာင္စီတပ္ကို 40 mm ဗုံးသီးလက္နက္ျဖင့္ ပစ္ခတ္၊ စစ္သား ၁၀ ဦးထက္မနည္းထိခိုက္ေသဆုံးႏိုင္(႐ုပ္/သံ)

ရန္ကုန္၊ ဇန္နဝါရီ ၆

ရန္ကုန္တိုင္း၊ ေျမာက္ဥကၠလာပၿမိဳ႕နယ္ ေ႐ႊေပါက္ကံ ေဘာလုံးကြင္းတြင္ တပ္စြဲထားေသာ စစ္ေကာင္စီတပ္ကို 40 mm ဗုံးသီးလက္နက္ျဖင့္ ေဒသကာ ကြယ္ေရးတပ္မ်ားက ယေန႔ နံနက္အေစာပိုင္းတြင္ပစ္ခတ္ရာ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၁၀ ဦးထက္မနည္းထိခိုက္ေသဆုံးႏိုင္ေၾကာင္း ေဒသကာကြယ္ေရးတပ္က သတင္းထုတ္ျပန္သည္။

ယေန႔ နံနက္ ၄နာရီ ၅၀ မိနစ္အခ်ိန္တြင္ေ႐ႊေပါက္ကံၿမိဳ႕နယ္ ေတာင္ငူလမ္း EPC ႐ုံ ေဘးကပ္ရပ္႐ွိ စစ္ေကာင္စီ အင္အား အေယာက္ ၃၀ ခန္႔ တပ္စြဲထားေသာ ေဘာလုံးကြင္းအား Area 21 ၏ မိတ္ဖတ္ညီေနာင္မ်ားျဖစ္ေသာ

CGF YGN ႏွင့္ Yangon Federal Army – YFA တို႔ ပူးေပါင္းကာ M79 40 mm ဗုံးသီး ၃ လုံး ပစ္ခတ္ခဲ့ၿပီး ရန္သူ႕ဘက္မွ ၁၀ ေယာက္ထက္မနည္း ထိခိုက္ႏိုင္ကာ ေသဆုံး မ်ားႏိုင္ၿပီး ေဒသကာကြယ္ေရးတပ္မ်ား ထိခိုက္မႈ မ႐ွိဘဲ ေအာင္ ျမင္စြာ ဆုတ္ခြာခဲ့ေၾကာင္း သတင္းထုတ္ျပန္သည္။

အဆိုပါ Mission သည္ ရန္ကုန္တိုင္းစစ္ေဒသခြဲကြပ္ကဲေရးအဖြဲ႕ ၏ ပ်ံလႊာေအာင္ စစ္ဆင္ေရးတစိတ္တပိုင္း ျဖစ္ၿပီး စစ္‌အာဏာ႐ွင္ အား အျမစ္ျပတ္ သည္အထိ ဆက္လက္တိုက္ခိုက္သြားမည္ျဖစ္ေၾကာင္း အသိေပး ထုတ္ျပန္ထားသည္။